မမေ့နိုင်သောဖြစ်ရပ်များ(၂)
(မင်းစိုးစံ)
(မင်းစိုးစံ)
တစ္ဆေနဲ့ကစားတဲ့အကြောင်းပြောမယ်ဗျာ။ ယုံချင်လည်းယုံမယုံချင်လည်းသဘောပေါ့။ စာဖတ်တဲ့သူကို မခန့် လေးစားတဲ့သဘော စော်ကားတဲ့သဘောမျိုးမဟုတ်ရိုးအမှန်ပါ။ ကျုပ်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်ကိုပြောပြချင် လွန်းလို့ဖြစ်ပါတယ်။
လူဆိုတာ အသက်ငယ်ငယ်က အဖြစ်အပျက်ကို မမေ့တတ်ကြဘူးဆိုတာဟုတ်သလားတော့မသိဘူး ကရင်အ မျိုးသမီး အဆိုကျော် မီးမီးခဲက သီချင်းတပုဒ်ဆိုထားတာရှိတယ်၊ ဘာတဲ့ ရည်းစားဦးကို မြေးဦးချီတာတောင်မ မေ့ဘူးဆိုလား ဘာဆိုလား။
တစ္ဆေနဲ့ကစားတာနဲ့ မြေးဦးချီတာနဲ့ဘာဆိုင်လိုက်တာမှတ်လို့၊ ဆိုလိုချင်တာက ငယ်ငယ်ကအကြောင်းဆို ပိုပြီး အမှတ်ရနေတတ်တာကိုပါ။
ကျုပ်ပထမနှစ် အဲလေ ပထမတန်းအရွယ်တုန်းကပေါ့၊ အဲဒါ ရန်ကုန်မှာနော်၊ ရန်ကုန်သား နည်းနည်းကြွားလိုက် မယ်၊ ဗမာလိုတော့ ပီအောင်မပြောနိုင်တာအမှန်ပါ၊ ဒါပေမယ့် ဗမာတယောက်နားလည်အောင်တော့ ပြောနိုင်တဲ့ ကရင်ပါ။
ကရင်တွေဗမာလိုပြောတတ်တာရိုက်သတ်လို့တောင်မကုန်ဘူး ဆိုပြီးပြောချင်လည်းပြောကြမှာပေါ့၊ ဒါပေမယ့် ဗမာဖြစ်ပြီးဗမာလိုပြောပေမယ့် နားမလည်တဲ့အဖြစ်တခါကြုံဘူးတယ်ဗျ၊ သမီးကဗမာပါ ထိုင်းကိုရောက်နေတာ စန်ပီးရှိတော့လေ ဖါးမားလိုသိပ်မကိန်တော့ဘူး လွန်း ထန်တဲ့ဗမာခွေ သမီးတို့ဆိုင်မှာမဲ့မီ ပဲ။
တယ်ဝါ့ တခြားဆိုင်မှာ ပိုင်ဟာဟိုက် လို့ ရမယ်ထင်တယ်၊ ဖါးမားလို မဲ့ခေါက်ကျိုင်း တော့တာ ခေါ်ထွတ်နော်
တော်ပါသေးရဲ့ ကျုပ်ကလည်း ထိုင်းစကားကို နည်းနည်းပါးပါးတီးမိခေါက်မိရှိလို့ ဒါပေမယ့် သူပြောတဲ့ထိုင်းအသံ က မပီတော့ ကျုပ်လည်းတော်တော်စိတ်ကုန်သွားတယ်။
တစ္ဆေနဲ့ကစားတာနဲ့ ဗမာလိုနားမလည်တာဘာဆိုင်လို့လည်းဆိုပြီး အပြစ်မတင်ကြပါနဲ့၊ ကိုယ့်စကားလေးကိုမေ့ မသွားစေချင်တဲ့ဆန္ဒနဲ့ အခုလိုရေးပြတာပါ၊ တခြားဘာသာစကားကိုလည်း တတ်ထားဘို့လိုပါတယ်။
အဲအဲ ပထမတန်းတုန်းက အကြောင်းလေးပြောပြမယ် တူတူပုန်းတမ်းကစားတာမဟုတ်ဘူး တစ္ဆေနဲ့ကစားတာ။ ကျုပ်နေတဲ့ကျောင်းက ဗဟန်းက ဂျမားကျောင်း၊ ငါးထပ်ကြီးဘုရားနဲ့နီးတယ်၊ ကျုပ်အိမ်ကနေသွားရင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကိုဖြတ်သွားရတယ်။
တစ္ဆေနဲ့ကစားတဲ့အခါမှာ စည်းကမ်းချက်တွေရှိတယ်ဗျ။
နံပါတ်တစ်။ ။ လူသေတဲ့အချိန်အခါမျိုးနဲ့ဆုံရမယ်။
နံပါတ်နှစ်။ ။ ကစားတဲ့လူဟာ ငါးယောက်ထက်မပိုစေရဘူး။
နံပါတ်သုံး။ ။ ကစားတဲ့လူတွေတိုင်းမှာ အနာမရှိရဘူး။ ဆိုလိုတာကဗျာ ဆူးနဲ့ခြစ်မိပြီး ရင်းနေတဲ့အနာမျိုး။ ကုတ်ဖဲ့ပြီးဖြစ်တဲ့ယားနာလိုအနာမျိုး။(ဝဲစို) မရှိရဘူး။
နံပါတ်လေး။ ။ သတ်မှတ်ထားတဲ့အကြိမ်ထက်ပိုပြီး မ,ချီခြင်းမပြုရဘူး။
နံပါတ်ငါး။ ။ တကြိမ်ထက်ပိုပြီးကစားလို့မရဘူး။
အဲဒါတွေနဲ့ပြည့်စုံပြီဆိုလျင် အောက်က စာသားတွေကို အသံနက်ကြီးနဲ့ ဦးဆောင်တဲ့လူက ရွတ်ဆိုရတယ်။
စာသားက
ယမမင်းကြီးခင်ဗျား ကျွန်ုပ်တို့သည် ပျော်ရွှင်စွာ ကစားလိုပါသဖြင့် ဤလူ၏ ကိုယ်ခန္ဒာကို ပေါ့အောင်ပြုတော်မူပါ ဝူး ဟား ဟား ဟား… ဝူး ဟား ဟား ဟား….. ဝူး ဟား ဟား ဟား……။
အဲဒီလိုသုံးကြိမ် တိတိရွတ်ရတယ်။(ရေးရင်းနဲ့ကြက်သီးမွှေးညင်းတောင် ထ,လာပြီ)
အဲဒါ တယောက်က စာရေးတဲ့ခုံရှည်ပေါ်မှာ ပက်လက်အနေအထားမျိုးနေပြီး ကျန်တဲ့လေးယောက်က လက်ညှိုး နှစ်ချောင်းစီနဲ့ မ,လိုက်လျင် မယုံနိုင်လောက်အောင် အပေါ်ကိုပါလာတာတွေ့ရတယ်။
သုံးကြိမ်ထက်ပိုပြီး မ,လို့မရဘူး။ မ,လျင်ဘာဖြစ်မလဲ။ အဲဒါတော့ ကျုပ်လည်းမသိဘူး။
အဲဒီတော့ဗျာ တစ္ဆေဆိုတာ တကယ်ရှိသလား၊ မရှိဘူးလား။
ဒီကနေ့ အနောက်နိုင်ငံက လူတွေ ခေတ်မီ ကင်မရာတွေ အဆင့်မြင့်ရုပ်သံဖမ်းကရိယာတွေသုံးပြီး လိုက်ရိုက်နေကြရတာလဲဆိုတာ..........။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး