• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 25, 2012

ဘင်္ဂလာဒေ့ခ်ျ ရခိုင့် ဗုဒ္ဓဘာသာဖွံ့ဖြိုးရေး အသင်းကြီး အစိုးရ တရားဝင် စာရင်းမှ ပယ်ဖျက်ခံရ

ရခိုင်အသင်းကြီး ခေါင်းဆောင်များ

ဘင်္ဂလာဒေ့ခ်ျရခိုင့် ဗုဒ္ဓဘာသာဖွံ့ဖြိုးရေး အသင်းကြီး

အစိုးရ တရားဝင်စာရင်းမှ ပယ်ဖျက်ခံရ


News Date:1/25/2012


ထွန်းထွန်း
-----------
ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ ရခိုင့် ဗုဒ္ဓ ဘာသာဖွံ့ဖြိုးရေး အသင်းကြီးကို ဇန္န၀ါရီ ၂၄ရက်နေ့က အစိုးရမှ တရားဝင် ပယ်ဖျက်ပြီ ဖြစ်ကြောင်း ဒေသထုတ် သတင်းစာ တချို့တွင် ရေးသားဖေါ်ပြသည်။


အသင်းကြီး၏ လက်ရှိဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်နေသော ဦးဦးမောင်သိန်းအား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူအနေနှင့် မည်သည့် အတွက်ကြောင့် ပယ်ဖျက်ခံရသည်ကို တိတိကျကျ မသိရှိရသေးကြောင်းနှင့် ပယ်ဖျက် ခံရသည်ဆိုပါကလည်း ယခင်က ဖြစ်ခဲ့သော ပြဿနာများနှင့် သက်ဆိုင်နိုင်ကြောင်း နိရဉ္စရာသို့ ယခုလိုပြောသည်။

"ကျနော် သိရသလောက် ၂၀၀၉-ခုနှစ်က ဖြစ်ခဲ့တဲ့ ပြဿနာလို့ ထင်တယ်။ ဒီကိစ္စနဲ့ ၂၀၀၉-ခုနှစ်က ဥက္ကဌ ဦးရီကို ရုံးက ခေါ် တယ်လို့တော့ ကြားတယ်။ ရုံးကို ရောက်လား မရောက်လားတော့ မသိဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ဘာ ကြောင့် ပယ်ချခံရတယ်ဆိုတာ မသိရသေးဘူး။ စာရွက်စာတမ်းတွေကို ကြည့်ရအုံးမှာ ဖြစ်တယ်။ ၂၀၀၉-ခုနှစ် က ဖြစ်ပျက်ခဲ့တဲ့ စာရွက်စာတမ်းတွေ ကိုရှာရအုံးမှာဖြစ်ပါတယ်။ ခုကျနော်တို့ လက်ရှိ တာဝန်ယူ နေစဉ်အတွင်း မှာတော့ ဘာမှ ပြဿနာမရှိဘူး လို့ထင်ပါတယ်" ဟု ပြောသည်။

ယခု ကိစ္စကို မည်သို့ဖြေရှင်းရန် စီစဉ်နေကြောင်းမေးမြန်းရာ၎င်းက ယခုကဲ့သို့ ဆက်ပြောသည်။

" ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ ညှိနိုင်း တိုင်ပင်ပြီး ဆက်လက် လုပ်ဆောင်သွားပါမယ်။ အခု အဖွဲ့ရဲ့ စာရွက် စာတန်းတွေကို ပြန်လည် စိစစ်နေပါတယ်။ ကျနော်တို့ဘက်က အစီရင်ခံစာတွေ ပုံမှန် ပေးပို့ဖို့ ပျက်ကွက်တဲ့ အတွက် အစိုးရက ပယ်ဖျက်တယ်ဆိုရင် ပြန်တင်ရင် အစိုးရက ပြန်လည် အသိအမှတ် ပြုနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်" ဟုပြောသည်။

နှစ်စဉ် ထောက်ပံ့ ပေးထားသော လုပ်ငန်း အစီရင်ခံစာများကို အစိုးရသို့ မပေးပို့နိုင်ခြင်း၊ရှေ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ် မလုပ်ဆောင်နိုင်ခြင်း စသည့် အားနည်း ချက်များကြောင်း အဆိုပါ အဖွဲ့များကို ကိုင်တွယ်နေသူ ဒါရိုက်တာ နာဆိမ်းမဘေဂေါင်က တရားဝင် လက်မှတ် ရေးထိုးပြီး ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း The daily ajker deshbidesh သတင်းစာတွင် ရေးသား ဖေါ်ပြသည်။

၎င်းအပြင် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် အတွင်း အစိုးရမှ အသိအမှတ်ပြုခံထားရသော အဖွဲ့ အစည်းပေါင်း ၁၉၇ ခုကို အစိုးရမှ ပယ်ဖျက်လိုက်ရာတွင် ရခိုင့် ဗုဒ္ဓဘာသာ အဖွဲ့ပေါင်း ၁၂ ဖွဲ့ပါဝင်သည်ဟု သိရသည်။

ဖလောင်းချိတ်မှ ရခိုင် အမျိုးသား တစ်ဦးက ယခုကဲ့သို့ ရခိုင် လူမျိုးများအတွက် အရေးကြီးဆုံးသော အသင်းအဖွဲ့အစည်းကြီး တစ်ခု ပယ်ဖျက်ခံရခြင်းမှာ ရခိုင်သားများ အချင်းချင်းကြားတွင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက်မူများ ပြင်းထန်လာသဖြင့် အစိုးရက အမြင်ကပ် ပုဒ်မဖြင့် ပယ်ဖျက်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

ဘင်္ဂလားဒေ့ခ်ျ ရခိုင် ဗုဒ္ဓဘာသာဖွံ့ဖြိုးရေး အသင်းမှာ ရခိုင်အမျိုးသားများကို ကိုယ်စားပြု ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပြီး ၎င်းအဖွဲ့ကို ၁၉၈၈-ခုနှစ်က ဖွဲ့စည်းခဲ့သည်။ လက်ရှိ အဖွဲ့ကို ဦး ဆောင်နေသော တာဝန်ရှိ ပုဂ္ဂိုလ်များမှာ ဥက္ကဌအဖြစ် ဦးဦးမောင်သိန်း၊ အတွင်းရေးမှူး ဦးမောင်လှသိန်းတို့ ဖြစ်ကြပြီး အဖွဲ့ဝင်အင်အား (၁) ထောင်နီးပါးရှိကြောင်း သိရသည်။


Copy from http://www.narinjara.com/detailsbur.asp?id=3749