• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, January 16, 2012

ကျားကစားပွဲ

Source Photo from http://www.bbcburmese.com/images

ကျားကစားပွဲ
(မင်းစိုးစံ)

သတင်းတွေလိုက်ပြီးဖတ်ရှုလေ့လာတဲ့အခါ အကျဉ်းသားတွေလွတ်လာတဲ့အတွက် ၀မ်းသာအားရဖြစ်ကြတဲ့ ဓါတ်ပုံတွေကို မြင်ရသလို ကိုယ့်မိတ်ဆွေတွေ လွတ်လာနိုးနဲ့ မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ဓါတ်ပုံတွေ အဲဒါတွေ အပြင်သားထောင်က လွတ်လာတယ်ဆိုတာကို စောင့်ဆိုင်းနေရင်း မိုးချုပ်မှ အိမ်ပြန်ရောက်လာတဲ့သားကို
တွေ့ တော့ ၀မ်းသာလုံးဆို့ပြီး ကွယ်လွန်သွားတဲ့ အဖြစ်အပျက်တွေ မျက်ရည်စမ်းစမ်းနဲ့ တယောက်နဲ့တယောက်
ထွေး ပွေ့နေကြတဲ့ပုံတွေ နောက်တခါထပ်ပြီးခွဲခွါရမှာကို စိုးရိမ်စိတ်မျက်လုံးတွေနဲ့ သားရဲ့လက်မောင်းကို အတင်း
ဖက်ထားတဲ့အမေရဲ့ပုံတွေ အဲဒီလို အဲဒီလိုမြင်လိုက်ရတော့ ကျုပ်အံကြိတ်မိတယ်။

ဒီလိုဖြစ်ပျက်နေတာတွေအားလုံးဟာ မကောင်းဆိုးရွားသားတွေဖြစ်ကြတဲ့ ဗမာစစ်အစိုးရကြောင့်ဆိုတာ ဘယ် သူတယောက်မျှ မငြင်းနိုင်ပါဘူး။

ထောက်လှမ်းရေးမှူးချုပ်ဟောင်း ကတော့ပြောလှာပါတယ်။ နိုင်ငံရေးမလုပ်တော့ဘူး၊ ဖြစ်ပြီးလျင်ပျက်မယ်၊ ကံကံ၏
အကျိုး ဆိုတာကို ကောင်းကောင်းကြီးသိသွားလို့ အကျယ်ချုပ်ကျတာကိုပဲ ကျေးဇူးတင်နေတယ်ဆိုပါ လား။
နောင်တဆိုတာ ဒီလိုပါလား လို့တောင် မှတ်ထားချင်စိတ်ပေါက်လာတယ်၊ အဲဒီလို နောင်တတွေရသွားတာ မှန်တယ်ဆို
လျင် လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေအားလုံးကို ထောင်ထဲအနေခိုင်းလိုက်လျင် ဗမာပြည်ကြီးတကယ် ကိုငြိမ်းချမ်းသွား
မှာပါ။
နောင်အနှစ်ငါးဆယ် တရာမျိုးအထိစောင့်စရာမလိုပါဘူး။

မိုက်ရိုင်းဆိုးသွမ်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဗမာစစ်အုပ်စု အထောင်အသောင်းထဲက ထူးထူးခြားခြား လိမ္မာတဲ့လူ တယောက်ပေါ်လာပြီဆိုတော့ ၀မ်းသာရမှာလားတော့မသိဘူး၊ ပြောသာပြောရတာ အစပိုင်းကတော့ ဟုတ် တုတ်
တုတ်ပဲ၊ ဘယ်လိုလက်ဝါးချင်းရိုက်ထားသလဲဆိုတာ မသိရသလို ပြောရင်းဆိုရင်းကနေ ထဖေါက်လာလို့ များကတော့ ဒီတကြိမ်ကတော့ဖြင့်ပြည်သူ့အရေးလုပ်ဆောင်နေတဲ့ စစ်ရေးအရ နိုင်ငံရေးအရ လှုပ်ရှားမှုမှန်သမျှ အားလုံး အမျိုးပြုတ်ပြီသာမှတ်ပေရော့။

ကျုပ်က အာလူးပေးနေတာပါ၊ တကယ်နားလည်လို့ သိလို့ပြောနေတာမဟုတ်ပါဘူး။
ကျုပ်စကားကို ဗွေမယူကြ ပါနဲ့၊ ကျုပ်နားလည်တာလေးတခုပြောပြချင်ပါတယ်။
ဒါကလည်း ကိုယ်တိုင်ကြုံကြိုက်လို့ ရလိုက်တဲ့အသိတရား လို့ပဲပြောလျင်ကောင်းမလား၊တော်ကြာဒီလူ တော်တော် ဆရာကြီးလုပ်တဲ့ကောင်ပဲဆိုပြီး နှာခေါင်းရှုံ့နေကြမ လားမသိဘူး။

မိတ်ဆွေတို့အထဲက ကျားကစားဘူးလား(တောထဲက တကယ့်ကျားမဟုတ်ဘူးနော်) ဆယ့်နှစ်ကောင်ကျားလေ၊ ဗမာ့ရိုးရာကျား ကစားကွက်ကိုပြောတာ၊ ကျုပ်က တခြားနေရာတွေမှာသာညံ့ချင်ညံ့မယ် ဆယ့်နှစ်ကောင်ကျား ကစားတဲ့နေရာမှာဆိုလျင်တော့ ကျုပ်ကိုမနိုင်တဲ့လူ မရှိဘူး။

ကျားဘငြိမ်းဆိုတာသိမှာပေါ့၊ နှစ်ယောက်ရှိတယ်၊ လက်ဝှေ့ထိုးတဲ့ ကျားဘငြိမ်းနဲ့၊ ကျားကစားနည်း စာအုပ်ရေး တဲ့အထိ တော်တဲ့ကျားဘငြိမ်း။ တချို့များဆို ကိုယ့်ကို ဆယ့်နှစ်ကောင်ပေးပြီး သူတို့ကထိုးကျွေးပစ်လိုက်တာ များ တကောင်ထဲက ဆယ့်နှစ်ကောင်စလုံးကိုစားပြီးကင်းရလို့ပေါ့ဗျာ။

အဲဒီလိုတော်ကြတာ၊ အခုကစားနေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ကျားကစားနည်းကတော့ တဘက်လူက ကိုယ့်ကို သုံးကောင်လောက်ကျွေးပြီး ကင်းယူမယ့်အကွက်မျိုးလို့ ကျုပ်တော့မြင်တာပါပဲ။
ဟုတ်ပြီ တဘက်က သုံးကောင် ကျွေးပြီးကင်းယူမယ်ဆိုတာကို သိနေပြီဆိုလျင် အဲဒီနည်းကို ဘယ်လိုကာလျင် ရမလဲ
ဆိုတာ စဉ်းစားကြဘို့လို ပါတယ်။ အဲဒီလိုမျှမဟုတ်ပဲ သူထိုးကျွေးတာစားကောင်းကောင်းနဲ့ စားပြီး ကစားနေမိလျင် သုံးကောင်မစားလိုက် ရပဲ နှစ်ကောင်ကျွေးပြီး ကင်းယူသွားတာခံလိုက်ရနိုင်ပါတယ်။

ကဲဒါဆိုလျင် သူတို့ကစားနေတဲ့ အကွက်ကိုသိဘို့ အောက်က အသံဖိုင်လေးတွေကို နားထောင်ပါ၊ ပြီးလျင် စိတ် ကို တည်တည်ငြိမ်ငြိမ်ထားပြီး ဆက်ကစားပါ၊ အလောတကြီး၊ အလောသုံးဆယ်၊ စိတ်လိုက်မာန်ပါ၊ မဖြစ်ဘို့ အရေးအကြီး
ဆုံးပါ။
အဲဒါဆိုလျင် သားရေမဖြစ်လျင်တောင် သူလည်းကင်း ကိုယ်လည်းကင်းနဲ့ အိနြေ္ဒရှိရှိ ဆက်ကစားနိုင်မှာပါ၊ မဟုတ်
လျင်တော့ ကင်းမပေါက်ပဲ ပွဲပြတ်သွားနိုင်ပါတယ်။






Source Audio from http://www.bbcburmese.com
December 17,2011




အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)