ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင် Tom Cruise
Source Photo from http://www.google.com/images
MI4 ဇတ်ကားဖြင့် အိန္ဒိယကိုရောက်နေသူ
Tom Cruise
5 Dec, 2011နယူးဒေလီ ။ ။ ဟောလီးဝုဒ်ရုပ်ရှင်လောကမှ စူပါစတား သရုပ်ဆောင်တစ်ဦးဖြစ်သူ Tom Cruise မှာလွန်ခဲ့သည့် စနေနေ့က အိန္ဒိယနိုင်ငံသို့ ၎င်း၏ MI4 ရုပ်ရှင်ဇတ်ကား အရောင်းမြှင့်တင်ရေးအတွက် ရောက် ရှိလာခဲ့ကြောင်း သိရသည်။
ယခုဇတ်ကားအတွက် ကမ္ဘာအနှံ့သို့ ခရီးလှည့်လည် အရောင်းမြှင့်တင်ရေး လုပ်ဆောင်နေသူ Tom မှာ နယူးဒေလီမြို့တွင် သတင်းသမားများသို့ ပြောခဲ့ရာ၌ ၎င်းအနေဖြင့် အိန္ဒိယသို့ ရောက်လာရသည့် အတွက် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ သရုပ်ဆောင် Anil Kapoor
Source Photo from http://www.google.com/images
Mission: Impossible - Ghost Protocol ဟုအမည်ရသည့် အဆိုပါဇတ်ကားသစ်တွင် အိန္ဒိယနိုင်ငံမှသရုပ်ဆောင်
ဖြစ်သူ Anil Kapoor လည်း တွဲဖက်ပါဝင်သရုပ်ဆောင်ထားကာ ယခုလို Tom ၏ လာရောက်မှုအတွက် ၎င်းကိုယ်တိုင်
Taj Mahal သို့လိုက်ပို့ခဲ့ကြောင်းလည်း သိရသည်။
ယခုဇတ်ကားမှာ Tom ၏ Mission impossible ဇတ်လမ်း၏ လေးခုမြောက် ဇတ်လမ်းလည်းဖြစ်ကာ ယခင်ဇတ်ကား များကို ပြသမှုဖြင့် ကမ္ဘာအနှံ့မှ ဒေါ်လာ ၂ ဘီလီယံ အထိ ဝင်ငွေရရှိခဲ့ပြီး ဖြစ်သည်။
Actors Tom Cruise (R) and Anil Kapoor pose at the Taj Mahal in the northern Indian city of Agra at the weekend. Cruise is in India to promote his latest movie 'Mission: Impossible - Ghost Protocol'. REUTERS/Brijesh Singh
Source Photo from http://www.odt.co.nz
MI4မှ ဇာတ်ဝင်ခန်းတခန်း








