• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 23, 2011

ဇာတာ ငါးခု

၊မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များအသင်း

အထွေထွေအတွင်းရေးမှူး


ဆရာဇေယျာမိုး(ဝေဒဗိမာန်)နှင့်

တွေ့ဆုံခြင်း


မေး- ဆရာတို့ ဗေဒင်ပညာရှင်တွေ အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို မွေးလာမယ့် ရင်သွေးတွေအတွက် အနာဂတ်ကောင်းတွေရရှိအောင် ခွဲစိတ်မွေးဖွားဖို့ နေ့ရက်တွေရွေးချယ် ပေးနေရတယ်လို့သိရပါတယ်။ ဘယ် လိုပုံစံမျိုး ရွေးချယ်ပေးနေလဲဆိုတာ သိချင်ပါတယ်။

ဖြေ - ဟုတ်ပါတယ်။ ဒါကြောင့်လည်း ဗေဒင်ပညာရှင်တွေအနေနဲ့ မိဘတွေဖြစ်စေချင်တဲ့ ကလေးရဲ့ အနာဂတ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးရရှိအောင်လို့ ခွဲစိတ်မွေးဖွားရက် နဲ့အချိန်တွေ ရွေးချယ်ပေးနေပါတယ်။

မေး - လူတစ်ယောက်ရဲ့ ကံကြမ္မာ ကို ပြုပြင်ဖန်တီးလို့ ရတယ်ဆိုတာ ဘယ်အတိုင်းအတာအထိ မှန်နိုင်ပါသလဲ။

ဖြေ - အတိတ်ဘ၀က ပြုခဲ့တဲ့ ကံ ကို ပြုပြင်လို့မရပေမယ့် လက်ရှိ ကြမ္မာကိုတော့ ပြုပြင်ဖန်တီးလို့ ရတယ်ဆိုတဲ့ အကြောင်းသာဓက တစ်ခု ပြောပြပါမယ်။ တစ်နေ့မှာ မြတ်စွာဘုရားက လူတစ်ယောက်ရဲ့ သက်တမ်းကို ကြည့်လိုက်တဲ့အခါ သူဟာ မကြာမီမှာ သေဆုံးတော့မှာ ဖြစ်ပြီး သူဟာ ကွင်းလင်းပြင်ကြီး တစ်ခုမှာ ကျက်စားရတဲ့ မျောက်ဘ၀ကို ရောက်မယ်ဆိုတာသိတဲ့ အတွက် သတိပေးလိုက်ပါတယ်။ ဒါနဲ့ အဲဒီလူက သူမျောက်ဘ၀ရောက်တဲ့ အခါ အနေအစား မဆင်းရဲစေဖို့ သူကျက်စားနေထိုင်ရမယ်ဆိုတဲ့ ကွင်း လင်းပြင်ကြီးမှာ ငှက်ပျောသီးပင်တွေ အုန်းသီးပင်တွေနဲ့ သီးပင်စားပင် အမျိုးမျိုးကိုစိုက်၊ အရိပ်ရပြီး နေထိုင်စရာ ဇရပ်တွေကိုလည်း နေရာအနှံ့မှာ ဆောက်ပြီးတော့ ရေသောက်ဖို့အတွက်လည်း စမ်းချောင်းလေးတွေ လုပ်ပါ တယ်။ ပြီးတော့ အနားယူအပန်းဖြေ ဖို့အတွက် စမ်းချောင်းလေးတွေပေါ် မှာ တံတားတွေထိုးပါတယ်။ ဒါပေမယ့် ဘုရားဗျာဒိတ် ပေးထားတဲ့ ရက် ရောက်တဲ့တိုင်မသေဘဲ အသက်ရှည် ကျန်းမာနေတဲ့အတွက် ဘုရားကခေါ် မေးတဲ့အခါ သူလုပ်ခဲ့တဲ့လုပ်ငန်းတွေအကြောင်း မြတ်စွာဘုရားကို လျှောက်ထားတဲ့အခါ ကုသိုလ်ကောင်းမှုတွေ ဆက်ပေးတာကြောင့် အသက်ဘေးကနေ လွတ်မြောက် လာရတယ်ဆိုတဲ့အကြောင်း၊ ကံကို ပြုပြင်လို့ မရပေမယ့် ကြမ္မာကိုတော့ ဖန်တီးလို့ ရတယ်ဆိုတဲ့အကြောင်း ကို ဟောကြားခဲ့ပါတယ်။

မေး - ဗေဒင် ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြီး ဘယ်လိုဇာတာမျိုးတွေ ရွေးချယ်ပေးနိုင်ပါသလဲ။

ဖြေ - ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင် တနင်္လာဂြိုဟ်အားကောင်းတဲ့ အချိန်ဆိုရင် အောင်မြင်ကျော်ကြား ချမ်းသာတဲ့ကံဇာတာ၊ အင်္ဂါဂြိုဟ် အားကောင်းတဲ့အချိန်ဆိုရင် သြဇာ အာဏာရရှိနိုင်တဲ့ ကံဇာတာ၊ ဗုဒ္ဓဟူး ဂြိုဟ်အားကောင်းတဲ့ အချိန်ဆိုရင် ဥာဏ်ပညာထက်မြက်တဲ့ ကံဇာတာ၊ ကြာသပတေးဂြိုဟ် အားကောင်းတဲ့ အချိန်မှာမွေးရင် သီလ၊ သမာဓိ၊ သိက္ခာရှိတဲ့ ကံဇာတာ၊ သောကြာဂြိုဟ် အားကောင်းတဲ့အချိန် မွေးရင် လောကီစည်းစိမ် ဥစ္စာဓနပေါများတဲ့ ကံဇာတာ၊ စနေဂြိုဟ် အားကောင်းတဲ့ အချိန်မှာမွေးရင် အလှူဒါနထက်သန် တဲ့ကံဇာတာ၊ တနင်္ဂနွေဂြိုဟ် အားကောင်းတဲ့ အချိန်မွေးရင် အုပ်ချုပ်စီမံမှု အားကောင်းတဲ့ ကံဇာတာတွေ ရပါတယ်။

မေး - ဆရာတို့အနေနဲ့ ခွဲစိတ်မွေးဖွား ဖို့ ရက်ရွေးတဲ့အခါ ရှောင်တဲ့အချက် အလက်တွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ - ရှောင်ကြဉ်မှုတွေကတော့ နေကြတ်လကြတ် ဖြစ်တဲ့ရက်၊ မရဏ၊ ဘင်္ဂ၊ ပုတိ ကျတဲ့ရက်တွေ အချိန် တွေ၊ မကောင်းတဲ့ ပါပဂြိုဟ်ရှိတဲ့ အချိန်တွေ၊ အမှောင်အားကြီးတဲ့ ရာဟု ကြီးစိုးတဲ့အချိန်တွေနဲ့ ပြဿဒါးနေ့ ရက်နဲ့အချိန်တွေကို အထူးရှောင်ကြဉ်ပါတယ်။

မေး - တချို့ကိုယ်ဝန်ဆောင်မိခင်တွေ ရွေးချယ်ထားတဲ့ ခွဲစိတ်မွေးဖွား ရက်မတိုင်မီ စောမွေးသွားတာတို့၊ နောက်ကျမွေးတာတို့တွေ ရှိနေတာကိုလည်း တွေ့နေရပါတယ်။ အဲဒါမျိုးတွေက ဘာကြောင့်ဖြစ်ရတာလဲ။

ဖြေ - အဲဒါမျိုးတွေကတော့ ဗေဒင်ပညာရှင်ရဲ့ ကျွမ်းကျင်မှုပေါ်မှာ အများကြီး သက်ဆိုင်တာလည်း ပါသလို မွေးဖွားလာမယ့်က လေးရဲ့ ကြမ္မာဟာ ပြုပြင်ဖန်တီးလို့မရတဲ့ကံ ပါလာတာပဲလို့ သဘောထားရပါမယ်။ ကြမ္မာကိုတော့ ဖန်တီးလို့ရပေမယ့် ကံကိုတော့ ပြုပြင်ဖန်တီးလို့မှ မရတာပဲကို။

မေး - တကယ်တမ်းမွေးရမယ့် အချိန်ထက်စောပြီးတော့ ခွဲစိတ်မွေးဖွားမယ်ဆိုရင် ဆေးပညာအရ မွေးလာတဲ့ ကလေးမှာ လုံလောက်တဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမရှိသေးတာတို့၊ မိခင်နေနဲ့လည်း ကျန်းမာရေး မကောင်းတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး မိခင်ရောကလေးပါ ထိခိုက်မှု မရှိအောင် ဆရာတို့အနေနဲ့ ဘယ်လိုပုံစံမျိုးတွေ လုပ်ဆောင်ပေးနိုင် ပါသလဲ။

ဖြေ - ကျွန်တော်တို့အနေနဲ့က ဆရာဝန်ညွှန်ကြားထားတဲ့ မွေးရက် (Due Date) ရရှိပြီးတဲ့ အချိန်ရတော့မှပဲ ခွဲစိတ်မွေးဖွားမယ့်ရက်ကို ရွေးချယ်ပေးပါတယ်။ ဆရာဝန် ညွှန်ကြားထားတဲ့ မွေးရက်ကို ကြည့်ပြီးတော့မှ ခွဲစိတ်မွေးဖွားဖို့ တွက်ချက်ပြီး သတ်မှတ်ပေးမှာဖြစ်ပါတယ်။ ဗေဒင်ပညာရပ်နဲ့ မွေးဖွားမယ့်ရက်ကို ကြိုပြီးတော့လည်း သိရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း မစောင့်နိုင်တော့ လို့ မွေးဖွားတော့မယ်ဆိုရင်လည်း ရင်သွေးရဲ့အနာဂတ်ဇာတာကောင်း လေးတွေရအောင် အကောင်းဆုံးဇာတာ၊ ဒုတိယအကောင်းဆုံးဇာတာနဲ့ တတိယ အကောင်းဆုံး ဇာတာဆိုပြီး အနည်းဆုံးဇာတာ ငါးခုလောက် ရွေးပေးထားပါတယ်။

မေး - ဒီလိုရွေးချယ်မှုတွေကနေ မွေးဖွားလာတဲ့ ကလေးရဲ့ရလဒ်တွေကရော ဘယ်လောက်ရာခိုင်နှုန်း အထိ မှန်ကန်နိုင်ပါသလဲ။ သုတေသနပြုထားတာရော ရှိပါသလား။

ဖြေ - သုတေသန ပြုထားတာတွေ ရှိပါတယ်။ လက်တွေ့သုတေသန ပြုချက်တွေအရ ၈၀ ရာခိုင်နှုန်း မှန်ကန်မှုရှိတယ်လို့ အာမခံ ပြောကြားနိုင်ပါတယ်။



mon min 2011-06-23
အင်း...သမိန်ပေါသွပ်ပြောသလို အာတ္တပနဗေဒင်ဟာအာ တဲ့နေရာမှာအတတ်ချည့်ဟောလွန်းလို့ ကွယ်ထားခဲ့ရတယ် ကွဲ့တဲ့။
ဗိုလ်ချုပ်အောင် ဆန်းပြောခဲ့တာကကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး။ဗေဒင် ဆရာလာဖန်တီးပေးတာမဟုတ်ဘူး။
ဒီဗေဒင်ဆရာကခေတ် နဲ့အညီလုပ်စားတယ်ပဲမြင်တယ်။ ကိုယ်လိုချင်တဲ့ ရက်မှာကလေးကိုဗိုက်ခွဲမွေးလာနို င်နေတဲ့ခေတ်ကြီး မှာ
ဟောစရာအကွက်အသစ် ထွင်တယ်လို့ပဲမြ င်တယ်။သူ့စားပေါ က်ကမချောင်တော့ဘူးလေ။


© Eleven Media Group. All rights reserved