• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, December 19, 2010

စက်ရုပ်စစ်သားတွေခေတ် ရောက်တော့မှာလား

စက်ရုပ်စစ်သားတွေခေတ် ရောက်တော့မှာလား
ဟိ န်း ထ က်

စစ်တပ်တွေထဲမှာ အထက်အရာရှိနဲ့လက် အောက်စစ်သားဟူ၍ ရှိသည်။ အထက်အရာ ရှိဟူသည် အမိန့်ပေးစေခိုင်းသူ၊ လက်အောက် စစ်သားဟူသည် အမိန့်ကို လိုက်နာကျင့်သုံးသူ ဟူ၍ အဓိပ္ပာယ်ထွက်သည်။ ထိုပုံစံကို နည်း နည်းပြောင်းပြီးကြည့်ရအောင်။ လက်အောက် စစ်သားတွေချည်း လွှတ်ပေးလိုက်ပြီး အ ကောင်းဆုံးဖြစ်မယ်ထင်တဲ့နည်းကို ကြံဆပြီး လုပ်ကြကွာလို့ ခိုင်းလိုက်ရရင် ဘယ်နှယ့်နေမ လဲ။ ထိုသို့သော အထက်ကအမိန့်ပေးထိန်းချုပ် ခြင်းမလုပ်လျှင် သွေးနှင့်ကိုယ်၊ သားနှင့်ကိုယ် စစ်သားများချည်းသက်သက်နဲ့တော့ မအောင် မြင်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် နေကြသည်။

စစ်သားတစ်ဦးချင်း၏ စိတ်ပိုင်းဆိုင် ရာ အရည်အသွေးသည် တစ်ယောက်နှင့်တစ် ယောက် တူမည်မဟုတ်၊ နိမ့်သူကနိမ့်နေမည်။ မြင့်သူက မြင့်နေမည်။ ထို့အတူ စစ်မြေပြင် တွင် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ် ညှိနှိုင်းနိုင်သည့် အခွင့်အရေးကလည်း နည်းနေ နိုင်သည်။ ပြီး စစ်သားတစ်ဦးချင်းစီ၏ ဥာဏ် ရည်ဥာဏ်သွေးကိုလည်း ထည့်တွက်ရဦးမည်။ သာမန်စစ်သားတစ်ဦး၏ ဥာ ဏ်ရည်ကို မည်မျှ အထိ အားကိုးလို့ရမည်ကိုလည်း ထည့်စဉ်းစား ရမည်။ အဆိုးမြင်သူများကတော့ စစ်သားများ ချည်း လွှတ်ပေးလိုက်လို့ ရည်ရွယ်ချက်တစ်ခု အထမြောက်မည်မဟုတ်ကြောင်း ပြောဆိုနေကြ သည်။ ဒါဆို လူစစ်သားတွေနေရာမှာ စက်ရုပ် စစ်သားတွေကို ခိုင်းရရင် ဘယ်လိုနေမလဲ၊ စက်ရုပ်စစ်သားတွေနဲ့ဆို အလုပ်ဖြစ်နိုင်စရာရှိ မလား။
စစ်မြေပြင်ကိစ္စ အတော်များများကို စက် ရုပ်စစ်သားတွေလက်ထဲ ထည့်ပေးလိုက်ရမှာ အန္တရာယ်ကြီးလွန်းရာများ ကျမနေဘူးလားဟု ဝေဖန်သူများက ဝေဖန်နေကြသည်။ မှန်သည်၊ အန္တရာယ်တော့ကြီးသည်။ ထို့အတွက်ကြောင့် ပင် ဗြိတိန်နိုင်ငံက သုတေသန ပညာရှင်များ သည်ALADDIN အမည်ရှိသော စက်ရုပ်နည်း ပညာ သုတေသနကိုပြုလျက်ရှိသည်။ ALADDIN၏ အရှည်မှာ (AUTONOMOUS Learning Agents for Decentralised Data and Information Networks) ဖြစ်သည်။ သတင်းအချက်အလက် များကို ကိုယ်ပိုင်အသိ ဥာ ဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ ၍ အကောင်အထည်ဖော်နိုင်သော စက်ရုပ် များဟု အဓိပ္ပာယ်ရသည်။
ထို ALADDIN (အာ လာဒင်) ပရောဂျက်ကို ဗြိတိန်ကာကွယ်ရေး လုပ်ငန်းကန်ထရိုက် BAE System၊ ဘရစ်စတို တက္ကသိုလ်၊ အော့စ်ဖို့ဒ်တက္ကသိုလ်နှင့် ဆောက် သမ်ပတန် တက္ကသိုလ်တို့ ငါးနှစ်ကြာပူးတွဲဆောင် ရွက်ခဲ့ကြခြင်း ဖြစ်သည်။ အာလာဒင် ပရော ဂျက်က စက်ရုပ်များသည် စစ်သားများနေရာ တွင်ဝင်ကာ သတင်းအချက်အလက်များ စု ဆောင်းခြင်း၊ စုဆောင်းပြီး အချက်အလက်များ ကို စက်ရုပ်တစ်ရုပ်နှင့်တစ်ရုပ် အပြန်အလှန် အလဲအလှယ်လုပ်ခြင်းများကို စွမ်းဆောင်နိုင် သည်။ ထို့နောက် သတင်းအချက်အလက်များ ကို စုပေါင်းအကဲဖြတ်ကာ အကောင်းဆုံးဖြစ် မည့် လမ်းကြောင်းကို ရွေးချယ်၍ ဆုံးဖြတ်ချက် ချကာ အကောင်အထည်ဖော်နိုင်သည်။
ယခုလောလောဆယ်တွင်တော့ အာလာ ဒင် ပရောဂျက်သမားများသည် လူ့ဇီဝိန်ကိုချွေ မည့် စစ်ပွဲကိစ္စများအတွက် သုတေသန လေး လေးနက်နက် မပြုကြသေးဘဲ လူ့အသက်ကို ကယ်မည့် ငလျင်ဘေး ကယ်ဆယ်ရေး၊ ရေဘေး ကယ်ဆယ်ရေးကိစ္စများမှာ ၄င်းတို့၏ အာလာ ဒင်နည်းပညာကို အသုံးချနိုင်ဖို့ ကြိုးပမ်းလျက် ရှိသည်။ ငလျင်ဘေး၊ ရေဘေး၊ လေဘေးကယ် ဆယ်ရေးပဲဖြစ်ဖြစ်၊ စစ်မြေပြင်တိုက်ခိုက်ရေးပဲ ဆိုဆို နည်းပညာပစ္စည်းများအတွက် မထူးခြား၊ မကွဲပြားပါ။ ကယ်ဆယ်ရေးလုပ်ငန်းများမှာပဲ ဖြစ်ဖြစ်၊ စစ်မြေပြင်မှာပဲဖြစ်ဖြစ် ရှုပ်ထွေးပုံခြင်း၊ ခက်ခဲပုံခြင်း တူတူပင်ဖြစ်သည်။
သတင်းအချက် အလက်ကို မည်သည့်အခါမျှ ပြည့်ပြည့်စုံစုံ၊ လုံ လုံလောက်လောက် မရရှိနိုင်တာချင်းလည်း တူကြသည်။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ် ငန်းများတွင် အသုံးဝင်သော အာလာဒင်ပရော ဂျက်သည် စစ်ပွဲများတွင်လည်း အသုံးဝင်လိမ့် မည်သာဖြစ်မည်။ ဗြိတိန်ကာကွယ်ရေးလုပ်ငန်း ကန်ထရိုက် BAE System သည် အာလာဒင် ပရောဂျက်က သုတေသနပြုထားချက်အချို့ကို စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် တိုက်ခိုက်ရေး စီမံခန့်ခွဲမှုကိစ္စများ တွင် ထည့်သုံးသွားဖို့ စီမံနေကြောင်း သိရ သည်။
အာလာဒင် ပရောဂျက်၏ စစ်သားများ မှာ သွေးနှင့်ကိုယ် သားနှင့်ကိုယ် လူများမဟုတ် ဘဲ မီးလောင်နေသော အဆောက်အအုံထဲမှာ လူမရှိလျှင် လူအစားအော်ပေးမည့် မီးအချက် ပေး ခေါင်းလောင်းများ၊ အရေးပေါ်ကယ်ဆယ် ရေးသမားများ ကိုင်ဆောင်သည့် ဝိုင်ယာလက် ပစ္စည်းများ၊ ရန်သူ့နယ်မြေအပေါ်ပျံသန်းပြီး သ တင်းထောက်လှမ်းမည့် မောင်းသူမဲ့လေယာဉ် များသာဖြစ်သည်။ ၄င်းတို့ဆီမှရရှိသော သတင်း အချက်အလက်များသည် အာလာဒင်ပရောဂျက် ၏ အသက်သွေးကြောများဖြစ်သည်။ ထိုသ တင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာတန် ဖိုးဖြတ်ဖို့အတွက် သုတေသနပညာရှင် ၆ဝ ကျော်သည် သီအိုရီအမျိုးမျိုးကို လက်တွေ့အသုံး ချလျှက်ရှိသည်။
အခက်အခဲ အတားအဆီးများ ကို ကျော်လွှားပြီး အကောင်းဆုံးလမ်းကြောင်း ကို ရွေးချယ်အသုံးချနိုင်စေမည့် ဂိမ်းသီအိုရီ (Game Theory) ၊ ပျောက်ဆုံးနေသော အချက်အလက် များကို ခန့်မှန်းဖြည့်သွင်းပြီး မသေချာမရေရာ မှုများကို လျှော့ချပေးမည့် ဖြစ်တန်စွမ်းရည်ခန့် မှန်းမှု သီအိုရီ၊ ဆက်သွယ်ရေးများ ပြတ်တောက် ပြတ်တောက်ဖြစ်နေစဉ်ကာလတွင် ရသမျှအ ချက်အလက်ကို အသုံးပြုကာ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်စေမည့် အကောင်းဆုံးကို ရွေးချယ်နိုင်မှု သီအိုရီစသဖြင့် သီအိုရီအမျိုးမျိုးကို အသုံးပြုလျက်ရှိသည်။ ထို့အပြင် အာလာဒင် ပရောဂျက်တွင်ပါဝင်သော စက်ပစ္စည်းအေးဂျင့် များတောင်းဆိုသော ပစ္စည်းပစ္စယများကိုလည်း တောင်းဆိုမှု အရေးပါပုံအလိုက် ခွဲဝေချထားပေး မည့်စနစ်များ ဖန်တီးထားသည်။
ဥပမာ- ငလျင်ဘေး ကယ်ဆယ်ရေးဆိုပါ စို့၊ အာလာဒင်က လွှတ်ထားသော စက်ရုပ် အေးဂျင့်များသည် လူနာတင်ကားရရှိရေးအ တွက် နေရာအမျိုးမျိုးမှနေ၍ အမျိုးမျိုးတောင်း ဆိုမှုများ ပြုလိမ့်မည်။ လူနာ၏ အခြေအနေ အရေးကြီးမှု၊ မကြီးမှုပေါ်မူတည်၍ မည်သည့် အေးဂျင်ဆီသို့ လူနာတင်ယာဉ် အရင်လွှတ်ရ မည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ လူနာတင် ယာဉ်များကို လူသားတို့၏ ခံစားချက်အစွဲများ မပါစေဘဲ သတင်းအချက်အလက်သက်သက် ဖြင့် စီမံခန့်ခွဲမည်ဖြစ်သည်။
အာလာဒင်စနစ်ကို သဘာဝဘေးကယ် ဆယ်ရေးလုပ်ငန်းများတွင်သာမက စစ်ဘက် ဆိုင်ရာ လုပ်ငန်းများတွင်ပါ ထည့်သုံးနိုင်သည်။ ယခုဆို ကြိုးမဲ့နည်းပညာဖြင့် ထိန်းချုပ်သော ပစ္စည်းပစ္စယများကို အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများတွင် စတင်အသုံးချနေပြီ။ လက်ထဲ ကိုင်သွားလို့ရသော ဆက်သွယ်ရေးပစ္စည်းလေး များမှသည် မောင်းသူမဲ့လေယာဉ်များအထိ မျိုးစုံအောင်ပါသည်။
ထိုပစ္စည်းများက ယခုနှစ် အတွင်း မှတ်တမ်းတင်ပေးထားသော ဗီဒီယို ပမာဏမှာ များပြားလွန်းသဖြင့် လူတစ်ယောက် ထိုင်ကြည့်မည်ဆို နှစ်ပေါင်းလေးဆယ် ဆက် တိုက် မထတမ်းထိုင်ကြည့်မှ ပြီးလိမ့်မည်။ နောက် နှစ်ဆို ယခုထက်ပင် ဗီဒီယိုပမာဏ ပိုများလိမ့် ဦးမည်။ အမေရိကန်သည် မောင်းသူမဲ့လေယာဉ် များဖြင့် ထောက်လှမ်းရေးလုပ်ငန်းများ ဆောင် ရွက်သွားဖို့ရှိသည်။ မောင်းသူမဲ့လေယာဉ်များ မှ ရိုက်ကူးထားသော ဓာတ်ပုံများကို တွဲစပ် ကာ ဗီဒီယိုတွေဖြစ်အောင် ဖန်တီးမည်။ ထိုအ ခါ မြို့တစ်မြို့ဆို ထိုမြို့မှာရှိသမျှ ကားပဲဖြစ်ဖြစ်၊ အိမ်ပဲဖြစ်ဖြစ် ကြည့်ချင်သလို အကြီးချဲ့ပြီး ကြည့် နိုင်မည်။ ထောက်လှမ်းရေးလုပ်ဖို့ အလွန်လွယ် ကူသွားလိမ့်မည်။
မောင်းသူမဲ့လေယာဉ်များမှရသော သတင်း အချက်အလက်များအပြင် မြေပြင်စောင့်ကြည့် ရေး ကင်မရာများမှရသော ဓာတ်ပုံများ၊ စစ် သုံးယာဉ်များမှ ရိုက်ယူထားသော ဓာတ်ပုံများ၊ စစ်သားများ၏ဦးထုပ်တွင် တပ်ဆင်ထားသော ကင်မရာများမှ အလိုအလျောက် ရိုက်ယူထား သော ဓာတ်ပုံများကိုလည်း အသုံးချနိုင်သည်။ ထိုဟာတွေအပြင် ရေဒါများ၊ ဂြိုဟ်များမှ လည်း သတင်းအချက်အလက်များ ရယူသုံးစွဲ နိုင်သေးသည်။ ထို့ကြောင့်ပင် အမေရိကန်ဗိုလ် ချုပ်တစ်ဦးက အမေရိကန်စစ်တပ်များသည် ရှေ့ လာမည့်နှစ်များ၌ အာရုံခံကိရိယာများကြားမှာ ရေကူးပြီး၊ သတင်းအချက်အလက်တွေထဲမှာ နစ် မြုပ်ရမယ့်ကိန်းဖြစ်နေပါတယ်ဟု အရွှန်းဖောက် ခြင်းဖြစ်သည်။
မှန်သည်၊ လူသားများဖြင့် ဖွဲ့စည်းထား သော ထိုစစ်တပ်များ သတင်းအချက်အလက် ပင်လယ်ထဲ နစ်မြုပ်တော့မည်။ ထိုအရေးကို အကာအကွယ်ပေးနိုင်မည်မှာ အာလာဒင်စနစ် ကဲ့သို့သော သတင်းအချက်အလက်များကို အ လိုအလျောက် စီမံခန့်ခွဲပေးသော စနစ်များဖြစ် သည်။ ဗြိတိန်ကာကွယ်ရေးလုပ်နင်း ကန်ထရိုက် ကုမ္ပဏီ BAE System သည် ထိုသို့ လူသားနှင့် စက်ပစ္စည်းများ လက်တွဲပြီးလုပ်နိုင်မည့် နည်း ပညာများကို စမ်းသပ်လျက်ရှိသည်။ ဥပမာ မောင်းသူမဲ့လေယာဉ်များနှင့် လူမောင်းသော တိုက်လေယာဉ်များ အတူတကွ စစ်ဆင်ရေး လုပ်ခြင်းမျိုး၊ ထောက်လှမ်းရေးလုပ်ခြင်းမျိုးဖြစ် သည်။
နည်းပညာများ အလွန်အမင်း တိုးတက် လာပြီး လူတွေကို စက်တွေက လွှမ်းမိုးသွား မလား စိုးရိမ်သူများလည်း ရှိနေပါသည်။ မှန် သည်၊ စက်ပစ္စည်းတွေကို ၄င်းတို့ဘာသာ ရာ ခိုင်နှုန်းပြည့် ဆုံးဖြတ်လုပ်ဆောင်ပိုင်ခွင့်ပေးလို့ မဖြစ်နိုင်သေး။ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် ကို လူက ပေးရလိမ့်မည်။ ဥပမာ- စစ်မြေပြင် တွင်ဆိုပါစို့၊ ရန်သူ့ကားတန်းကြီးဟု ထောက်လှမ်း မိသည်ဆို ထောက်လှမ်းရေးကိရိယာများက အလိုလိုဆုံးဖြတ်ပြီး လေယာဉ်တွေခေါ်ကာ ဗုံး ကြဲတိုက်ခိုက်စေတာမျိုးထိ လွတ်လပ်ခွင့်ပေး မထားသင့်။ ရန်သူ့ယာဉ်တန်းမှန်း သေချာ အောင် လူကကြည့်ပြီးမှ ဗုံးကြဲတိုက်ခိုက်ခိုင်း သည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို လူကချပေး ရမည်ဖြစ်သည်။
စက်ပစ္စည်းများအပေါ် အလွန်အမင်းမှီခို လာခြင်းသည် ကောင်း၏လော၊ ဆိုး၏လော ဟူသော မေးခွန်းများ ထွက်လာသည်။ စိုးရိမ် သောကတွေများ၊ ဖိစီးမှုတွေ သိပ်များသော တိုက်ပွဲများတွင် သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်သော အရာရှိများထက် စက်ရုပ်များက တည်တည်ငြိမ်ငြိမ်နှင့် အမှားကင်းအောင် ဆုံး ဖြတ်နိုင်စရာရှိသည်။ စက်ရုပ်စစ်တပ်တွေခေတ် သည် မကြာမတင်မှာ ရောက်လာဖို့ရှိနေပြီ။

Ref: Artificial Intelligence
(The Economist)
ဟိန်းထက်
http://www.ecovisionjournal.com