• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, July 9, 2010

မမေ့နိုင်သောဖြစ်ရပ်များ(၄)



မမေ့နိုင်သောဖြစ်ရပ်များ(၄)

(မင်းစိုးစံ)

ဒီတခါလည်း ကျုပ်ရဲ့ကိုယ်တွေ့မဟုတ်တဲ့ တွေ့ဆုံမေးမြန်းခန်းလေးကို ရေးပြချင်ပါတယ်၊ သူရဲအကြောင်းတစ္ဆေ အကြောင်းတွေ ရေးတာများတော့ တချို့ကပြောကြတယ် အဖိုးကြီးဂေါက်နေပြီလား ဘာညာဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီတပတ်တော့ သူရဲအကြောင်းခဏနားထားလိုက်မယ်။

တော်ကြာ မှော်ဆရာလိုလို၊ ပျောက်စေဆရာလိုလို စာတွေရေးလိုက်လို့ ကိုယ့်Blog ကို လာတဲ့လူတွေလန့်ဖြန့် ပြီး ညဘက်အိပ်ရေးတွေပျက် မနက်ဘက်ကျတော့ လုပ်စရာရှိတာမလုပ်နိုင်လို့ စီးပွါးတွေကျကုန်ဦးမယ်။

၁၉၉၅ခု မတ်လ အလည်ပိုင်းလောက်မှာ ကျောင်းဆရာ ကျောင်းဆရာမ မိသားစုတစု ကျုပ်အိမ်ကိုရောက်လာ တယ်ဗျ၊ တော်တော်ကလေးကို ပိန်လှီနေတာမို့ သူတို့ကို အစ,ပိုင်းမှာကျောင်းဆရာလို့ မထင်ပဲ ရိုးရိုးလက်လုပ် လက်စားသမားတွေလို့ပဲ ယူဆ,ခဲ့ပါတယ်။

အမျိုးသားဖြစ်သူက မူလတန်းကျောင်းအုပ်ဖြစ်ပြီး၊ အမျိုးသမီးကတော့ သမိုင်းအဓိက,နဲ့အောင်ထားတဲ့အလယ် တန်းပြဆရာမ,ဖြစ်ကြောင်းသိလိုက်ရပါတယ်။

ဒါနဲ့ပဲသူတို့ကို သူတို့ရဲ့ကျောင်းဆရာဘဝအကြောင်း မေးမြန်းတော့ အခုလိုစိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။ သူတို့ဟာ ငါးတိုင်ကျေးရွာကဖြစ်ဖြစ်ကြပြီး အမျိုးသားကတော့ ကျုံဒိုးနားမှာရှိတဲ့ ကျွန်းကလေးဆိုတဲ့ရွာမှာ မူလ တန်းကျောင်းအုပ်လုပ်နေပြီး သူ့ဇနီးကတော့ ကျုံဒိုးအထက်တန်းကျောင်းမှာ အလယ်တန်းပြဆရာမ,ဖြစ်ပါတယ် သူတို့ရ,တဲ့ကျောင်းဆရာလ,ခ,နဲ့မလောက်ငှတဲ့အတွက် ဘန်ကောက်ကိုသွားဘို့ အခုလိုထွက်လာကြတာဖြစ်တဲ့ အကြောင်းပြောပြပါတယ်။

တချိန်တုန်းက သစ်ပင်ဝါးပင်တွေနဲ့ သာယာစိမ်းစိုလှပ,နေတဲ့ရွာလေးတွေဟာ နဝတ ရဲ့မကောင်းတဲ့ဘက်မှာ အ ထူးတော်တဲ့လုပ်ရပ်တွေကြောင့် သစ်တောတွေပြုဉ်းတီးကုန်လို့ အတော်ကိုခြောက်သွေ့ကုန်တဲ့အကြောင်း၊ ကျုံ ဒိုး ကေါ့ကရိတ်လမ်းမ,တလျှောက်မှာရှိတဲ့ သစ်ပင်တွေခုတ်လှဲခိုင်းပြီး ရာဘာပင်စိုက်ပျိုးရေးအကောင်အထည် ဖေါ်တဲ့လုပ်ငန်းမှာ လုပ်အားပေးကြရပုံ၊ အဲဒီလမ်းတလျှောက်က ဘယ်သူ့လယ်ပဲဖြစ်ဖြစ်၊ ဘယ်သူ့ခြံပဲဖြစ်ဖြစ် အားလုံးရာဘာတွေစိုက်လိုက်တဲ့အတွက် အစိုးရ ရာဘာခြံတွေ အစိုးရပိုင် မြေတွေဖြစ်ကုန်ပါတော့တယ်။

လယ်ပိုင်ရှင်တွေ ခြံပိုင်ရှင်တွေဟာ ဘာလျှော်ကြေးမှ မရ,တဲ့အပြင် ကိုယ့်ထမင်းထုပ် ကိုယ်ထုပ်ပြီးနေ့စဉ်ရက် ဆက်လုပ်အားပေးသွားကြရပါတယ်။
ကျုပ်က ကျောင်းဆရာမ,ကို ကျောင်းဆရာလုပ်တာ ဘာရည်ရွယ်ချက်နဲ့လုပ်တာတုန်းလို့မေးတော့ သူက,အခု လိုရှင်းပြပါတယ်။

အနာဂတ်မျိုးဆက်သစ်ဆိုတာ တိုင်းပြည်အတွက်အင်မတန်လိုအပ်တာဖြစ်တာကြောင့် ကလေးတွေရဲ့ပညာရေး ဟာအလွန်အရေးကြီးတဲ့အတွက် ကိုယ်တတ်ထားတဲ့ပညာတွေ အနာဂတ်လူငယ်လေးတွေကို အိတ်သွန်ဖါ မှောက် အင်အားအပြည့် နာသုံးနာနဲ့သင်ပေးဘို့ဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်ကကျောင်းမှာပင်ပင်ပမ်းပမ်းစာသင်ပြီး ကိုယ့်အိမ်ကို ကိုယ်ပြန်ရောက်တဲ့အခါ ဆန်အိုးထဲမှာဆန် မရှိတာတို့ ဆီ၊ ဆား၊ ငါးပိ၊ငရုပ် ကြက်သွန် မရှိတဲ့အခါကျတော့ စာသင်ခန်းထဲမှာ ကလေးတွေကိုစာသင်ပေးနေ ရ,တာ အလိုလိုစိတ်ကုန်လာပါတယ်၊ အဲဒီတော့ စေတနာမပါတဲ့လုပ်ငန်းဆိုတာ အောင်မြင်မှုမရှိနိုင်သလို ကျောင်းသားတွေရဲ့ပညာအရည်အချင်းဟာ တဖြည်းဖြည်းဆုတ်ယုတ်ကျဆင်းလာပါတယ်။

ကျောင်းဆရာတွေကို လ,စာတိုးပေးတယ်ဆိုပေမယ့် ဟိုဟာဖြတ်၊ သည်ဟာဖြတ်တဲ့အပြင် ကျောင်းသားအား ကစားကြေး၊ ဆို,က,ရေး,တီး ကြေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြေး စသည်ဖြင့် မထည့်မနေရ,ဆိုတဲ့အခါကျတော့ ငရုပ်သီးနှစ်ပိဿာဘိုးလောက်ပဲ ကျန်ပါတော့တယ်။

စိတ်အနာဆုံးနဲ့ ခံရ,အခက်ဆုံး နဝတ ရဲ့ ဆောင်ပုဒ်တခုကတော့ တပြားမရှိ တပည့်မရှား ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ဆောင်ပုဒ်ဖြစ်ကြောင်းဖြည့်စွက်ပြောပြသွားပါတယ်။

ဒီတော့ ကျုပ်က သတင်းတွေထဲမှာ မကြာခဏကြားနေရ,သလို ကျောင်းဆရာတွေ မေးခွန်းရောင်းစားတယ်ဆို တာတကယ်ပဲလားလို့မေးတော့ သူက တကယ်ဟုတ်ကြောင်း ကျောင်းအုပ်ဆရာကြီးတယောက် မေးခွန်းတွေ ရောင်းစားတာကို သူကိုယ်တာသိခဲ့ရကြောင်း အကြောင်းရင်းကိုမေးသောအခါ ဆွေမကင်းမျိုးမကင်းဖြစသော ကျောင်းအုပ်ဆရာကြီးက အရွယ်မရောက်သေးသည့် သားသမီးများ စားရေးသောက်ရေးအခက်အခဲကိုဖြေရှင်း လိုက်ရခြင်းဖြစ်ကြောင်း အမှန်အတိုင်းပြောရှာပါတယ်။

နောက်ဆုံးအနေနဲ့ ကျုပ်က အခုလိုအခြေအနေကြောင့် အနာဂတ်လူငယ်တွေရဲ့ပညာရေး ရှေ့အလားအလာကို ကျောင်းဆရာတယောက်အနေနဲ့ ဘယ်လိုထင်မြင်ယူဆ,ပါသလဲလို့ မေးတော့
ဒီလိုအတိုင်းပေါ့လေ အခုလိုသာဆက်ပြီးသွားနေမယ်ဆိုလျင် အားလုံးဟာပညာရေးကိုအခြေခံတာမို့ စီးပွါးရေး ကျန်းမာရေး နိုင်ငံရေး လူမှုရေး အရေးတွေအားလုံးဟာ ကြောက်ခမန်းလိလိ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်း မှာ သေခြာကြောင်းပြောဆိုသုံးသပ်သွားပါတယ်။

ကဲဗျာ ကျုပ်ကတော့ ကျောင်းဆရာဆိုလျင် လေးစားတယ်၊ မြတ်နိုးတယ် တန်ဘိုးထားတယ်၊ အခုလိုကျောင်းဆ ရာတွေ ဘန်ကောက် က,ကြီး စ,လုံး မလေး တွေသွားပြီးတော့အလုပ်လုပ်နေကြရ,တဲ့အခါ ယနေ့လက်ရှိကျုပ် တို့နိုင်ငံတော်ရဲ့ အနာဂတ်ကို ဘယ်လိုပုံဖေါ်ရ,ပါ့မလဲဆိုတာ တွေးရင်း…….။

ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦ