• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 6, 2012

အင်းစိန်မြို့နယ် ရွာမ(အနောက်) သံမဏိစက်ရုံမီးလောင်

စက်ရုံအတွင်း မီးငြှိမ်းသတ်ပြီး ပြန်ထွက်လာသည့် မီးသတ်ယာဉ်တစ်စီး

အင်းစိန်မြို့နယ် ရွာမ(အနောက်)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးပိုင် အမှတ်(၃) သံမဏိစက်ရုံအတွင်း မီးလောင်မှုဖြစ်ပွား

Friday, 06 January 2012


အင်းစိန်မြို့နယ်၊ ရွာမ (အနောက်)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် အမှတ်(၃) သံမဏိစက်ရုံအတွင်း ဇန်န၀ါရီလ ၆ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"ည ၈ နာရီခွဲဝန်းကျင်လောက်က စက်ရုံဝင်းအတွင်းမှာလောင်တာပါ။ ပေါက်ကွဲသံတွေ ဘာတွေတော့မကြားရပါဘူး။ သံတွေဖြတ်တဲ့ ဖြတ်စက်က မီးပွားလွင့်ပြီး ဘေးမှာပုံ ထားတဲ့ ကားကူရှင်လိုဆိုဖာမျိုးတွေ ပေါ်ကျပြီးလောင်တယ်လို့တော့ ပြောတာပဲ။ မီးလောင်လို့ မီးသတ်ကားတွေ ရောက်လာတော့ အဲဒီစက်ရုံက၀င်ခွင့်မပေးဘူးလို့သိရပါတယ်။ နောက်ပိုင်းမှ မီးသတ်ကားအချို့ကို ၀င်ခွင့်ပေးလိုက်တာပါ။ အခုလည်း အဲဒီစက်ရုံထဲကို ဘယ်သူ့မှ ၀င်ခွင့်မပေးတာ မြင်တဲ့အတိုင်းပါပဲ။ ၉ နာရီ ၁၀ မိနစ် လောက်တော့ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ လူတွေထိခိုက်ဒဏ်ရာ ရတယ်လို့တော့ မကြားမိပါဘူး" ဟု မီးလောင်မှုဖြစ်ပွားရာသို့ လာရောက် ကြည့်ရှုသည့် ရွာမ(အနောက်)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများသို့ အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။

Copy from http://www.news-eleven.com