• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 6, 2012

ယုံကြည်မှုကင်းမဲ့သော မျှော်လင့်ချက်


ယုံကြည်မှုကင်းမဲ့သော မျှော်လင့်ချက်

(မင်းစိုးစံ)

မျှော်လင့်ထားတာကတော့ အားလုံးအတွက်အကောင်းဆုံးပေါ့ ဒါပေမယ့်မယုံဘူး၊လုံးဝကိုမယုံတာ။
ယုံကြည်စ ရာအချက်တွေကိုရှာကြည့်တယ်၊ တချက်မျှမတွေ့ဘူး တကွက်မျှမတွေ့ဘူး၊ သူတို့ကိုယ်တိုင်ကလည်း
ဝန်ခံပြီးသားပါ။

ခေါက်ရိုးကျိုးနေတဲ့ အကျင့်လား၊ ယဉ်ကျေးမှုတရပ်ကို ပြောင်းလွဲဘို့ခက်ခဲနေတယ်လို့ပဲဆိုမလား၊ အရိုးစွဲနေ တဲ့အလေ့အကျင့်လို့ပဲ သတ်မှတ်မလား၊ ကျုပ်တို့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့ ဗမာစစ်အစိုးရ ဆိုတဲ့ လူပုဂ္ဂိုလ်တွေဟာ အကျင့်နည်းနည်းလေးမျှမကောင်းတာတော့အမှန်ပဲ။

သူတို့တတွေဟာ အာဏာကိုအသုံးပြုပြီးရလာတဲ့ အကျိုးအမြတ်အပေါ်မှာ သာယာမိန်းမောတတ်တဲ့ အကျင့် ဆိုးတွေ
ကို ခုံမင်မက်မောလာရာကနေ အခုလို ကောင်းရာမွန်ရာ အလုပ်တွေကို ဆိုင်းမဆင့်ဗုံမဆင့် လုပ်ကြစို့လို့ အသံ ထွက်လာတာနဲ့ အားလုံးမျက်ပြူးဆံပြာဖြစ်ကုန်တော့တာပါပဲ။

ဗုဒ္ဓဘုရားရှင်လက်ထက်တုန်းက လူဆိုးတယောက်ကို ကြင်နာစုံမက်ပြီး ခင်ပွန်းသည်အဖြစ်လက်ထပ်ပေါင်းသင်းခဲ့
တဲ့ သူကြွယ်သမီးတယောက်အကြောင်းကြားဘူးကြမှာပေါ့။

လူဆိုးကြီးကို ထောင်ကထုတ်ပြီး သတ်မယ့် ဆဲဆဲမှာ သူကြွယ်မိန်းကလေးက ထောင်သားတွေလက်ထဲက ငွေနဲ့
ဝယ်ပြီး အိမ်ဦးနတ်အဖြစ်ပေါင်းသင်းတဲ့အခါ စည်းစိမ်ဥစ္စာတွေ အပြည့်အစုံနဲ့ နေထိုင်စားသောက်ရပေမယ့် ခိုးဆိုးလူယက်သတ်ဖြတ်ချင်တဲ့အကျင့်ကို ဖျောက်လို့မရဘူးတဲ့။

နောက်ဆုံးတော့ဗျာ သားသတ်သမားတွေရဲ့ လက်ထဲကနေ အသက်ကယ်ခဲ့ပြီး တရိုတသေနဲ့စည်းစိမ်ဥစ္စာတွေ
အခြွေအရံတွေ ကိုယ်လုပ်တော်တွေနဲ့ ထားပေးတဲ့ ကျေးဇူးရှင်ဇနီးမယားကိုတောင် သတ်ဘို့ကြံတဲ့ လူဆိုးလို
အင်မတန် ဆိုးတဲ့ မသိဆိုးရွားနိုင်တဲ့အစိုးရဆိုတာ ဗမာစစ်အုပ်စုအစိုးရပဲဗျ။

ကောင်းရောင်းကောင်းဝယ်မလုပ်စားတတ်လေတော့ ဘာပဲလုပ်လုပ်ဘာပဲကိုင်ကိုင် လူသတ်ရမှ မုဒိန်းကျင့်ရမှ သူများမျက်ရည်ကျမှ စားဝင်အိပ်ပျော်ကြတာများ ဗမာ့တပ်မတော်က လေ့ကျင့်သင်ကြားပေးလိုက်တာများ
လားမှတ်တယ်။

အခုလည်းကြည့်ပါဦး၊ ငြိမ်းချမ်းရေးဆွေးနွေးဘို့ အချိန်နီးကပ်နေတာတောင်မျှ ကရင်တယောက်ကိုပစ်သတ် လိုက်သေးတယ်၊ အဲဒါသူတို့သတ်မှတ်ထားတဲ့ သူတို့နားလည်တဲ့ ငြိမ်းချမ်းရေးပေးတယ်ဆိုတာ အသေသတ်
တာကို ငြိမ်းချမ်းရေးလို့ နားလည်သတ်မှတ်ထားကြတဲ့ အတိုင်းလက်တွေ့လုပ်ပြလိုက်တာပဲဗျို့။

ကရင်အမျိုးသားအစည်းအရုံးက ဒုဥက္ကဌကတော့ ပြောရှာပါတယ်၊ ငြိမ်းချမ်းရေးအောင်မြင်ဘို့ဆိုတာ နှစ်ဘက် စလုံး စောင့်စည်းထိန်းသိမ်းနိုင်ကြမှ ဖြစ်မယ်တဲ့။

အခုတော့ သူတို့စစ်အုပ်စုက သူတို့စောင့်စည်းထိန်းသိမ်းပုံလေးကို နမူနာ(အမြည်းသဘော)လေး အချက်ပြ လိုက်တာဖြစ်ပါတယ်။ ဒါဆို ဦးခွန်ထွန်းဦးပြောသလို အပြည့်အ၀မျှော်လင့်ပေမယ့် ယုံကြည်ဘို့ သိပ်ခက်နေပြီ
လို့ ယုံကြည်ယူဆ ကြောင်းပါခင်ဗျား။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)