• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, January 21, 2012

ပြောပြလျင် ဒေါသထွက်ချင်မလား


ပြောပြလျင် ဒေါသထွက်ချင်မလား

(မင်းစိုးစံ)

January 21, 2012

ပြောချင်နေတာကြာပြီ၊ မပြောခင်မှာ မေးချင်တယ်။
ပြဿနာတခုဖြစ်လာလို့ ဖြေရှင်းဘို့လုပ်တဲ့အခါ ပြဿနာ ဖြစ်လာရတဲ့အကြောင်းရင်းကို အဖြေရှာကြတဲ့အခါ အဖြေ တခုတည်းထွက်လာတယ်ဆိုလျင် မှန်နိုင်ပါ့မလား ဆိုတာပါ။


အနှစ်နှစ်အလလ တည်လာတဲ့ ရွာကြီးတရွာထဲကနေ လူတွေထွက်သွားကြတယ်ဆိုပါစို့၊ ထွက်သွားရတဲ့အ ကြောင်း
ရင်းကို ရှာကြတဲ့အခါ မနေချင်လို့ထွက်သွားတာပေါ့ ဆိုတဲ့အဖြေတခုတည်းကို လက်ကိုင်ထားပြီး ဘာတခုမျှမဆန်း
စစ်ဘူး၊ သိအောင်မလုပ်ဘူးဆိုလျင် ဒီရွာဟာ ရွာကြီးတရွာပြန်ဖြစ်လာနိုင်ပါ့မလား။

ရွာထဲကနေလူတွေအခြေားနေရာဒေသကို ပြောင်းရွှေ့နေထိုင်ရတဲ့အကြောင်းရင်းကို ရှာဘို့လိုပါတယ်၊ ဒီလိုရှာ ကြတဲ့
အခါ မှန်ကန်တိကျမှုအနီးစပ်ဆုံးအဖြေထွက်လာဘို့ အရေးကြီးပါတယ်၊ အဲဒီထွက်လာတဲ့အဖြေတိကျမှု ရှိတဲ့အပေါ်
အခြေခံပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုလျင် ရွာကြီးတရွာပြန်မဖြစ်လာဘူးဆိုလျင်တောင် ဒီရွာထဲကနေ လက်ရှိနေထိုင်နေကြတဲ့ ရွာသူရွာသားတွေ တခြားနေရာကိုပြောင်းရွှေ့နေထိုင်ဘို့ မရှိတော့သလို ဒီရွာရဲ့ စည်ပင်သာယာမှုသတင်းကြောင့် ရွာကနေထွက်သွားတဲ့လူတွေ ကိုယ့်ရွာကို ကိုယ်ပြန်နေကြမယ့်အပြင် အခြားသော
ရွာက လူတွေကလည်း ရွာကိုအလည်လာချင်ကြမှာပါ။

အဖြေကိုရှာတဲ့အခါ အဖြေတခုတည်းထွက်တယ်ဆိုလျင် အဲဒီအဖြေဟာ မမှားဘူးဆိုလျင်တောင် အလုံးစုံမမှန် နိုင်ပါဘူး။ အဖြေတွေအများကြီးရှိနေနိုင်ပါတယ်။

ဒီလိုမျှမဟုတ်ပဲ လုံးဝမစဉ်းစားဘူး၊ နေချင်နေကြ မနေချင်လျင် ထွက်သွားကြ၊ သူ့ကျောင်းနေလျင် သူ့စာအံရမှာ ပဲ
ဆိုပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုလျင် နှစ်ပေါင်းများစွာတည်လာခဲ့တဲ့ရွာကြီး တရွာ ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတာ စာရှုသူတို့ ခန့်မှန်းနိုင်ပါလိမ့်မယ်။

စဉ်းစားတွေးခေါ်မှုတော့လုပ်ပါရဲ့ ဒါပေမယ့် ရလာတဲ့အဖြေကမမှန်ပြန်လျင်လည်း မှားတဲ့အစီအစဉ်တွေ မှားယွင်း တဲ့မဟာဗျူဟာ နည်းဗျူဟာတွေကို ချမှတ်အကောင်အထည်ဖေါ်မိတဲ့အတွက် အချိန်ကုန်လူပမ်းပြီး ပိုးသာကုန်
မောင် ပုံစောင်းမတတ် ဆိုတဲ့အခြေအနေမျိုးရောက်နေမှာဖြစ်လေတော့ ပြဿနာတခုဖြစ်လာပြီဆိုလျင် စနစ်တ
ကျနဲ့မှန်ကန်တဲ့ အဖြေရှာမှုမျိုး ဖြစ်ဘို့အထူးလိုအပ်ပါတယ်။

ရွာကနေ လူတွေထွက်သွားရတဲ့ အကြောင်းရင်းက ကျုပ်တို့ရွာက လယ်ယာမြေတွေမှာ မြေဆီလွှာတွေကုန်ခမ်း နေ
လို့ အသီးအနှံတွေလည်း အရင်တုန်းကထက် အထွက်နည်းလာတယ်ဆိုတဲ့အဖြေတခုရပြီဆိုပါစို့၊ သီးနှံအ ထွက်တိုး
လာအောင် လုပ်ပေးရပါမယ်၊ အဲဒီလို သီးနှံအထွက်တိုးအောင်လုပ်တဲ့အခါမှာလည်း သီးနှံအထွက်တိုး နိုင်တဲ့ နည်းလမ်းတွေအများကြီးထဲက ရွာရဲ့အနေအထားနဲ့ သင့်တင့်လျှောက်ပတ်တဲ့ အကောင်းဆုံးနည်းတွေကိုသုံးဘို့
လိုပါတယ်။

အဲဒီနည်းတွေဆိုတာကလည်း ရွာသားတွေရဲ့တယောက်စီ တွေ့ကြုံနေရတဲ့ လယ်ယာမြေနဲ့ပတ်သက်တဲ့ အခက်အခဲ
တွေကို ကွင်းဆင်းလေ့လာပြီး အဲဒီအထဲကမှ အများစုကြုံနေရတဲ့အခက်အခဲမျိုးကို ဖြေရှင်းပေးတဲ့နည်းက သာလျှင် ပိုပြီးအကျိုးရှိစေမှာဖြစ်ပါတယ်။

တခုတော့ရှိပါတယ်၊ ကွင်းဆင်းလေ့လာတဲ့သူကလည်း တာဝန်ကျေလျင်ပြီးရောကွာ ဆိုပြီး သေသေခြာခြာ မလေ့လာ
သလို ရွာသားတွေကလည်း မမှန်မကန်အဖြေပေးမယ်ဆိုလျင်လည်း ဘယ်လိုမျှကောင်းလာစရာမရှိ ပါဘူး။

အဲဒီတော့ ရွာကြီးတရွာ စည်ပင်သာယာဝပြောဘို့လုပ်ဆောင်ကြတဲ့အခါ ရွာကိုအုပ်ချုပ်နေတဲ့ ရွာသူကြီးမှာပဲ တာဝန် ရှိတာမဟုတ်ပါဘူး ရွာနေလူထုမှာလည်း တာဝန်ရှိပါတယ်၊ အဲဒီလိုတာဝန်ရှိနေတယ်ဆိုတာကို ရွာနေ လူထုသိဘို့ လုပ်ဆောင်ပေးရမှာကတော့ ရွာလူကြီးရဲ့တာဝန်ဖြစ်သလို ရွာနေလူထု ပါဝင်ပူးပေါင်းဆောင်ရွက်လို စိတ်ရှိအောင် ပါဝင်ပူးပေါင်းလုပ်ဆောင်နိုင်တဲ့လမ်းကြောင်းမှန်သမျှ ဖွင့်ပေးဘို့လိုပါတယ်။

ဟေ့ ရှုတ်တယ်ကွာ သူကြီးပြီး ပြီး ဆိုလျင်တော့ အာဏာရှင်စနစ်ပေါ်ပေါက် လာဘို့အတွက်သာ ဦးတည်နေ ကြောင်း။

ရိုးရိုးလေးပဲ တွေးပေးကြပါ။ အကျယ်ချဲ့ပြီးမတွေးကြပါနဲ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


December-14-2010
Source Audio from http://www.burmese.dvb.no


January-21-2012 Evening
Source Audio from http://www.bbcburmese.com


January-21-2012 Evening
Source Audio from http://www.rfanews.org/burmese


January-19-2012
Source from http://sawmuyuntphaung.blogspot.com/

မန်းဒုံ ခင်ဗျား ကျေးဇူးပြုပြီး ဗမာလို ဘာသာပြန်ပေးဘို့ အထူးတလည်မေတ္တာရပ်ခံပါတယ်။
လှိုက်လှိုက်လှဲလှဲကို အကူအညီတောင်းပါတယ်ဗျာ။
သီချင်းအဓိပ္ပါယ် နားမလည်တဲ့လူတွေ နားလည်စေချင်လို့ပါ။
ကျေးဇူးတင်ပါတယ်။