• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 7, 2011

Citigroup မှအလုပ်သမား ၄၅၀၀ လျှော့ချ

အမှုဆောင်ချုပ် Vikram Pandit 
Source Photo from http://www.google.com/images

Citigroup မှအလုပ်သမား ၄၅၀၀ လျှော့ချ 

7 Dec, 2011

ဘဏ်လုပ်ငန်းများစွာ လုပ်ကိုင်နေသည့် Citigroup မှာ ကမ္ဘာအနှံ့မှ အလုပ်သမားပေါင်း ၄၅၀၀ ကို အလုပ်မှလျှော့ချသွား မည် ဖြစ်ကြောင်း အမှုဆောင်ချုပ် Vikram Pandit မှအင်္ဂါနေ့က ပြောကြားလိုက်ကာ အလုပ်သမားများ လျှော့ချ သည့် နောက်ဆုံးသော ဘဏ်တစ်ခု ဖြစ်လာပြီဖြစ်သည်။

Goldman Sachs Financial Services ကွန်ဖရင့်တွင် Pandit မှယခုလို ပြောကြားခဲ့ခြင်း ဖြစ်ကာ ဘဏ်အနေဖြင့် စံချိန်တင် သုံးလာတာ ကာလအဖြစ် ဒေါ်လာ သန်း၄၀၀ အထိ ကုန်ကျခဲ့သဖြင့် အသုံးစရိတ် ထေမိစေရန် ယခုလို အလုပ်သမား လျှော့ချရခြင်းလည်း ဖြစ်ကြောင်း သိရသည်။
 အလုပ်သမား လျှော့ချခြင်းကိုလာမည့် သုံးလပတ်ကာလ များအတွင်းတွင် အပြီးသတ်လျှော့ချမည် ဖြစ်ကြောင်းလည်း Pandit မှပြော သည်။

ယခုလိုလျော့ချရခြင်းမှာ ကမ္ဘာ့စီးပွားရေး နှေးကွေးလာမှုနှင့် အတူဘဏ်များအကြား အလုပ်သမားလျှော့ချရေး မူဝါဒများကို ကျင့်သုံး လာခြင်း၏ နောက်ဆက်တွဲ လုပ်ရပ်များလည်း ဖြစ်ကြောင်းသိရသည်။ ယခုလ အစောပိုင်းကလည်း Citi Bank ၏ ပြိုင်ဘက် တစ်ဦး ဖြစ်သော Bank of America မှအလုပ်အကိုင် ၃၀၀၀၀ ကိုလျှော့ချပြီးနောက် နောက်ဆက်တွဲအဖြစ် Citigroup မှ ယခုလို ပြုမူ ခဲ့ခြင်းလည်းဖြစ်သည်။

source : Reuters

Credit http://www.mrtv4.net.mm