• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 7, 2011

Facebook အမှုဆောင်ချုပ်၏ ပုဂ္ဂလိက,ဓါတ်ပုံများ ပြင်ပ,သို့ပေါက်ကြား

Mark Zuckerberg and girlfriend Priscilla Chan in their kitchen. Picture: Courtesy of Imgur / Facebook 
Source Photo from http://www.heraldsun.com.au 

Facebook အမှုဆောင်ချုပ်၏ ပုဂ္ဂလိက,ဓါတ်ပုံများ

ပြင်ပ,သို့ ပေါက်ကြား 

7 Dec, 2011

ကမ္ဘာ့အကြီးဆုံး လူမှုရေးဝက်ဆိုက်တစ်ခု ဖြစ်သည့် Facebook ၏ လုံခြုံရေး ကိစ္စရပ်များမှာ မေးခွန်း ထုတ်စရာ ဖြစ်လာရပြန်ပြီ ဖြစ်သည်။ ကုမ္ပဏီ၏ အမှုဆောင်ချုပ်ဖြစ်သူ Mark Zuckerberg ၏ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံများ မှာ အွန်လိုင်းတွင် ပေါ်ထွက်လာပြီးနောက် ယင်းကိစ္စကို ပြင်ဆင်ရန်အတွက် အဖွဲ့ဝင်များမှ သတိပေး ချက် ထုတ်ပြန်ပေးခဲ့ရကြောင်း သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က အွန်လိုင်းဖိုရမ်တစ်ခု ဖြစ်သည့် Bodybulding.com တွင်အမည်မသိ သူစာရေးသူ တစ်ဦး မှ ဖော်ပြ ခဲ့ရာတွင် Facebook အဖွဲ့ဝင်များ အနေဖြင့် အခြားသော အဖွဲ့ဝင်များ၏ private အနေဖြင့်တင်ထားသည့် ဓါတ်ပုံများကို မည်သို့ဝင်ကြည့်နိုင်သည် ဆိုသည့် လုပ်ဆောင်ချက်ကို တစ်ဆင့်ချင်း ရေးသားထားသည့် ညွန်ကြားချက်တစ်ရပ်ကို တင်ထားခဲ့ကြောင်း သိရသည်။

ယင်းစနစ်အရ အသုံပြုသူများ၏ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံများနှင့် မလိုလားအပ်သော ပုံများကို Facebook ဆိုက် တွင် ဖော်ထုတ်နို င်မည့် ပြဿနာကို ဖြစ်စေနိုင်ကြောင်း သိရသည်။ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဘလော့ရေးသားသူ တစ်ဦးမှ အင်္ဂါနေ့က အဆိုပါ လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်ကို သတင်းပေးလိုက်ပြီး Auckerberg ၏ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံများဖြစ်သော စားဖိုဆောင် တွင် ချက်ပြုတ်နေပုံနှင့် ဟယ်လိုဝင်းနေ့တွင် ကလေးများအား သကြားလုံးများဝေနေပုံ တို့ကို ပြသခဲ့ကြောင်းသိရသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သည့်နေ့အထိ ဆက်လက်ကြည့်ရှု့နေနိုင်သည်ကို မသိရှိရသော်လည်း ကမ္ဘာအနှံ့ အသုံးပြုသူ သန်း ၈၀၀ ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကိစ္စရပ်များအတွက် စိုးရိမ်စရာဖြစ်ရပ်တစ်ခုကို ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။

ယခုလို ဖြစ်ရပ် အတွက် Facebook တာဝန်ရှိသူတစ်ဦးမှ ပြောရာ၌ ၎င်းတို့၏ code ပြောင်းလဲမှုတွင် ဖြစ်ပေါ်ခဲ့သည့် ခဏတာ လုံခြုံရေး ကျိုးပေါက်မှု တစ်ခုသာ ဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုသာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ Bug ကို တွေ့ရှိခဲ့သဖြင့်ချက်ချင်းပင် ယင်းစနစ်ကို ရပ်ဆိုင်းခဲ့ပြီး ပြန်လည် ပြုပြင်ခဲ့ကြောင်းလည်း Facebook ပြောရေးဆိုခွင့် ရှိသူမှ ပြောကြား ခဲ့သည်။

source : the wall street journal

Credit http://www.mrtv4.net.mm