• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, March 13, 2010

အကြီးအကျယ် စာလုံးပေါင်းမှားခဲ့သူ



အကြီးအကျယ် စာလုံးပေါင်းမှားခဲ့သူ
(မင်းစိုးစံ)

ကျုပ်ကိုယ်ကျုပ်…..“ဗိုလ်”ပေါ့ဗျာ။

“ဗိုလ်”ဆိုတာက
ဗလ,ငါးတန်နဲ့
အမှန်အကန်ပြည့်စုံမှ
“ဗိုလ်”လို့ သတ်မှတ်ရ,တာ။

ကျုပ်က “ဗိုလ်”သာလုပ်ချင်တာ
ဗလ,ငါးတန်ဆိုတာ
ဘာကိုဆိုလိုမှန်းသိတာမဟုတ်
ကျုပ်လုပ်ချင်သမျှ
လုပ်လို့ရ,ပြီး
“ဗိုလ်”ကျလို့ ရ,လို့ကတော့
ကျုပ်ဘဝနဲ့
ကျုပ်ရဲ့ကိုးကွယ်ယုံကြည်မှု
ဘာတခုမှဂရုမစိုက်သလို
“ဗိုလ်”ဆိုမှတကယ့်ကို
“ဗိုလ်”ဖြစ်ချင်နေတာဗျ။


ဗိုလ်လုပ်ချင်လွန်းတဲ့ကျုပ်ဟာ
မိဘသမုတ်တဲ့နာမ
“ဖါ့ဃှာ”ဆိုတာဖြုတ်
အရက်တပိုင်းထုတ်တိုက်
“ကရင်ဗိုလ်”လို့ ပြောင်းလိုက်တယ်။

“ဗိုလ်”ဆိုတဲ့နာမ်စား
ကျုပ်ဖက်တွယ်ထားလိုက်တာ
နှစ်များစွာတိုင်လာတော့
“ဗိုလ်”တော့ “ဗိုလ်”ပါပဲ
ဒါပေမယ့်
ကျုပ်ထင်နေတဲ့“ဗိုလ်”မဟုတ်ပဲ
“ကျားဗိုလ်”ဖြစ်နေတယ်။

ကျားကစားရ,တာ
ဝါသနာမပါသလို
ကျားထိုးတဲ့အခါ
ကျားကွက်ဘယ်နှစ်ကွက်ရှိမှန်းတောင်
မသိတဲ့ကျုပ်
ရုတ်တရက်လန့်သလိုဖြစ်သွား
ဘာတွေများ မှားနေပြီလဲပေါ့။

ဒီတော့မှ ကပျာကသီ
ဘေးဘီကိုကြည့်လိုက်တဲ့အခါ
ကျုပ်စာလုံးပေါင်းတာ မှားနေတယ်
ကျားဗိုလ် မဟုတ်ဘူး


ကျားဘိုဗျို့….ကျားဘို။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး