• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 5, 2011

တံတားဖွင့်ပွဲ

Mae Sot municipal workers paint footpaths and a fence on a bridge near Tak’s Mae Sot border checkpoint. Burma’s Myawaddy border checkpoint, which is opposite, reopens today after a year. ASSAWIN PAKKAWAN

မြ၀တီ-မဲဆောက်တံတား ပြန်ဖွင့်

By ဗွီအိုအေ (မြန်မာဌာန)

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံကြား ဆက်သွယ်ထားတဲ့ မဲဆောက်တံတားကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။ ဒီတံတားကို ပိတ်ထားခဲ့တာက တစ်နှစ်ကျော်ကြာသွားခဲ့ပြီ ဖြစ်ပါတယ်။
 မဲဆောက်တံတား ပိတ်ထားချိန်အတွင်း မြန်မာနိုင်ငံကို နယ်စပ်ကနေ ကုန်တင်ပို့ရာမှာ တချို့ကုန်တွေဟာ ရနောင်းကတဆင့် သွားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ရနောင်းမြို့ ရဲ့ စီးပွားရေးဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကနေ ဘတ် သန်းပေါင်း ၂ သောင်း အကျိုးဖြစ်ထွန်းခဲ့တယ်လို့ ရနောင်း ကုန်သည်များအသင်း ဥက္ကဋ္ဌ Naruemol Khoraphum က ဘန်ကောက်ပို့စ် သတင်းစာကြီးကို ပြောပါတယ်။

မဲဆောက်တံတား ပြန်ဖွင့်မှာဖြစ်တဲ့အတွက် မဲဆောက်ကုန်သည်တွေက ၀မ်းသာနေကြကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ ရနောင်းမြို့ က ထိုင်းကုန်သည်တွေကတော့ သူတို့ လုပ်ငန်းတွေ ကျသွားမှာကို စိုးရိမ်နေကြတာပါ။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် 
http://www.voanews.com/burmese/news/Thai-Burma-border-12-04-11-134999808.html





Source Photo from 
http://www.bbcburmese.com/images