• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, January 7, 2012

မရိုးသားတာလား မရိုးသားတတ်တာလား


မရိုးသားတာလား မရိုးသားတတ်တာလား

(မင်းစိုးစံ)

လူနာတယောက်ဖြစ်လျင် ကိုယ့်ရောဂါအခြေအနေမှန်ကို အမှန်အတိုင်း ခံစားနေရတဲ့အတိုင်း အပိုအလိုမရှိ ဆရာဝန်မေးသမျှကို မကွယ်မ၀ှက်ပြောမှ ကုသတဲ့အခါ နှစ်ဦးနှစ်ဘက်လုံးအတွက် အကျိုးရှိပါတယ်၊ လူနာက ကိုယ့်မှာဖြစ်ပျက်နေတဲ့ ခံစားနေရတဲ့ ရောဂါကို အမှန်ကိုအမှန်အတိုင်း မပြောတဲ့အခါကျတော့ အနာတခြား ဆေး တခြား ဖြစ်နိုင်ခြေများတာမို့ မဖြစ်သင့်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်လာပြီး အချိန်ကုန် ငွေကုန် လူပင်ပမ်းတာ ကလွဲလို့ ဘာအကျိုးကျေးဇူးမျှ မရနိုင်ပါဘူး။

ကိုယ်ခံစားနေရတဲ့ဝေဒနာ ဘယ်လောက်အတိုင်းအတာအထိ ရှိနေတယ်ဆိုတာ ကိုယ်တိုင်က အသိဆုံးပါ၊ အရေးကြီးတာက ရောဂါကိုပျောက်အောင်ကုမှာလား မကုဘူးလား ဆိုတာကတော့ ကာယကံရှင်လူနာရဲ့သ ဘောပဲဖြစ်ပါတယ်။

ဆရာဝန်ဘယ်လောက်ကောင်းကောင်း ဘယ်လောက်တော်တော် လူနာက ကုသတာမခံယူဘူးဆိုလျင် ဒီလူ နာရဲ့ရောဂါအခြေအနေဟာ ပိုပြီးဆိုးရွားလာဘို့ပဲရှိပါတယ်။

ဆရာဝန်က ရောဂါကိုစစ်ဆေးတွေ့ရှိပြီး ကုသဘို့ဘယ်လောက်ပဲကြိုးစား လူနာကိုနှိုက်က ကုသလိုစိတ်မရှိဘူး
ဆိုလျင်တော့ အဲဒီလူနာဟာ သူ့ရောဂါအခြေအနေမှန်ကို ဖုံးကွယ်ငြင်းဆန်နေမှာပါ။

အမှန်တရားကို အခြောက်တိုက်ညင်းနေတာကတော့ အင်မတန် အောက်တန်းကျတဲ့ ကလိန်ကကျစ်နိုင်တဲ့
မိုက်ရိုင်းတဲ့ လူမဆန်တဲ့ အပြုအမူပဲဖြစ်ပါတယ်၊ နောက်တနည်းကတော့ သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျမှ ထမင်းတလုတ်ကို ဖြောင့်ဖြောင့်မတ်မတ် မြိုနိုင်တဲ့ လူရမ်းကားဖြစ်တယ်။

အဲဒီလိုလူတွေက အပေါ်စီး အနိုင်ကျင့်စော်ကားနေသမျှကာလပတ်လုံး ဘယ်လိုနေရာဒေသမျိုးမှာမှ မငြိမ်းချမ်းနိုင်
ပါဘူး။ ဘယ်လောက်ကောင်းတဲ့ လုပ်ငန်းကိုင်ငန်းပဲဖြစ်နေပါစေ၊ သူတို့ရဲ့ မကောင်းတဲ့စေတနာကြောင့် အားလုံးဟာ ဆုတ်ယုတ်ကျဆင်းမှုနဲ့သာ ကြုံမှာဖြစ်တယ်။

ဒီလိုလူတွေဟာ သိက္ခာတို့ နာမည်ကောင်းတို့ ဆိုတာမရှိပါဘူး၊ သူတို့အတွက်လိုအပ်တာက ဥစ္စာဓနပဲဖြစ် တယ် ဥစ္စာဓန(ရုပ်ပိုင်းဆိုင်ရာ) တိုးတက်ကြီးပွါးလာတာနဲ့အတူ အသိတရားတွေဟာ သူတို့နဲ့ဝေးရာကို ထွက်သွားကြ
ပါတော့တယ်၊ ရိုးသားချင်စိတ် စာနာတဲ့စိတ်ဆိုတာလည်း ခမ်းခြောက်နေပါတယ်။

အဲဒါတွေနဲ့အတူ အမှန်တရားကို ဖုံးကွယ်တဲ့နေရာမှာ သူမတူအောင် ပြင်းထန်လာပါတယ်၊ ဗမာစစ်အစိုး ရ တွေဆိုတာမျိုးကလည်း မွေးရာပါ အကျင့်ဆိုးကြောင့် သမာအာဇီဝ ကျကျလုပ်ကိုင်စားသောက်ဘို့ရာ မဖြစ် နိုင်တော့တဲ့အတွက် ခြောက်စားလှန့်စားအလုပ် ငိုစားရယ်(ရီ)စားအလုပ်နဲ့ ပြောင်လိန်ပြောင်စား
အလုပ်ကို နှစ်ခြိုက်စွာ အသက်မွေးကြပါတော့တယ်။

အောက်ကရုပ်သံဖိုင်လေးကို ကလစ်ပြီး နားသောတဆင်တော်မူကြပါ ခင်ဗျား။




ကျန်းမာချမ်းသာကြပါစေ

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး