• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, January 24, 2012

တံဆိပ်ခေါင်းအတုနှင့် အစစ်ကို ခွဲခြားသိရှိနိုင်ရန် လိုအပ်

MM003.53, S.G 136 (25p. blue - 36½×26½ mm)
၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ငါးကြိမ်မြောက် လွတ်လပ်ရေးနေ့ နှင့် တိုက်ဆိုင်လျှက်
ပြည်တော်သာစီမံကိန်း အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း အသစ်သုံးမျိုးမှ
အမှတ်စဉ် (၃)၊ နှစ်ဆယ့်ငါးပြားတန် ( အပြာရောင် ) ၃၉ x ၃၀ မီလီမီတာအရွယ်
Source Photo from http://www.mingalarpar.org/

ဗမာပြည်မှာ တံဆိပ်ခေါင်းအတုတွေပေါ်နေတယ်ဆိုပါလား။ ၀ယ်တဲ့လူတွေက သတိထားပြီးဝယ်ကြပါတဲ့။
နိုင်ငံတော်အစိုးရကတော့ အရှုတ်တွေလုပ်နေလို့ မှုခင်းနှိမ်နင်းရေးဘက်မှာ အလုပ်မရှုတ်ချင်ဘူးဆိုပဲ။
သို့ပေမယ့် တံဆိပ်ခေါင်းအတု သုံးမိလျင်တော့ ဥပဒေအထက်မှာ တယောက်မျှမရှိစေရဘူးတဲ့ဗျို့။
အံ့ရော။
အဲဒါအတုနဲ့အစစ်ဆိုတာ ဘယ်လိုရှိတယ်ဆိုတာကို ခွဲခြားပြထားပါတယ်။
စာတိုက်နဲ့ဆက်သွယ်ရေးဌာန အရှုံးပေါ်လို့ ဈေးတက်မိတာ အတုတွေပေါ်လာပါပြီကော။
အော်......စေတနာ စေတနာ စေတနာ။ ချက်ခြင်းအကျိုးပေးတာပဲနော်။

ဝယ်ယူသူများအနေဖြင့် တံဆိပ်ခေါင်းအတုနှင့် အစစ်ကို

ခွဲခြားသိရှိနိုင်ရန် လိုအပ်


24 Jan, 2012

ဈေးကွက်အတွင်း တံဆိပ်ခေါင်းအတု ရောင်းချမှုတွေ ရှိနေတဲ့အတွက် ၀ယ်ယူသူတွေအနေနဲ့ တံဆိပ်ခေါင်း ၀ယ်ယူရာမှာ အတုနဲ့အစစ်ကို ခွဲခြားသိရှိဖို့ လိုအပ်တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာနက သိရပါတယ်။ တံဆိပ်ခေါင်းအတု ထွက်ရှိမှုမှာအများအားဖြင့် ၅ကျပ်တန်၊ ၆ကျပ်တန်၊ ၁၀ကျပ်တန် နဲ့ ၂၅ကျပ်တန် တံဆိပ်ခေါင်းတွေမှာ တွေ့ရှိရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် အတုအစစ် ခွဲခြားမှုတွေအနေနဲ့ ၅ကျပ်တန်နဲ့ ၆ကျပ်တန် တံဆိပ်ခေါင်းရဲ့ ကနုတ်အပွင့်ရဲ့ အမှတ်အသားကို ကြည့်ရှုနိုင်ပြီး၊ ၁၀ကျပ်တန်နဲ့ ၂၅ကျပ်တန်မှာတော့ စာရွက်မှာပါရှိတဲ့ ကြယ်ပွင့် ပုံသဏ္ဍာန် ရေစာအမှတ် အသားကို ကြည့်ရှုပြီးခွဲခြားနိုင် တာ ဖြစ်တယ်လို့ သိရပါတယ်။
တံဆိပ်ခေါင်းအတုနဲ့ ၀ယ်ယူကာ စာချုပ်ချုပ်ဆိုမှုတွေ ဆောင် ရွက်မိရင်တော့ အဆိုပါ စာချုပ်ဟာ ဥပဒေအရ တရားဝင်မှု မရှိတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တံဆိပ်ခေါင်းရောင်းချ သူတွေနဲ့ ၀ယ်ယူသူတွေဟာ မိမိတို့ သုံးစွဲတဲ့ တံဆိပ်ခေါင်းကို
အတု၊ အစစ်သေချာ စွာ စိစစ်ဆောင် ရွက်သင့် တာဖြစ်ပါတယ်။

တံဆိပ်ခေါင်း ရောင်းချသူတွေကတော့ တံဆိပ်ခေါင်း ရောင်း ချမှုအတွက် သက်ဆိုင်ရာ ပြည်တွင်း အခွန်များဦးစီးဌာန
ကနေ ခွင့်ပြုချက် လိုင်စင် လျှောက်ထားရယူပြီး သတ်မှတ်ဈေးနှုန်းနဲ့ တရားဝင် ရောင်းချနိုင်တာ ဖြစ်ပါတယ်။
ဒီလို တရားဝင် ရောင်း ချမှု အတွက်ကို လည်း ရောင်းချသူတွေရဲ့ အကျိုးအမြတ်ရ ရှိအောင် ပြင်ပရောင်းဈေး ထက် ပြည်တွင်း အခွန်များဦးစီးဌာနက ဈေးနူန်းလျော့ သတ်မှတ်ပေး ထားတယ်လို့ သိရပါတယ်။
အခုလို အကျိုး အမြတ်ပေးကာ တရားဝင်ရောင်းချမှုတွေ ခွင့်ပြုထားပေမယ့် ပြီးခဲ့တဲ့ ကာလအထိ ပြင်ပမှာ လိုင်စင်
မရှိဘဲ တံဆိပ်ခေါင်းရောင်း ချမှုတွေ ကို တွေ့ရှိနေရတယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာနက သတင်းရရှိပါတယ်။

Copy from http://www.mrtv4.net.mm

၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့တွင် ၆၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့နှင့် တိုက်ဆိုင်၍
ပြည်တော်နာ စီမံကိန်းအထိန်းအမှတ်အဖြစ် ထုတ်လုပ်သည့် တံဆိပ်ခေါင်း


ပြည်တော်နာစီမံကိန်းအထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း
Source Photo from http://aplar.blogspot.com/