• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 12, 2012

စစ်အစိုးရကို စိမ်ခေါ်လိုက်တာလား မိုဘိုင်းဖုံး

Wednesday, 11 January 2012

စစ်အစိုးရကို စိမ်ခေါ်လိုက်တာလား မိုဘိုင်းဖုံး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက
''ဒီကုမ္ပဏီက ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောသလဲ မသိပါဘူး။
ဒါပေမယ့် အဲဒီစီမံကိန်းနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ဘက်က ဘာမှမသိပါဘူး။

ကျွန်တော်တို့သိတာကတော့ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းရှိတယ်။ ဒါကိုလွှတ်တော်မှာလည်း လွှတ်တော် ကိုယ်စားလှယ်တွေ မေးခဲ့တဲ့အတွက် ၀န်ကြီးကိုယ်တိုင်လည်း ဖြေခဲ့ပြီးပြီ။ လာမယ့်မတ်လမှာ ပထမနှစ်လေးသန်း
စီမံကိန်းကို စရောင်းတော့မယ်။
အခုသတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးအနေနဲ့လည်း ဘာမှ ဂဃနဏ မသိပါဘူး။ Sim Card တစ်ကတ်ရဲ့တန်ဖိုးကလည်း ဘယ်လောက်မှမရှိပါဘူး။

ဒါပေမယ့် ဖုန်းပြောမယ်ဆိုရင် ဒီကတ်ကလေးတစ်ခုရှိရုံနဲ့ ပြောလို့ရတာမှ မဟုတ်တာ။ သွားလေရာမှာ ဖုန်းလိုင်း မိဖို့ ပြောနိုင်ဖို့ဆိုတာက Network ကြီး တစ်ခုရှိရမှာပါ။
အဓိကက Network က အရေးကြီးဆုံးပဲ။ ဒီ Network ရှိမှ ကိုယ့်နံပါတ်တစ်ခုကို သူများခေါ်နိုင်မှာဖြစ်သလို ကိုယ်
ကလည်း သူများကို ဖုန်းခေါ်နိုင်မှာပါ။ ဒါကပြည်တွင်းမှာပဲ ရှိသေးတယ်။

ပြည်ပနိုင်ငံ တွေနဲ့ ချိတ်ဆက်မယ်ဆိုရင် ကျွန်တော်တို့ဖုန်းတွေကို ပြည်ပကနေ ခေါ်ရင် +95 ခံပြီးခေါ်တာမျိုးတွေဆို International Telecom Union ကို ဆက်သွယ်ပြီး Announce လုပ်ရတယ်။
အဲဒီဖုန်း Numbering Plan ကို အဲဒီ ITU ကို ပေးရတယ်။ ဒါမှတစ်ကမ္ဘာလုံးက ကိုယ့်နံပါတ်ကို ဆက်သွယ်နိုင်မှာဖြစ်
သလို ကိုယ်ကလည်း ဆက်သွယ်နိုင်မှာပါ။ အဲဒီလုပ်ထုံးလုပ်နည်းတွေက အရေးကြီးဆုံးပဲ။

နိုင်ငံတကာမှာလည်း အစိုးရကပဲလုပ်လုပ် ပုဂ္ဂလိကကပဲလုပ်လုပ် ဒီလိုပဲလုပ်ရမှာပဲ။
အစိုးရကတော့ ကြီးကြပ်ထားရမယ်ပေါ့။ Telecom Authorities က နိုင်ငံတိုင်းမှာရှိတယ်။
ဖုန်းရောင်းတာက ကြိုက်သလို ရောင်းလို့ရပါတယ်။ တကယ်တမ်းသူပြောသလို ဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့
ဘက်က မကြိုဆိုစရာအကြောင်းမရှိပါဘူး။

ဒါပေမယ့် အဲဒီကုမ္ပဏီက ဆက်သွယ်ရေးကို တိုက်ရိုက်ပြောတာမဟုတ်တဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်း မသိပါဘူး။
သူကဆက်သွယ်ရေးကမဟုတ်ဘဲ ဘယ် Network ကို ယူသုံးမှာလဲ။ ဒါအရိုးဆုံးပြောတာပါ။
နည်းပညာရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းအချင်းချင်းပဲခေါ်ခေါ် ပြည်ပကပဲ ခေါ်ခေါ် ကျွန်တော်တို့ ဆက်သွယ်ရေး Network ကြီးကိုမဖြတ်ဘဲ ဘယ်လိုသုံးမှာလဲ။ ဆိုလိုချင်တာ အဲဒါပါပဲ''
ဟု ပြောကြားခဲ့သည်။

ထို့ပြင်ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းမှ
''ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမသိသလို ထင်မြင်ချက်လည်း မပေးချင်ပါဘူး။ Network တည်ထောင်တယ်ဆို တာ နေ့ချင်းညချင်းလုပ်လို့မရပါဘူး''
ဟု ပြောကြားခဲ့သည်။

Source News from http://www.news-eleven.com/


Source Audio from http://www.burmese.dvb.no


Source Audio from http://www.bbcburmese.com

အကျင့်ဆိုးကို …ဖျောက်ကြစို့ ..
ကာတွန်း – ကူမိုးကြိုး
ဇန်န၀ါရီ ၁၀၊ ၂၀၁၂


Source Photo from http://moemaka.com