Source Photo from http://www.google.com/images
အီတလီရှိ Etna မီးတောင်ပေါက်ကွဲ
အီတလီရှိ Etna မီးတောင်ပေါက်ကွဲ
7 Jan, 2012
အီတလီနိုင်ငံရှိ ပေ ၁၀၈၁၀ အမြင့်ရှိသော Etna မီးတောင်မှာ ယမန်နေ့ကမီးတောင် ပြာပူ များနှင့် ချော် ရည်ပူများ မှုတ်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးတောင်မှာ မြေထဲပင်လယ်ဒေသရှိ Sicily ကျွန်းတွင် တည်ရှိခြင်ြး ဖစ်ပြီး ဥရောပတိုက်ရှိ သက်ဝင်လှုပ်ရှားနေသည့် မီးတောင်များ အထဲတွင် အမြင့်ဆုံး မီးတောင်တစ်လုံး လည်း ဖြစ်ကြောင်း
သိရကာ ယခုလို ဖြစ်ရပ်မှာပုံမှန် ဖြစ်လေ့ဖြစ် ထရှိ သည့် ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း လည်း သိရသည်။
အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် Catania လေဆိပ်ကို ခဏတာ ပိတ်ထားလိုက်ရသော်လည်း လေကြောင်း ပျံသန်းမှု များကိုမူ ပိတ်ထားသေးခြင်း မရှိကြောင်းလည်း သိရသည်။ယင်းသို့ပေါက်ကွဲမှုကြောင့် မီးခိုးနှင့်ပြာမှုန်များမှာ ကောင်းကင် ထက်ပေ ၁၆၀၀၀ အထိမြင့်တက်ခဲ့ရကြောင်းလည်း သိရသည်။
source : sky.com
http://www.mrtv4.net.mm
မီးတောင်ပေါက်ကွဲနေပုံ ရုပ်သံဖိုင်





