အို...မိခင်
(လှိုင်းဒေါန)
အို..မိခင် တစ်ရွာတစ်ပုဒ်ဆန်း
တစ်ကျောင်းတစ်ဂါထာတဲ့လား
အကိုကြီးက တစ်ပါတီ
အကိုလတ်က တစ်ဝါဒ
အကိုငယ်က တစ်ဗီဇ
အမေ့အိမ်က ကျဉ်းလွန်းလှပါတယ်။
အေးချမ်းတည်ငြိမ်စွာ စီးဆင်းနေတဲ့
မိခင်သံလွင်ဟာ
သားတွေရဲ့ အယူဝါဒ ဗီဇတွေကို
စည်းလုံးညီညွတ်အောင်
ဆောင်ကျဉ်းပေးနိုင်ပါ့မလား
တည်ငြိမ်အေးချမ်းအောင်
လမ်းပြပေးနိုင်ပါ့မလား။
သို့မဟုတ် ....တစ်ပါတီ တစ်ဝါဒ တစ်ဗီဇစီ
ဖြစ်နေတဲ့သားတွေကိုကြည့်ရင်း
ဝမ်းနည်းကြေကွဲစွာ ထွက်ခွါပြီး
ထားရစ်ခဲ့တော့မှာလား။
အို..မိခင် မရေရာတဲ့ ပုစ္ဆာတွေကြားမှာ
ေ၀၀ါးနေတဲ့မျက်လုံးတွေကို
နောက်ဆုံးနုတ်ဆက်တဲ့အနေနှင့်
မျက်စင်းခတ်ပေးသွားပါဦးလား။
(လှိုင်းဒေါန)
ကဗျာရေးသားပေးပို့သူ လှိုင်းဒေါနကို အထူးတလည်ကျေးဇူးတင်ပါတယ်။