Source Photo from http://www.mizzima.com/images
ပေါ်လစီကဗျာ
(ဆောင်းလူ)
ပခုံးကြား ခေါင်းရှိသူက
ခေါင်းဘေး လက်ရှိသူနဲ့ စကားပြောတယ် …
ကျောခြင်းကပ် .. ရင်ခြင်းအပ်ပြီး ..။
သံနည်းတွေ တမန်နည်းတွေ
အာဏာရှင်ဖြိုဖျက်ပွဲမှာ
သူတလူ ငါတမင်း စစ်ခင်းရင်း …။
ငြိမ်းချမ်းရေး .. ငြိမ်းချမ်းရေးနဲ့
ယမ်းငွေ့တွေကြား လွင့်လွင့်သွားတဲ့ ပန်းလေးတွေခမျာ …
ခြွင်းချက်မရှိ ခံဝန်ချက်နဲ့
စစ်ပွဲတွေကြား တွန်းတွန်းချခံလိုက်ရင်းမှ …။
နေ့တွေ …
ညတွေ …
ဘ၀တွေ ..
သူ့အတိုင်း သူ့အတိုင်း ရှိပါစေ.. ရှိစေတော့ …။
နေ့နဲ့ည စီချင်းထိုးသူတို့ကြားက
ခြေချုပ်မိတဲ့ ကဗျာတပုဒ်ကို
ပေါ်လစီအတိုင်း ရှိပါစေတော့ …။
Copy from http://moemaka.com/2012/01/
ပခုံးကြား ခေါင်းရှိသူက
ခေါင်းဘေး လက်ရှိသူနဲ့ စကားပြောတယ် …
ကျောခြင်းကပ် .. ရင်ခြင်းအပ်ပြီး ..။
သံနည်းတွေ တမန်နည်းတွေ
အာဏာရှင်ဖြိုဖျက်ပွဲမှာ
သူတလူ ငါတမင်း စစ်ခင်းရင်း …။
ငြိမ်းချမ်းရေး .. ငြိမ်းချမ်းရေးနဲ့
ယမ်းငွေ့တွေကြား လွင့်လွင့်သွားတဲ့ ပန်းလေးတွေခမျာ …
ခြွင်းချက်မရှိ ခံဝန်ချက်နဲ့
စစ်ပွဲတွေကြား တွန်းတွန်းချခံလိုက်ရင်းမှ …။
နေ့တွေ …
ညတွေ …
ဘ၀တွေ ..
သူ့အတိုင်း သူ့အတိုင်း ရှိပါစေ.. ရှိစေတော့ …။
နေ့နဲ့ည စီချင်းထိုးသူတို့ကြားက
ခြေချုပ်မိတဲ့ ကဗျာတပုဒ်ကို
ပေါ်လစီအတိုင်း ရှိပါစေတော့ …။
(ဆောင်းလူ)
ဇန်န၀ါရီ ၁၅၊ ၂၀၁၂
ဇန်န၀ါရီ ၁၅၊ ၂၀၁၂
Copy from http://moemaka.com/2012/01/