မုတ္တမပင်လယ်ကွေ့ အနီးရှိ မြန်မာ့ကမ်းရိုးတန်း တစ်နေရာ
Source Photo from http://www.news-eleven.com
Source Photo from http://www.news-eleven.com
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
အားပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
အားပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
By featured, မြတ်မိုး
on January 27, 2012
ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ယနေ့ ကျင်းပသည့် Live Together with Wetland ဓာတ်ပုံပြပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးသည့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မေတ္တာရပ်ခံခဲ့သည်။
ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်စဉ်
(ဓာတ်ပုံ - ဧရာဝတီ)
(ဓာတ်ပုံ - ဧရာဝတီ)
“ကျမတို့နိုင်ငံမှာ အလွန်လှပတဲ့ ပတ်ဝန်းကျင်ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်ကို မထိန်းထားရင် ခဏလေးနဲ့ ပျက်သွားမှာပါ။
အခြားနိုင်ငံတွေမှာ ဘယ်လိုပျက်စီးသွားတယ်ဆိုတာ သင်ခန်းစာယူပြီး ကျမတို့နိုင်ငံ နောက်မကျမီ ထိန်းသိမ်းရမှာပါ” ဟု အခမ်းအနားဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းအခမ်းအနားတွင် မြန်မာ့ ရေတိမ်ဒေသအကြောင်း စုစည်းထားသည့်စာအုပ် ၂၀၀၀ ကျော်နှင့် CDများကို ထူး ဖောင်ဒေးရှင်းမှ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ရုရှား နိုင်ငံတွင် သားပေါက်ကာ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၌ ဆောင်းခိုနေကြသည့်
Spoon billed Sandpiper ငှက်များ
Source Photo from http://www.google.com/images
Spoon billed Sandpiper ငှက်များ
Source Photo from http://www.google.com/images
မြန်မာနိုင်ငံတွင် ဆောင်းလာခိုနေသည့် Spoon billed Sandpiper ငှက်
Source Photo from http://www.google.com/images
Source Photo from http://www.google.com/images
ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ဇန်န၀ါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ဓာတ်ပုံဆရာ ၂၁ တို့ဦး၏ ရှားပါးငှက်များ၊ ရေဝေရေလွှဲများ စသည့် ဓာတ်ပုံများ ပြသသွားမည်ဖြစ်သည်။
Copy from http://burma.irrawaddy.org/
January 27,2012 Evening
Source Audio from http://www.bbcburmese.com