• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 5, 2011

ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင် Johnny Depp ၏ကိုယ်ရံတော် မသန်စွမ်းသူကို စော်ကားမှုဖြင့် စွဲချက်တင်ခံရ

ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် Johnny Depp 
Source Photo from http://www.google.com/images 

Johnny Depp ၏ ကိုယ်ရံတော် 

မသန်စွမ်းသူကိုစော်ကားမှုဖြင့် စွဲချက်တင်ခံရ 

5 Dec, 2011

ဟောလီးဝုဒ်မှ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ Johnny Depp ငှားရမ်းထားသည့် ကိုယ်ရံတော်၏ တိုက်ခိုက်မှုကြောင့် မသန်စွမ်းသူ အမျိုးသမီးကြီးတစ်ဦးမှာ ဆေးရုံတွင် စစ်ဆေးမှုခံယူခဲ့ရကြောင်း အဆိုပါ
အမျိုးသမီး၏ တိုင်ကြားချက်ကို ရဲစခန်းမှရရှိသည့် သတင်းဖြင့် TMZ သတင်းတွင် ကိုးကားဖော်ပြခဲ့သည်။

ဥပဒေထိန်းသိမ်းရေး အရာရှိများ၏ အပြောအရ အသက် ၅၂ နှစ်အရွယ်ရှိ Robyn Ecker ဆိုသူအမျိုးသမီးမှာ
သူမ၏ ခင်ပွန်းဖြစ် သူနှင့် လော့စ်အိန်ဂျယ်လိမြို့ ရှိ Iggy Pop ဖျော်ဖြေပွဲတွင် မွေးနေ့ပွဲ အတွင်းအတူထိုင်နေစဉ် သရုပ်ဆောင် Johnny Depp မှာသူမ၏ ဘေးခုံတွင်ရှိနေကြောင်းနှင့် ဘေးတွင် ကိုယ်ရံတော်များဖြင့် ဝန်းရံပြီးနေခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့နောက် Robyn Ecker မှာ ၎င်း၏ခုံနှင့် မတော်တဆနီး ကပ်သွားချိန်တွင် ကိုယ်ရံတော်မှာ လက်ကိုလိမ်ချိုးပြီး ကြမ်းပြင်နှင့် မျက်နှာကိုကပ်ခဲ့ကြောင်း ယင်းဖြစ်ရပ်ဖြစ်ပွား အပြီးတွင် သူအနေဖြင့်ဆေးရုံသို့သွားရောက် ပြီး ဆေးဝါးစစ်ဆေးမှုကို ခံယူခဲ့ရကြောင်းလည်းပြောခဲ့သည်။

Ecker မှပြောရာ၌ Depp ၏ ကိုယ်ရံတော်မှာ မည်သည့် သတိပေးချက်မျှ ပြုမူခဲ့ခြင်းမပြုဘဲ ရုတ်တရက် ပေါ်ထွက်
လာခဲ့ကာ ယခုလို လုပ်လိုက်ခြင်း ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

source : TMZ
ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် Johnny Depp ၏ သရုပ်ဆောင်ဟန်
Source Photo from 
http://www.google.com/images

Credit http://www.mrtv4.net.mm