• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 15, 2012

ရုရှား၏ အင်္ဂါဂြိုဟ်လေ့လာရေး ဂြိုဟ်တု ပစိဖိတ် သမုဒ္ဒရာသို့ထိုးကျ

Russian Phobos-Grunt Mars probe falls in Pacific Ocean
Topic: Phobos-Grunt spacecraft

ရုရှား၏ အင်္ဂါဂြိုဟ်လေ့လာရေး ဂြိုဟ်တု

သမုဒ္ဒရာသို့ထိုးကျ

16 Jan, 2012

ရုရှားအာကာသ လေ့လာရေး တာဝန်ရှိသူများ၏ အပြောအရ အင်္ဂါဂြိုဟ်လေ့လာရေး ဂြိုဟ်တု တစ်လုံးမှာ တနင်္လာနေ့ နံနက်ပိုင်းက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ Phobos-Grunt အမည်ရ ဂြိုဟ်တု မှာ ချီလီနိုင်ငံပိုင် ကျွန်းစု တစ်ခုဖြစ်သော Wellington နှင့် ကီလိုမီတာ ၁၂၅၀ ကွာဝေးသည့် ပင်လယ်ပြင် အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှား နိုင်ငံ မှာ အဆိုပါလေ့လာရေး ဂြိုဟ်တုကို လွန်ခဲ့သည့် နိုဝင်ဘာလက ကာဇက်စတန်ရှိ Baikonur Cosmodrome မှလွှတ်တင် လိုက်ခြင်းဖြစ်ကာ အဆိုပါ ဂြိုဟ်တုမှာ ကမ္ဘာပတ်လမ်းမှဆက်လက် ထွက်ခွာခဲ့ခြင်း မရှိဘဲ ယခုလိုပြန်လည် ကျရောက်လာရခြင်းဖြစ်သည်။ ယခုဖြစ်ရပ် အတွက် အပျက်စီး အပိုင်းအစများ ကမ္ဘာမြေပြင်ပေါ်သို့ ပြုတ်ကျနိုင်ကြောင်း ရုရှား အာကာသအေဂျင်စီမှ သတိပေးထားသော် လည်း မည်သည့် နေရာကို ကျရောက်မည်ဆိုသည့် ကိစ္စမှာမူ အတိအကျမပြောနိုင်ကြောင်း လည်း ပြောကြားခဲ့သေး သည်။ အဆိုပါအေ ဂျင်စီမှ မူလကပြောရာ၌ အိန္ဒိယ သမုဒ္ဒရာ သို့မဟုတ် အတ္တလန္တိတ်သမုဒ္ဒရာ တစ်နေရာရာသို့ ကျရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်း ခဲ့ကြခြင်းဖြစ်သည်။


source : NHK news

Copy frm http://www.mrtv4.net.mm