• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 27, 2012

ချိပ်ပိတ်ခံကျောင်းတွေမှာ သံဃာတော်တွေ ပြန်သီတင်းသုံးခွင့်ရမည်

ရွှေည၀ါဆရာတော်
Source Photo from http://www.google.com/images

ချိပ်ပိတ်ခံကျောင်းတွေမှာ

သံဃာတော်တွေ ပြန်သီတင်းသုံးခွင့်ရမည်

by ဘီဘီစီ မြန်မာပိုင်းဌာန

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၀န်ကြီးဌာနက ချိတ်ပိတ်ထားတဲ့ဘုန်းကြီးကျောင်းတွေကို မိမိသဘောနဲ့ပြန်ဖွင့် သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်တွေဟာ အဲဒီကျောင်းတိုက်တွေမှာ ဆက်လက်သီတင်းသုံးနေထိုင်ခွင့်ရ ကြတော့မှာဖြစ်ပါတယ်။

မကြာသေးခင်ကမှပြန်လွတ်လာာကတဲ့ နိုင်ငံရေးအကျဉ်းသားသံဃာတော်တွေက ချိပ်ပိတ်ထားတဲ့ဘုန်းကြီး ကျောင်းတွေကို ပြန်ဖွင့်နေခဲ့ကြလို့ သူတို့ကို အာဏာပိုင်တွေဘက်က တရားစွဲအရေးယူဘို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်၊ ဒီအတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ကြားဝင်ဆောင်ရွက်ပေးခဲ့တာကြောင့် အရေးယူခံ ရနိုင်တဲ့အခြေအနေကနေ ကင်းလွတ်သွားကြတာဖြစ်တယ်လို့ ရွှေတောင်ကျောင်းတိုက်က ဆရာတော် ဦးပဏ္ဍာဝံသ ကမိန့်ပါတယ်။

သံဃာတော်ရဲ့အရေးကိစ္စကို အာဏာစက်နဲ့မဖြေရှင်းပဲ အခုလိုဓမ္မစက်နဲ့ဖြေရှင်းတာ ကျေနပ်တယ်လို့ ဆရာတော်ကမိန့်ပါတယ်။

တလအတွင်းကျောင်းတိုက်ကနေထွက်ခွါသွားရမယ့် ရွှေည၀ါဆရာတော်ကိစ္စနဲ့ တရားဟောခွင့်ပိတ်ပင်ခံထားရ တဲ့ ဒယ်အိုးဆရာတော်တို့ မကြာခင်ပြေလည်လာမည်လို့သိရကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားပါ တယ်။

၂၀၀၇ခုနှစ် သံဃာ့လှုပ်ရှးမှုမှာပါဝင်ခဲ့လို့ ချိပ်ပိတ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းတွေကတော့ မဂ္ဂင်ကျောင်း၊ ရွှေတောင်ကျောင်း၊ သာသနာ့ဗိမာန်ကျောင်း၊ သာသနာ့ဂုဏ်ရည်ကျောင်းနဲ့ သံလျင်မြို့နယ်ထဲက အောင်ဗောဓိ ကျောင်းတို့ ဖြစ်ကြပါတယ်။



January 27, 2012 Evening
Copy from http://www.bbc.co.uk/burmese/burma/2012/01/120127_mahana_monks.shtml



Source Audio from http://www.voanews.com/burmese
January 27, 2012 Evening


Source Audio from http://www.rfanews.org/burmese
January 27, 2012 Evening