• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 5, 2010

ဠင်းတ(လဒ)ပဲနားမယ်


ဠင်းတ(လဒ)ပဲနားမယ်
(မင်းစိုးစံ)

ရိုးတံပြိုင်းပြိုင်းနဲ့သစ်ပင်
လွင်တီးပြင်မှာ
ရွက်ဝါတွေပြန့်ကျဲ
နေရဲရဲတောက်ပူ
မြူခြေမဆိုင်း
လေပူတွေရိုင်းပြ
မိုးတိမ်မမှိုင်းတဲ့အချိန်။ ။

လျှပ်စီးမလက်
မိုးကြိုးမပွက်ပေမယ့်
သူ့ဘက်က,မိုးပြေးစွေမယ်အလုပ်
ရှင်ဥပဂ္ဂုတ္ထကိုလွှတ်
မိုးတားဂါထာရွတ်ဖတ်
တဘက်သတ်ဆန်နေလို့ကတော့
မသေမချင်းမှတ်ထား
မင်းတို့စိုက်မယ့်သစ်ပင်ဖျား
ငြိမ်းချမ်းရေးငှက်မနားဘူး
ဠင်းတ(လဒ)ပဲနားမယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး