• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 11, 2012

မျှော်လင့်သော်လည်း မဖြစ်နိုင်သေး

KNU ကရင်အမျိုးသားအစည်းအရုံး၏ ဒုဥက္ကဌ ပဒို စောဒေးဗစ်သာကပေါ်

ကရင့်တော်လှန်ရေး သက်တမ်း ၆၃ နှစ်အတွင်း ဗမာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲမှန်သမျှ
မည်သည့်အတွက်ကြောင့် မအောင်မမြင်ဖြစ်ရသည်ကို KNU ကရင်အမျိုးသားအစည်းအရုံး၏ ဒုဥက္ကဌဖြစ်သူ ပဒို စောဒေးဗစ်သာကပေါ် မှ ဘီဘီစီမြန်မာပိုင်းအသံလွှင့်ဌာနသို့ အကျဉ်းချုပ်ပြောကြားခဲ့သည်ကို နားသောတ ဆင်နိုင်ကြပါသည်။



Source Photo from http://www.bbcburmese.com

ထို့အတူ ကရင်ငြိမ်းချမ်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တီမိုသီမှ ၎င်း၏ ဗမာစစ်အစိုးရ၏ သဘောထား
အမှန် မည်သို့ရှိသည်ကို ဒီဗွီဘီ မြန်မာပိုင်းဌာနသို့ ရှင်းပြထားသည်ကို နားသောတ ဆင်နိုင်ကြပါသည်။



Source Audio from http://www.burmese.dvb.no

ထိုသို့နားဆင်ပြီးသည့်ကာလ သောတရှင်အနေဖြင့် ယခု ဗမာစစ်အစိုးရနှင့် KNU ကရင်အမျိုးသားအစည်းအရုံး တို့
၏ ဆွေးနွေးပွဲမည်သို့ဖြစ်လာမည်ဟု ထင်မြင်ယူဆပါသနည်း။

မိမိအနေဖြင့် မိမိ၏ထင်မြင်ယူဆချက်ကို တင်ပြရမည်ဆိုပါလျင် လွယ်လွယ်ကူကူဖြင့် (DKBA-ကလိုထူးဘောတပ်ဖွဲ့ကဲ့သို့)
လက်မှတ်ရေးထိုးနိုင်လိမ့်မည်မဟုတ်ချေ။

ကံမကောင်းအကြောင်းမလှ၍ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည် ဆိုအံ့။
ထိုလက်မှတ်သည် စာရွက်ပေါ်၌သာ ရှိနေမည်သာဖြစ်ပြီး ကရင်ပြည်သူလူထုအတွက်တစုံတရာသော ရေရှည်
အကျိုးကျေးဇူး ဖြစ်ထွန်းမည့် ငြိမ်းချမ်းရေးစာချုပ်တရပ် ဖြစ်လိမ့်မည်မဟုတ်ဟု ထင်မြင်ပါသည်။

အဘယ်ကြောင့်ဆိုသော် အခြေခံအကြောင်းရင်းများစွာရှိသည့်အနက် တိုင်းရင်းသားအားလုံးကို ကျူပင်ခုတ် ကျူငုတ်မကျန်စေနှင့် ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသော ဆိုးသွမ်းကောက်ကျစ်သည့် ဗမာစစ်အစိုးရ
၏ ယုတ်ညံ့သေးသိမ်သော စေတနာနှင့်လုပ်ရပ်သည် အဓိကကျသော အချက်ဖြစ်သောကြောင့်ဖြစ်သည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး