• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, January 5, 2010

သေပြီဆရာရေ (မြေကြီး)

ဓါတ်ပုံကို မိုးမခသတင်းလွှာမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်

သေပြီဆရာရေ
(မြေကြီး)

ရင်မခုန်တဲ့သူရှိလား
ရှိတယ်ဆိုရင်
ဒီလူဟာ
သေပြီ...ဆရာရေ။

အတ္တနဲ့ရှင်သန်
ရင်ခုန်နေသူချည်းပဲ
ဘယ်သူငြင်းမလဲ
ပြောကြည့်လိုက်ပါ
မဟုတ်ခဲ့ရင်
သေပြီ..ဆရာရေ့။

ရင်ခုန်သူတိုင်း
အသက်ရှူနေတယ်
အသက်ရှူသူတိုင်း
ရင်ခုန်နေမယ်
ဒါကို..ငြင်းမလား
ငြင်းကြည့်လိုက်ပါ
မဟုတ်ခဲ့ရင်
သေပြီ..ဆရာရေ့။

မြေကြီး
Post By: myaegyi ,22 dec 2009
ကဗျာကို မြေကြီးဘလော့ဂ် ကနေကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။