• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 22, 2012

အသက်အငယ်ဆုံး တစ်ကိုယ်တော်ကမ္ဘာပတ်ရွက်လွှင့်သူ Laura Dekker

Laura Dekker, 16, becomes the youngest sailor who ever sailed around the world solo.
Picture: AFP Source: AFP

More information
http://www.theaustralian.com.au/news/world/dutch-teen-sailor-laura-dekker-has-beaten-jessica-watsons-record-for-youngest-solo-world-tour/story-e6frg6so-1226250934557

အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ်ရွက်လွှင့်သူအဖြစ်

Laura Dekker စံချိန်တင်

23 Jan, 2012


ဒတ်ခ်ျ လူမျိုး ဆယ်ကျော်သက် အရွယ်ရှိသူ မိန်းကလေး တစ်ဦး ဖြစ်သည့် Laura Dekker ဆိုသူမှာ တစ်ယောက်တည်း ကမ္ဘာပတ်ပြီး ရွက်လွှင့်သူများ ထဲတွင် အသက် အငယ်ဆုံး အမျိုးသမီး တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အသက် ၁၆ နှစ် အရွယ်ရှိပြီ ဖြစ်သည့် Laura မှာ ကာရေဘီယံ ကျွန်းစုများ ထဲရှိ Saint Martin ကျွန်းသို့ သူမ၏ လှေဖြစ်သော Guppy ဖြင့် သူမ စတင် ရွက်လွှင့်သည့် နေ့မှစ၍ တစ်နှစ်ပြည့်မြောက် ခါနီးတွင် ယခုလို ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်သည်။


သူမ၏ နောက်ဆုံး အကျော့ ဖြစ်သော တောင်အာဖရိက ကိုဖြတ်သန်းစဉ် ကာလက ပြင်းထန်သည့် လေပြင်းနှင့် ကြမ်းတမ်းသည့် ပင်လယ်ပြင်ကို ဖြတ်ကျော်လာ အပြီးတွင် ယခုလို အဆုံးသတ် လိုက်နိုင်ခြင်း လည်းဖြစ်သည်။ ယင်းသို့သော ကာလရှည်ကြာ ခရီးရှည်ကြီးကို ဖြတ်သန်း ရာတွင် သူမအနေဖြင့် အကြိမ်ကြိမ် အနှောက်အယှက် များကို ကြုံခဲ့ရ သော်လည်း သူမ၏ မိသားစုနှင့် အတူ အားပေး သူများ၏ စွမ်းအားဖြင့် ကီလိုမီတာ ၅ သောင်း အကွာအဝေးကို ဇွဲသန်သန်ဖြင့် ဖြတ်သန်း လိုက်နိုင်ခြင်းလည်း ဖြစ်သည်။

ယခုလို ဖြတ်သန်းမှု ပြုလုပ်စဉ် အတွင်း မိမိအနေဖြင့် အဘယ်ကြောင့် ယခုလို ပင်လယ်ထဲသို့ ရောက်နေရ သနည်းဟု အကြိမ်ကြိမ် စဉ်းစားမိ ခဲ့သော်လည်း မည်သည့် အခါကမျှ မရပ်တန့် ချင်ခဲ့ကြောင်း ယခုလို ဖြတ်သန်း နိုင်ဖို့မှာ အိပ်မက် တစ်ခုသာ ဖြစ်ပြီး ယင်းအိပ်မက်ကို အကောင်အထည် ဖော်လိုခြင်းသား ဖြစ်ကြောင်း ခရီးအဆုံးတွင် အများသို့ ပြောကြား သွားခဲ့သည်။ ဒတ်ခ်ျ တာဝန်ရှိ သူများမှာ သူမ၏ ခရီးကို တားမြစ်ရန် ကြိုးစား ခဲ့ကြောင်း ၊ သူမ အနေဖြင့် ယခုလို ပြုလုပ်ရန် အလွန် ငယ်ရွယ် သေးကြောင်း နှင့် သူမ၏ အရွယ်မှာ ကျောင်းတွင် ရှိရမည့် အရွယ် ဖြစ်ကြောင်း ပြောကြားခဲ့ သော်လည်း မလျှော့သော ဇွဲဖြင့် ကြိုးစားခဲ့ သဖြင့် ယခုလို အောင်မြင်မှုကိုရ ခဲ့ခြင်း ဖြစ်သည် ဟုလည်း သူမမှပြောကြား သွားခဲ့သည်။

သူမ အနေဖြင့် ကမ္ဘာ့စံချိန်သစ် တစ်ခုကို တင်နိုင်လိုက် သော်လည်း ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်စာအုပ် နှင့် ကမ္ဘာ့ ရွက်တိုက်လှေ တာဝန်ရှိ သူများမှာ သူမ၏ ခရီးကို မှတ်တမ်း မတင်ခဲ့ကြောင်း ၊ အဘယ်ကြောင့် ဆိုသော် အခြားသော ငယ်ရွယ်သူများမှ အားကျပြီး လိုက်ပါ လုပ်ဆောင် မည်ကို မလိုလား၍ ဖြစ်ကြောင်းလည်း သိရသည်။

Source: euro news.net

Credit http://www.mrtv4.net.mm

Laura Dekker
Source Photo from http://www.google.com/images