• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 13, 2012

ခြိမ်းခြောက်မှုများရှိကြောင်း အမေရိကန်တို့ သတိပေး



ဘန်ကောက်တွင် ခြိမ်းခြောက်မှုများရှိကြောင်း

အမေရိကန်တို့ သတိပေး


14 Jan, 2012

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှိနေသည့် အမေရိကန် သံရုံးမှ သောကြာနေ့က ထုတ်ပြန်ချက်အရ ထိုင်းမြို့တော် ဘန်ကောက်ရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် အကြမ်းဖက်တိုက်ခိုက် ခံရနိုင် သည့် ဖြစ်ရပ်များဖြစ် လာနိုင်ေ သာ ခြိမ်းခြောက်မှုများကို ရရှိထားကြောင်း သတိပေးပြောကြားလိုက်ပြီ ဖြစ်သည။်

နိုင်ငံခြားမှလာရောက်သည့် အကြမ်းဖက်သူများမှာ များမကြာသည့် ကာလများအတွင်း ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်ေ လ့ရှိသော နေရာများကို တိုက်ခိုက်လာနိုင်သည့် ဖြစ်ရပ်များရှိနေကြောင်း အမေရိကန်သံရုံး ဝက်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံသားများအနေဖြင့် လူထူထပ်သည့်နေရာများကိုသွားရောက်လည်ပတ်ပါက သတိထားသွား
လာကြရန်နှင့် အထူးသဖြင့် ဘန်ကောက်မြို့ရှိ ခရီးသွားများ လည်ပတ်ရာနေရာများအတွင်း အုပ်စုလိုက်ခရီးသည်
များ အများစုသွားရောက်လေ့ရှိသည့် နေရာများတွင် သတိထား သွားလာကြရန်လည်း တိုက်တွန်းနှိုးဆော်
ထားကြောင်းသိရသည်။

ထိုင်း ရဲတပ်ဖွဲ့မှာလည်း ဟဇ်ဘိုလာ ပြောက်ကျားများနှင့် အဆက်အသွယ်ရှိကြောင်း စွပ်စွဲချက်ဖြင့် လက်ဘနွန် နိုင်ငံ သားတစ်ဦးကို ဖမ်း ဆီးထားကာ ထိုင်းဒုတိယဝန်ကြီးဖြစ်သူ Chalerm Yubamrung ၏အပြောအရ ၎င်းအနေဖြင့် လွန်ခဲ့သည့် နှစ်သစ်ကူး ကာလက လည်း ပါလက်စတိုင်း စစ်သွေးကြွများမှ အစ္စရေးနိုင်ငံသားများကို တိုက်ခိုက်
နိုင်ကြောင်း သတင်း ရရှိခဲ့သေးသည်ဟု လည်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့မှာ အီရန်တို့နှင့် တင်းမားသည့် အနေအထားတွင်ရှိနေပြီး အီရန်နိုင်ငံမှာ ဟဇ်ဘိုလာ ပြောက်ကျားများနှင့် နီးစပ်ကြောင်းလည်း AP သတင်းတွင်ဖော်ပြခဲ့သည်။


source : AP

Credit http://www.mrtv4.net.mm



Copyright © 1998-2011 Radio Free Asia. All rights reserved.