
ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်လေးတွေထဲက ဘလော့ဂါ ဆိုတဲ့ အစီအစဉ်ကို
နားဆင်ဖြစ်တယ်။
တော်တော်လေးကို အဆင်ပြေတာတွေ့ရပါတယ်။
ပြီးတော့ ကိုယ့်ဘလော့ဂ် အကြောင်းလေးပဲဖြစ်ဖြစ် ကိုယ့်အသိမိတ်ဆွေ သူငယ်ချင်းတွေထဲက ကိုယ်ကြိုက်တဲ့
ဘလော့ဂ် လေးအကြောင်းပဲ ဖြစ်ဖြစ်ပေါ့နော် ပြောပြချင်တယ်ဆိုလျင် ဆက်သွယ်လို့ရတယ်။
ပြောပြလို့ရတယ်။
ကျုပ်လည်း ဘလော့ဂ်တွေလိုက်ကြည့်လိုက်တော့ ကျုပ်ဘလော့ဂ်လောက်ကောင်းတာ ရှာမတွေ့သေးတာနဲ့ ဗွီအိုအေ
မြန်မာပိုင်းဌာနကို မဆက်သွယ်ဖြစ်ဘူး။(၀ိုင်းပြီးမဆဲကြပါနဲ့)
ဒါဆိုကိုယ့်ကိုယ်ပိုင်ဘလော့ဂ် အကြောင်းဆက်သွယ်ပြောပြပါလားဆိုတော့ ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကူး ကိုယ့်
အတွေးအခေါ်နဲ့ လုပ်ထားတာမဟုတ်တော့ ပြောချင်ဘူး။
တမင်တကာကို နောက်ပြောနေတာပါ။
အမှန်ဆုံးက ကျုပ်ကိုယ်တိုင် ဘလော့ဂ် တခုကိုဘယ်လိုလုပ်ရမယ်ဆိုတာ အခုထက်ထိ မသိသေးပါဘူး။
ရိုးရိုးသားသားပြောကြစတမ်းဆိုလျင် ကျုပ်က အရေးအသားတွေမှာသာ ဥသြငှက်လို အရောင်မဲမဲနဲ့ စိတ်မချမ်းသာ
အောင်ဖြစ်ရတာ၊ အသံကတော့ တစ်တီတူး ငှက်လိုပဲ။
(ဒါတောင် သီချင်းဆိုဘို့ ကလေးတွေကို အကူအညီတောင်းလိုက်သေး။
ကျုပ်အသံကို ကြားဘူးတဲ့ကလေးတွေ ဆိုတော့လည်း ဟုတ်ကဲ့....ဟုတ်ကဲ့ပါ....စိတ်ချ.....ဆိုပြီး ဘာမျှလုပ်မပေးဘူး။)
ဒါကြောင့်ဗွီအိုအေကို မဆက်သွယ်ဖြစ်တာ။
မိတ်ဆွေတို့ ဆက်သွယ်ကြည့်ဘို့ တိုက်တွန်းလိုပါတယ်။
မိတ်ဆွေတို့ ကြိုက်တဲ့ ဘလော့ဂ် တွေထဲက တခုခုကိုအများသူငါ သိစေချင်တယ် ဆိုလျင်ပေါ့။

ဟိုကိုဝင်လိုက် ပြန်ထွက်လာလိုက်။ ဒီကနေ၀င်လိုက် ပြန်ထွက်လာလိုက်နဲ့ ဆိုဒ်တခုထဲကိုရောက်တော့ ဓါတ်ပုံ
တွေကို ပြင်တဲ့ ဆိုဒ်တခုကိုရောက်သွားတော့ အဲဒီအထဲက ဓါတ်ပုံကူးထည့်လိုက်တယ်။
မဆိုးဘူး Free ဆိုပဲ။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Nepal-China-01-14-12-137354153.html

့