• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 23, 2011

မြို့မကျောင်းလမ်းမှာ ကျင်းပခဲ့တဲ့ ဂီတပွဲတော်

ပရိသတ်အကြိုက် တေးသံရှင် (၁၂)ဦး

ပါဝင်ဖျော်ဖြေခဲ့သည့်

Moonsoon Concert ဖျော်ဖြေပွဲ

Thursday, 23 June 2011

မိုး လေတွေထဲကျင်းပမယ့်ပွဲမို့ ပရိသတ် လာမှလာပါ့မလား စီစဉ်သူတွေက စိုးရိမ်ခဲ့ပေမယ့် လက်ရှိဂီတနယ်ပယ် က သရဖူတွေရဲ့သီဆိုပွဲကတော့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ထိုပွဲက Moonsoon Concert ဖြစ်ပြီး စနေမိုးစွေတဲ့ ဇွန်လ ၁၈ ရက်နေ့ရဲ့ ညနေ ၆ နာရီခွဲကနေ ည ၁၂ အထိ မြို့မကျောင်းလမ်းမှာ ကျင်းပခဲ့တဲ့ ဂီတပွဲတော်ဖြစ်ပါတယ်။

၁၃ နှစ်ကျော်ကြာမှ ဒုတိယ အကြိမ်မြောက် ယင်းနေရာမှာ ပြန်လည်တီးခွင့်ရခဲ့တဲ့ Metal Zone ရဲ့ လက်သံတွေနဲ့အတူ ဟန်ထွန်း၊ ချမ်းချမ်း၊ မိုးမိုး၊ အေသင်ချိုဆွေ၊ လင်း လင်း၊ Lဆိုင်းဇီ၊ ရေဗက္က၀င်း၊ နောနော်၊ ထွန်းအိန္ဒြာဗို၊ Rဇာနည်နှင့် ဖြူဖြူကျော်သိန်းတို့က ထိုပွဲကို နှစ်ကျော့စီပြန်လည်သီဆိုကာ ပရိသတ် တွေ၏ အားရကျေနပ်မှု၊ ကြည့်ရတာ တန်တယ်ဆိုတဲ့ အတွေးတွေ ယူဆောင်ပေးနိုင်ခဲ့တဲ့ ဂီတပွဲတော်ဖြစ်ပါတယ်။

“တစ်ဦးကို သီချင်းခြောက်ပုဒ် စီဆိုတယ်။ မခိုင်(ထွန်းအိန္ဒြာဗို)နဲ့ ဖြူဖြူကျော်သိန်းကတော့ တစ်ဦးချင်း ငါးပုဒ်နဲ့ နှစ်ယောက်တွဲ တစ်ပုဒ်ဆိုတယ်။ Arrangement အပိုင်းတွေကို လည်း တချို့သီချင်းမှာ အပြောင်းအလဲ လုပ်ထားတာမျိုးတွေ ရှိပါတယ်။ ထူးခြားတာက ဒီပွဲမှာကြိုမပြောထားဘဲ စိုင်းစိုင်းကလည်း မိုးမိုးနဲ့အတူ သီချင်းနှစ်ပုဒ်ကို ပါဝင်သီဆိုခဲ့တာပဲ”ဟု Metal Zone မှ ကိုဇော်လတ်က ပြောပြခဲ့ပါတယ်။

ယင်းဖျော်ဖြေပွဲကို တော်ဝင် မိသားစုမှ စီစဉ်ကျင်းပတာဖြစ်ပြီး ဦးပီးပေါ်မှ တာဝန်ယူဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။

© Eleven Media Group. All rights reserved.