Source Photo from http://www.google.com/images
တရားရေး ဌာနနှင့် FBI တို့ကို Anonymous ထိုးဖောက်ခဲ့
21 Jan, 2012
ဟက်ကာ အုပ်စု တစ်ခု ဖြစ်သော Anonymous မှာ အမေရိကန် ပြည်ထောင်စု၏ တရားရေး ဌာနနှင့် FBI ဝက်ဆိုက် များကို ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်း ဝန်ခံပြောကြား လိုက်ပြီ ဖြစ်သည်။ ယခုလို ဖြစ်ရပ်မှာ ဖယ်ဒရယ် အစိုးရ တာဝန်ရှိ သူများ
မှ နာမည်ကျော် ဖိုင်ဝေ မျှသည့် ဆိုက်တစ်ခု ဖြစ်သည့် Megaupload ကို ပိတ်ဆို့ခဲ့ အပြီးတွင် ယခုလို ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ကြာသပတေး နေ့က Megaupload မှ အမှုဆောင် ၇ ဦးမှာ မူပိုင်ခွင့် ဥပဒေများကို ချိုးဖောက်သည် ဆိုသည့် အကြောင်း ပြချက်ဖြင့် ယခုလို ပိတ်ဆို့ခဲ့ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ယင်းသို့ ချိုးဖောက် ခဲ့မှုမှာ မဟုတ်မှန်ကြောင်း ဝက်ဆိုက် ဘက်မှ ရှေ့နေ့က ငြင်းဆန် ပြောကြား ခဲ့သည်။ ယင်းဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် နာရီအ တော်ကြာ အပြီးတွင် အမေရိကန် အစိုးရ တရားရေး ဌာန ဝက်ဆိုက် ၊ FBI ဝက်ဆိုက် နှင့် Universal Music ဝက်ဆိုက် တို့မှာ အလုပ် မလုပ် တော့ကြောင်း သိရပြီး Anonymous မှ ယင်းသို့ပြုလုပ် ခဲ့သော်လည်း သတင်း အချက်အလက် များကိုမူ ရယူသွားခြင်း မရှိကြောင်း သိရသည်။
ယင်းဖြစ်ရပ်မှာ အိုဘားမား အစိုးရ၏ အွန်လိုင်း ခိုးယူမှုများနှင့် ပတ်သက်ပြီး ဥပဒေသစ် တစ်ရပ်ကို မကျေနပ် သဖြင့် ယခုလို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို ဖြစ်ရပ် အတွက် အွန်လိုင်း ဉာဏ်ကြီးရှင်များ အဖွဲ့မှ ပြောရာ၌ Anonymous မှာ ကွန်ဂရက် အဖွဲ့ဝင် လူကြီးများ ထဲမှ SOPA ခေါ် ဥပဒေကို ထောက်ခံ သူများ၏ အမည်စာရင်း များကို ရယူ သွားနိုင်ကြောင်း ကိုလည်း ပြောကြား သွားခဲ့သည်။
source : The Washington Post
Credit http://www.mrtv4.net.mm