Russian ISS Progress 46 will launch from the Baikonur Cosmodrome in Kazakhstan with NASA providing live television and internet coverage at 5:45 PM EST, Wednesday January 25, 2012.
The is scheduled for 6:06 p.m. EST on Jan. 25 (5:06 a.m. Baikonur time Jan. 26).
Source Photo from http://spaceports.blogspot.com
The is scheduled for 6:06 p.m. EST on Jan. 25 (5:06 a.m. Baikonur time Jan. 26).
Source Photo from http://spaceports.blogspot.com
ရုရှား နိုင်ငံတွင် ကုန်တင် အာကာသယာဉ်
အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့
အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့
28 Jan, 2012
ရုရှား နိုင်ငံဟာ Progress 46 ကုန်တင် အာကာသယာဉ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဒေသ စံတော်ချိန် နံနက် ၅ နာရီ ၆ မိနစ်မှာ ကာဇက်စတန်ရှိ Baikonur အာကာသ စခန်းကနေ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ကုန်တင် အာကာသယာဉ်ကို Soyuz ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာ အာကာသ စခန်းရှိ အာကာသ ယာဉ်မှူးတွေ အတွက် စားနပ်ရိက္ခာ ၊ လောင်စာနဲ့ ပစ္စည်းကိရိယာ တန်ချိန် ၂.၉ တန်ကို သယ်ေ ဆာင် သွားခဲ့ပါတယ်။
အဆိုပါ Progress 46 ထောက်ပံ့ရေး ကုန်တင် အာကာသယာဉ်ဟာ ဒေသ စံတော်ချိန် စနေနေ့ နံနက်ပိုင်းမှာ နိုင်ငံတကာ အာကာသ စခန်း ရဲ့ Pirs ဆိပ်ကမ်းကို ဆိုက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ရုရှား နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လ အတွင်းကလည်း ကုန်တင် အာကာ သယာဉ် ၁စင်း လွှတ်တင်ခဲ့ ပေမယ့် လွှတ်တင်ပြီး မိနစ်ပိုင်း အတွင်းမှာ ပျက်ကျ သွားခဲ့ပါတယ်။
ဒါ့ကြောင့် အခုလို ကုန်တင် အာကာသ ယာဉ် ကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့တာဟာ ရုရှား အာကာသ အေဂျင်စီ အတွက် အရေးပါတဲ့ အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါ တယ်။ နိုင်ငံတကာ အာကာသ စခန်းမှာတော့ ရုရှား အာကာသ ယာဉ်မှူး ၃ ဦး ၊ အမေရိကန် အာကာသ ယာဉ်မှူး ၂ ဦးနှင့် နယ်သာလန် အာကာသ ယာဉ်မှူး ၁ ဦးတို့ တာဝန် ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
Credit http://www.mrtv4.net.mm