• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, January 28, 2012

တော်လှန်လမ်းမှ အရိုးတွံသံ

လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ.အောင်နိုင်ခေါ် ရော်နယ်အောင်နိုင်
Source Photo from http://drkokogyi.wordpress.com
(ရွှေနားကွပ်တဲ့ တိမ်ဂွမ်းစိုင်)

တော်လှန်လမ်းမှ အရိုးတွံသံ

(မင်းစိုးစံ)

January 28, 2012

မိုးမခ ထဲကိုဝင်လိုက်တော့ လူကက်ဆက်ကို တွေ့လိုက်တယ်၊ ကိုထိန်လင်း ရဲ့လက်ရာဖြစ်ပါတယ်၊ ဗမာပြည် မြောက်ပိုင်းက လူကက်ဆက်အကြောင်းရေးထားတာပါ၊ အင်မတန်ကျောချမ်းစရာကောင်းပါတယ်၊ စာလုံးတွေ အားလုံးဟာ သွေးအိုင်ထဲ နစ်နေပါတယ်၊ မျက်ရည်တွေအောက်မြုတ်နေပါတယ်၊ အော်သံတွေကြားမှာ လူးလွန့် နေပါတယ်၊ နာကျင်မှုတွေနဲ့တွန့် လိန်နေပါတယ်။

ဖတ်လိုက်ရတဲ့ကျုပ်ကတော့ အနာဟောင်းတွေပြန်ရင်းလာပါတယ်၊ သေခြာတာက မှန်ကြည့်တိုင်း နားဖူးပေါ်က အမာရွတ်ကို မြင်ပြီး မဟော်သဓာအပေါ် အခဲမကြေနိုင်တဲ့ ကေးဝပ်ပုဏ္ဏားလိုမဟုတ်တာပါ။ ဘာဖြစ်လို့လဲမေး လျင် ကျုပ်ဟာ မဟော်သဓာလို ပညာရှိကို ယှဉ်နိုင်တဲ့ ကေးဝပ်ပုဏ္ဏားလိုလူစားမဟုတ်လို့ပါပဲ။

ကျုပ်တို့တိုင်းပြည်ကြီးရဲ့ သမိုင်းကြောင်းကိုကြည့်လိုက်လျင် ကောင်းတာဆိုလို့ ဘာတခုမျှမရှိဘူး၊ ငြိမ်းချမ်းခြင်း သာယာခြင်း ဆိုတာတွေကို သွေးတွေနဲ့လောင်းပစ်ကြတယ်၊ မျက်ရည်တွေနဲ့မျှောပစ်ကြတယ်၊ ငိုကြွေးသံတွေနဲ့ ဖြိုလှဲပစ်ကြတယ်။ ဒီနေ့အထိပဲ။

လွန်ခဲ့တဲ့ ၁၉၈၀ ပတ်ဝန်းကျင်လောက်တုန်းက ကျုပ်သူငယ်ချင်းရဲ့အဖေဗမာ့တပ်မတော်က (စစ်ပြန် စစ်မှုထမ်းဟောင်း) ကို မေးကြည့်ဘူးတယ်ဗျ။

သူ့သားနဲ့ကွဲနေရာက နှစ်ပေါင်းနှစ်ဆယ်ကျော်မှ ပြန်တွေ့တဲ့ပွဲလေးပေါ့ဗျာ၊ သူ့သားက KNU အထူးတပ်ရင်း၁၀၁ ခွဲ ၅ က တပ်သားတယောက်ပါ၊ ကျုပ်တို့ကျုံပိုင်းရွာကို ဗမာ့တပ်မတော်က မီးရှို့ဖျက်ဆီး ကြက်ဆွဲ ၀က်ဆွဲ နွားဆွဲ ထမင်းအိုးတွေ ပစ်ဖေါက် မိန်းမတွေကို စိတ်ထင်တိုင်းမတရားပြုကျင့်တဲ့ အချိန်ပေါ့။

အဲဒါသူ့သားကလည်း တပ်ကနေ ခွင့်ယူပြီးပြန်အနား ရွာထဲကို ၀င်လာတဲ့ ဗမာ့တပ်မတော်ကို ပျောက်ကြား ၀င် ပစ်ရင်း နှာရိုးမှာ ဒါဏ်ရာရသွားတဲ့အချိန်၊ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေကလည်း တပ်ကနေ ရွာ ကိုပြန်လာတဲ့အချိန်ပေါ့ဗျာ။

အဖေက ဗမာ့တပ်မတော်က၊ သားက ကရင့်တပ်မတော်က၊ တယောက်နဲ့တယောက် တွေ့ကြတဲ့အချိန်ကလေး၊ အမေလုပ်သူက ဒါ မင်းအဖေ၊ ဒါရှင့်သား ဆိုပြီးပြန်ပြောပြရတဲ့အဖြစ် သားကဒါဏ်ရာနဲ့ အိပ်ယာထဲလဲနေတဲ့အ ဖြစ် အဖေဖြစ်တဲ့သူက လည်း ခြေမသန်လက်မသန်နဲ့ဒုက္ခိတ အမေလုပ်တဲ့သူ စကားတောင်မပြောနိုင်တော့ဘူး။

နောက်ဆုံးတော့ဗျာ ကျုပ်သူငယ်ချင်း အဲဒီဒါဏ်ရာနဲ့ သွေးလွန်ပြီးဆုံးသွားတယ် လျော်ကြေးမရဘူး တာဝန်ပ ဖြစ်နေလို့
တဲ့ဗျာ၊ တာဝန်ပဆိုတာကိုတော့ စစ်သားတွေသိကြပါတယ်၊ အဖေဖြစ်သူကတော့ ပြောပါတယ် တာ ၀န်အပဆိုပေမယ့် ဂရုဏာကြေးလောက်တော့ ရသင့်ပါတယ်တဲ့။

ထားလိုက်ပါတော့ ဒါတွေကို ကျုပ်ပြောချင်နေတာမဟုတ်ပါဘူး၊ ကျုပ်ပြောချင်တာက အဲဒီကျုပ်သူငယ်ချင်းရဲ့ အဖေ(စစ်ပြန်စစ်မှုထမ်းဟောင်း)ကို ကျုပ်မေးတဲ့မေးခွန်းကိုပြောချင်နေတာပါ။

ဦးလေး ကရင်နဲ့ ဗမာ စစ်တိုက်နေကြတာ ဘယ်တော့လောက်ကြာလျင် ပြီးမှာလဲ လို့မေးတော့ သူပြောပြတာ လေး ကျုပ်ပြန်ရေးပြမယ် မင်းမှတ်ထားငါ့တူ ကရင်နဲ့ဗမာပြဿနာဆိုတာ ဘယ်တော့မျှမပြီးနိုင်ဘူး၊ ဘာကြောင့် လဲဆိုလျင် အခုမှမဟုတ်ဘူး ဟိုး အင်္ဂလိပ်လက်ထက်ကစ ဂျပန်ဝင်တဲ့အထိကိုကြည့်လျင် ကရင်တွေကို ဗမာက သတ်လိုက် ဗမာတွေ
ကို ကရင်တွေကသတ်လိုက် လုပ်နေတာ ဘယ်လိုလုပ်ပြီးနိုင်မှာတုန်းကွာ၊ ဘယ်တော့မျှ မပြီးဘူး။

ကဲအခုလည်းကြည့်ပါဦး လူကက်ဆက်ဆိုတဲ့အကြောင်းအရာ၊ ကိုယ်တော်လှန်နေတဲ့အုပ်စုက သတ်လို့သေရတဲ့ လူ၊ ကိုယ့်အချင်းချင်း သတ်လို့သေရတဲ့လူ၊ ဘယ်လောက်တောင်သေကြေနေကြရပြီလဲ၊ ABSDF ဆိုတာက ၁၉၈၈ နောက် ပိုင်းမှ ပေါက်ဖွါးလာတဲ့ အဖွဲ့အစည်းတောင် ဒီလိုတွေဖြစ်နေသေးတယ်ဆိုလျင် ကာလကြာ ရှည်တဲ့အဖွဲ့အစည်းသာ ဖြစ်ခဲ့
မယ်ဆို လျင်တော့ တွေးတောင်မတွေးရဲဘူး။

KNUထဲကနေ သူမူဟဲတို့ထွက်သွားတုန်းက သူမူဟဲအဖွဲ့နဲ့ ပစ်ကြခတ်ကြလို့သေကြေဒါဏ်ရာရကြရတဲ့ကရင်၊ နောက်တခါ ထပ်ခွဲထွက်တဲ့ DKBAနဲ့ သတ်ကြဖြတ်ကြလို့ သေကြေဒါဏ်ရာရကြတဲ့ကရင်တွေ နောက်တခါ KPC ဆိုတဲ့ ဒေါက်တာ
တီးမိုသီနဲ့ တပ်မဟာ၇ တပ်မဟာမှူး ဗိုလ်ထိန်မောင်တို့အဖွဲ့နဲ့ သတ်ကြဖြတ်ကြလို့ သေတဲ့ ကရင် တွေ BGF ဆိုတာကိုပါ ထည့်တွက်လိုက်လျင် မနည်းဘူး။

အဲဒီနှစ်ဘက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားရတဲ့ ကရင့်စစ်သည်တော်တွေထဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး စစ်ရေး
ထက်မျက်တဲ့ စစ်သည်တော်တွေ ဘယ်နှစ်ယောက်ပါသွားပြီလဲ၊ ရန်သူက ဘာမျှလုပ်စရာမလိုပဲ တဘက်နဲ့ တ ဘက် ဖြစ်နေကြတာ၊ ကျုပ်တို့ကရင်အချင်းချင်းမှာသာ မင်းက KNU ငါက DKBA သူကတော့ KNU/KNLA PC ဟိုလူတွေကBGF ဆိုပြီးခွဲနေတာ ဗမာစစ်အစိုးရဘက်ကတော့ ရှင်းတယ်၊ ဟေ့ ဒီကရင်တွေအားလုံး အတူတူပဲ အကုန်သတ်ပစ်လိုက် ဆိုပါလား။

နောက်ဆုံးတော့ဗျာ ဘာမျှမဟုတ်ပါဘူး သံသယဆိုတဲ့ စိတ်ကြောင့် အခုလိုဖြစ်နေရတာပါ၊ သံသယ ဆိုတာမရှိ တော့ ဘူးဆိုလျင် ကရင်နဲ့ကရင်ကြားမှာပဲဖြစ်ဖြစ် ကရင်နဲ့ဗမာကြားမှာပဲဖြစ်ဖြစ် ခွင့်လွှတ်ခြင်းတရားနဲ့ယုံကြည်မှု ကိုတည်
ဆောက်ကြမယ်ဆိုလျင် ငြိမ်းချမ်းခြင်း ဖွံ့ဖြိုးတိုးတက်ခြင်း စတာတွေဟာအမြန်ဆုံးအကောင်အထည် ပေါ်လာ
အောင် ဖေါ်ဆောင်နိုင်ကြမယ့်အရာပါ။

တခုတော့ရှိပါတယ် ဖြစ်ပြီးသားတွေကို မေ့ပစ်လိုက်ဘို့မဟုတ်သလို အညှိုးအတေးထားဘို့လည်းမဟုတ်ပါဘူး၊ နောင်ကာ လမှာ ရွံမုန်းစရာကောင်းတဲ့ အဖြစ်ဆိုးမျိုး ဖြစ်မလာအောင် သင်္ခဏ်းစာ ယူဘို့အတွက် မှတ်သားထား ဘို့သာဖြစ်တယ်ဆို
တာ အမှန်တကယ်နားလည်လက်ခံဘို့ လိုအပ်ကြောင်းပါ။

မောင်မောင် (ရွှေကရ၀ိတ်)နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းခန်း


Source Audio from http://www.bbcburmese.com
January 28, 2012 Morning

ကိုထိန်လင်း(လူကက်ဆက်)နဲ့ အာရ်အက်ဖ်အေ ဆက်သွယ်မေးမြန်းခန်း


Source Audio from http://www.rfanews.org/burmese
January 28, 2012 Evening

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး