တယောက်တည်း ငြိမ်းချမ်းနေတော့မှာလားဗျာ
အတွေးအခေါ်နှင့်ဆင်ခြင်တုံတရားကင်းမဲ့သူတစုမှ အာဏာနှင့်အင်အားအရည်အတွက်ကိုရ,ယူကာ
ဖိနှိပ် အနိုင်ယူမှုကြောင့် သမိုင်းပေးတာဝန်ကျေပြွန်လိုသူတို့ပျောက်ကွယ်ခဲ့ရသည်မှာ များလွန်းလှပြီဖြစ်၏။
ထိုအကျိုးဆက်သည်ကား
နိုင်ငံတနိုင်ငံ(သို့မဟုတ်)လူမျိုးတမျိုး(သို့မဟုတ်)မိသားစုတစု၏သမိုင်းကြောင်းမကောင်းခြင်းပင်ဖြစ်၏။
မန်းထက်ခေါင်
ကရင့်သမိုင်း သုတေသနအဖွဲ့
နိုင်ငံသစ်စာစောင်။

အာဃာတ မရှိပါဘူး။ အန်ကယ်က အခုဆိုရင် ဘာသာရေး လုပ်နေတာပါ။ ဘာသာရေး အခြေခံပြီးတော့မှ ဒါက ဖြစ်ပြီးရင် ပျက်မယ်။ ကံ ကံ၏အကျိုး ဒါတွေကို သိပ်ပြီးတော့ သဘောပေါက်သွားပြီ။ ဘုရားတရား လုပ်နေရတဲ့အတွက် အခုလို လုပ်နေရတာကိုပဲ ကံကောင်းတယ်လို့ တဖက်က ယူဆမိတယ်လေ။ အဲဒီတော့
အေးအေးဆေးဆေးနဲ့ အေးအေးချမ်းချမ်းနဲ့ မိသားစုဘဝ ပြန်ပြီး နေရတော့မယ်ဆိုတော့ ပိုပြီးစိတ်ချမ်းသာ တယ်။