• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 25, 2012

အာဖဂန်ရှိ အမေရိကန် စစ်စခန်း ၂ ခု တိုက်ခိုက်ခံရ

Source Photo from http://www.google.com/images

အာဖဂန်ရှိ အမေရိကန် စစ်စခန်း ၂ ခု တိုက်ခိုက်ခံရ

25 Jan, 2012

တာလီဘန် စစ်သွေးကြွ များမှာ ၎င်းတို့ အနေဖြင့် အာဖဂန် နိုင်ငံ အရှေ့ တောင်ပိုင်းတွင် ရှိသည့် Khost ခရိုင်မှ အမေရိကန် စစ်အခြေစိုက် စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန် ပြောကြား လိုက်ကာ ထိခိုက် သေဆုံးသူ များပြား ကြောင်းလည်း ပြောကြား လိုက်သည်။

အဆိုပါ စစ်သွေးကြွ အုပ်စုမှာ ယင်းအခြေစိုက် စခန်းများသို့ ဒုံးကျည်များဖြင့် အင်္ဂါနေ့က တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
တာလီဘန် ပြောရေး ဆိုခွင့်ရှိသူ Zabiullah Mujahid ၏ အပြောအရ ၎င်းတို့ အနေဖြင့် အမေရိကန် အခြေစိုက် စခန်း
များသို့ ဒုံးကျည် ရှစ်လုံး အထိ ထိမှန်အောင် ပစ်ခတ် နိုင်ခဲ့ကြောင်းလည်း ပြောကြား သွားခဲ့သည်။

အာဖဂန် ဒေသခံ တာဝန်ရှိ သူများ၏ အပြောအရ ယင်းတိုက်ခိုက်မှုမှာ Sabari မြို့တွင် ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ပြီး ထိခိုက်မှုများ မရှိကြောင်း ပြောကြား ခဲ့သည်။ ယခုလ အစောပိုင်း ကလည်း အမေရိကန်တို့၏ အကြီးဆုံး လေဆိပ် အခြေစိုက် စခန်း တစ်ခု ဖြစ်သည့် Bagram အခြေစိုက် စခန်းမှာ ဒုံးကျည် ထိမှန်ခံ ခဲ့ရကြောင်း သိရကာ တာလီဘန် များက ၎င်းတို့၏ လက်ချက် ဖြစ်သည်ဟု ကြွေးကျော် ခဲ့ကြောင်းလည်း သိရသည်။

တာလီဘန် တို့မှာ အာဖဂန်ရှိ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့ဝင် များကို တိုက်ခိုက်မှု များမှာ ယခု တစ်လောတွင်
ပြင်းထန်လာခဲ့ ကြောင်းလည်း သိရသည်။

source : Presstv.ir

Credit http://www.mrtv4.net.mm