စာရေးဆရာ ဆရာမောင်သာရ
Source Picture from http://www.google.com/images
Source Picture from http://www.google.com/images
စာရေးဆရာ ဆရာမောင်သာရကို ကျုပ်မတွေ့ဘူးခင်ကတည်းကိုက လေးစားပြီးသားပါ။ သူ့ကိုမထင်မှတ်တဲ့နေရာမှာ တွေ့လိုက်ရတော့ အံ့အားသင့်မိတာအမှန်ပါ၊ ရန်ကုန်လိုမြို့ကြီးတနေရာကနေ ထိုင်းနိုင်ငံ ကန်ချနပူရီ ပါထော့ကျေးနယ်က မြန်မာကျောင်းသားများစခန်းမှာ တွေ့လိုက်ရတာဆိုတော့ မအံ့သြ ပဲနေနိုင်ပါ့မလား။
သူရေးတဲ့ဝတ္ထုတွေက အများသား၊ အဲဒီအထဲကမျှ ရုပ်ရှင်အဖြစ် ဖန်တည်းတင်ဆက်ထားတာတွေလည်း ရှိနေ တဲ့ နာမည်ကျော် စာရေးဆရာတယောက် အခုလိုလူငယ်လူရွယ်တွေ နေတဲ့နေရာကိုရောက်လာတယ်ဆိုက တည်းက လာချင်လို့လာတာမဟုတ်ဘူးဆိုတာကိုတော့ သိနေပါတယ်။
သတင်းစာဆရာကြီး မောင်စင်ကြယ်လည်း ရောက်လာတယ်ပြောတယ်၊ ဆရာကြီးမောင်စင်ကြယ် တတိယနိုင် ငံထွက်ပြီးတဲ့ နောက်မှ ကျုပ်က မြန်မာကျောင်းသားစခန်းထဲရောက်လာတာဆိုတော့ မတွေ့လိုက်ရဘူး။
သူရေးတဲ့ဝတ္ထုထဲက ကျုပ်မှတ်မှတ်ရရဖြစ်နေတာက ထဘီကျွတ်၍လွှတ်လိုက်မည်ဆိုလား ထဘီချွတ်၍လွှတ် လိုက်မည်ဆိုလား ကောင်းကောင်းတော့မမှတ်မိဘူး။ ချွတ်မှကျွတ်မှာ၊ ချွတ်လျင်ကျွတ်မယ်၊ ဟာမဟုတ်သေးဘူး တချို့မချွတ်လည်းကျွတ်တတ်တာရှိသလို၊ ချွတ်ပေမယ့်မကျွတ်တာလည်းရှိတတ်တယ်ဗျ။
ကျွတ်တာတွေ ချွတ်တာတွေက အသာထား အဲဒီခေါင်းစဉ်နဲ့ရေးထားတဲ့ဝတ္ထုကို စကားပြောကောင်းတဲ့မသည်း အူ
ဆိုတဲ့ နာမည်နဲ့ရုပ်ရှင်ရိုက်လိုက်တော့ ဘာပြောကောင်းမလဲဗျာ ရုပ်ရှင်တေးဆိုတာပေါ် လာတော့တာပေါ့ တေး
သံရှင်ကိုတော့ မမှတ်မိဘူး တေးစာသားကိုတော့ နည်းနည်းမှတ်မိတယ်ဗျ။
မှတ်မိသလောက်လေးရေးပြမယ်ဗျာ။
ဝလုံးကလေးကိုပင် သုည(သုံည)ပါလို့ ယုံအောင်ပြောပြီး သုည(သုံည)ကလေးကိုပင် ခဏအတွင်းမှာ လမင်းပါ လို့ ပြောင်းလွဲပြောတတ်သူ ပင်လယ်ထဲမှာ ရေရှိတယ်ဆိုလျင်တောင် သွားကြည့်ပြီးမှ ယုံမယ် မသည်းအူ
ကျုပ်မှတ်မိတာက အဲဒီလောက်ပါပဲ၊ အခု ဗမာစစ်အစိုးရ လုပ်နေတဲ့ငြိမ်းချမ်းရေးဆိုတာကလည်း စကားပြောကောင်း တဲ့မသည်းအူ သီချင်းလိုပါပဲ။ ကျုပ်တို့ KNU ဗဟိုလ်ကော်မီတီဝင် ဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်တောင် အံ့အားသင့်တယ် လို့ ရှေ့နေကြီး ဦးကြီးမြင့်ကို ပြောဖြစ်သွားတဲ့အထိပဲလေ။
ကဲဆရာမောင်သာရရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သူ့အမြင်လေးပြောပြထားတာကို နားထောင်ကြည့်ဗျာ။
သူကတော့ သေသေခြာခြာကိုပြောတယ်ဗျ ဖြစ်ပျက်နေတဲ့ အခြေအနေကို မြင်ရတဲ့အပေါ်ပြောတာပါတဲ့။
ပြီးတော့ ဗန်းမော်တင်အောင်ရဲ့ ဆောင်းပါးလေးပါဆက်ဖတ်ကြည့်ပါ။
တဆက်တည်း KNDO စောဘအေးရေးတဲ့ သီချင်းလေးကိုပါ ဖတ်ကြည့်ပါ။
ဒါဆိုလျင် ဗမာစစ်အစိုးရအကြီးအကဲအဖြစ် အခုလုပ်နေတဲ့ပြုပြင်ပြောင်းလဲရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတာတွေရဲ့
ရှေ့အလားအလာကို ခန့်မှန်းနိုင် လိမ့်မယ်လို့ ထင်ပါတယ်။
Source Audio from http://www.rfanews.org/burmese
ဆရာ ဗန်းမော်တင်အောင်
ှSource Photo from http://www.google.com/images
ှSource Photo from http://www.google.com/images
ကရင်အမျိုးသားနှင့် ငြိမ်းချမ်းရေးပြဿနာ
(ဗန်းမော်တင်အောင်)
၁၉၆၂ခု ဖေဖေါ်ဝါရီလ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ရာစုနှစ်ပေါင်းများစွာက အခြေချနေထိုင်လာခဲ့ ကြသော ကရင်အမျိုးသားများသည် မိမိတို့ဘာသာဘာဝအလျှောက် ဘာသိဘာသာနှင့် အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်ကာ နေထိုင်ခြင်းပြုခဲ့ကြသော တိုင်းရင်းသားလူမျိုးစုကြီး တစုဖြစ်လေသည်။
မြန်မာနိုင်ငံတော်၏ သမိုင်းတိုးတက်မှုကိုလေ့လာသောအခါ အခြားသောတိုင်းရင်းသားလူမျိုးစုများဖြစ်ကြသည့် မွန်၊မြန်မာ၊ရခိုင်နှင့်ရှမ်းတို့ အချင်းချင်း၏ပဋိပက္ခစစ်ပွဲများကိုသာ အများဆုံးတွေ့ရှိရလျှက် ကရင်လူမျိုးစုနှင့်ပတ်သက်
သော ပဋိပက္ခစစ်ပွဲများကို မတွေ့ရှိရသလောက်သာလျှင်ဖြစ်ပေသည်။
ပုဂံခေတ်ပထမမြန်မာနိုင်ငံကို ထူထောင်ခြင်းပြုခဲ့ကြသောအချိန်ကာလ ပေါ်ပေါက်ခဲ့သောလူမျိုးရေးဆိုင်ရာ ပဋိပက္ခ စစ်ပွဲများကိုလေ့လာသောအခါ မွန်မြန်မာနှင့်ရှမ်းမြန်မာတို့၏ အရေးအခင်းသာဖြစ်သကဲ့သို့ တောင်ငူ ညောင်ရမ်း
ခေတ် ဒုတိယမြန်မာနိုင်ငံတော်ကိုမထူထောင်နိုင်မီ ကြားကာလသမိုင်းသည်လည်း ရှမ်းမြန်မာနှင့်မွန်ရှမ်းတို့၏ အရေးအခင်းများသာဖြစ်သည်ကိုတွေ့ရှိရသည်။
တောင်ငူ၊ညောင်ရမ်းခေတ်သည်လည်း ရှမ်းမြန်မာနှင့်မွန်မြန်မာတို့၏အရေးအခင်းသာလျှင် လွှမ်းမိုးများပြားလျှက်
နောက်ဆုံးကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်အား မွန်မြန်မာနှင့် ရခိုင်မြန်မာတို့၏ အရေးအခင်းများ သာဖြစ်ကြောင်း တွေ့ရှိရလေသည်။
ယင်းသို့မြန်မာနိုင်ငံတော်၏ သမိုင်းဖြစ်ပေါ်တိုးတက်မှုတလျှောက်လုံး အခြားမည်သည့်တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခသော်လည်းကောင်း၊စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခြင်း မရှိပဲ မိမိတို့၌ရှိသမျှကလေးနှင့်ရောင့်ရဲတင်းတိမ် ကာ အေးအေးချမ်းချမ်းနေထိုင်လာခဲ့ကြသောကရင်လူမျိုးများသည် ကျွန်ဘဝမှဤတိုင်းပြည်၏ လွတ်လပ်ရေးကို ပြန် လည်ကြေငြာခြင်းပြုခဲ့သည့်အချိန်မှစ၍ အဘယ့်ကြောင့်မငြိမ်မသက်ဖြစ် ကာ အပြင်းအထန်ဆုံးနှိမ်နင်းခြင်းကို ခံနေ ရသနည်း။
လွတ်လပ်ရေးကြေငြာပြီးကာစက တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ကြစဉ်ကလည်း တစ်ချက် ထိုးလျှင်နှစ်ချက်ပြန်ထိုးမည်ဟု ခြိမ်းခြောက်ခြင်းခံခဲ့ရပြီးလျှင် နောက်ပိုင်းတွင်မူကား အရိုင်းများဟူ၍ လည်းကောင်း ကရင်ဆိုးများဟူ၍ပင်လည်ကောင်း အမျိုးမျိုးချိုးဖဲ့ပြောဆိုခြင်းကို ခံခဲ့ကြရသည်၊ခံနေကြရတုံးလည်းဖြစ်သည်။
ကရင်အမျိုးသားများသည် ဤတိုင်းပြည်ကိုလွတ်လပ်ရေးကြေငြာသောအခါ ဤတိုင်းပြည်၌ရာစုနှစ် ပေါင်းများစွာ က နေထိုင်လာခဲ့သောတိုင်းရင်းသားလူမျိုးစုကြီးအနေနှင့် ၎င်းတို့လည်းရသင့်ရထိုက်သော အခွင့်အရေးကို ဒီမိုကရေစီ စည်းဝိုင်းကြီးအတွင်း၌နေထိုင်ကာ ဒီမိုကရေစီကျကျတောင်းဆိုခဲ့ကြသည်၊ တရားသဖြင့်မဟုတ်သောကိစ္စကိုလည်း ငန်းငန်းတက်မတောင်းဆိုခဲ့ကြချေ။
တိုးတက်ယဉ်ကျေးသောလူမျိုးများပီပီ မိမိတို့၏ကံကြမ္မာမိမိတို့ဘာသာပြဌာန်းခွင့်နှင့် အခြားတိုင်းရင်းသား များနည်းတူ တန်းတူအခွင့်အရေးပေးဘို့သာ တောင်းဆိုခဲ့ခြင်းပြုခဲ့ကြသည်၊သို့ရာတွင် ဤပြည်ထောင်စု တိုင်းရင်းသားများ၏ တရားသဖြင့်နှင့်ဒီမိုကရေစီကျကျတောင်းဆိုချက်ကို ထိုအချိန်ကအာဏာပိုင်များသည် မခန့်မငြားသဘောထားကာ မထိတရိပြုလုပ်နေခဲ့သည်။
၎င်းတို့၏တောင်းဆိုချက်ကို မပေးရုံမျှသာမက မထိတရိနှင့်မခန့်မငြားပြုလုပ်ခြင်းခံလာရသော အခါတွင် ကရင် အမျိုးသား များသည် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်၊ မယုံမကြည်နှင့်မငြိမ်မသက်ဖြစ်လာကြသည်၊ ယင်းသို့ဖြစ်ပွါးလာသော ကရင် အမျိုးသားများ၏လှုပ်ရှားမှုနှင့်စိုးရိမ်မှုတို့ကို ပြေလည်သွားအောင် မှန်မှန် ကန်ကန်နှင့်အရေးတယူဖြေရှင်းပေးရမည့်အစား တလွဲဆံပင်ကောင်းနေခဲ့ကြသည်၊ ဤနည်းဖြင့် ကရင်အမျိုးသားတို့၏လက်နက်ကိုင်စစ်ပွဲကြီး ပေါက်ကွဲထွက်လာခဲ့ရသည်။
ယင်းသို့ ပြည်ထောင်စုအစိုးရနှင့် ကရင်အမျိုးသားလက်နက်ကိုင်နိုင်ငံရေးအင်အားစုများ ဖြစ်ပွါး လာခဲ့ကြသော လက်နက်ကိုင်ပဋိပက္ခသည် ယခုအခါတွင် ၁၃နှစ်ကျော်လွန်ကာ၁၄နှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့လေပြီ၊
သို့ရာတွင် ထိုလက်နက်ကိုင်ပဋိပက္ခသည် ပြေလည်ပြီးငြိမ်းချမ်းခြင်း မရှိသေးချေ၊ ပြင်းပြင်းထန်ထန်ဖြစ်ပွါးလျှက် ရှိနေတုံးသာဖြစ်သည်။
ထို့ကြောင့် ဖက်ဆစ်နှင့်ဒီမိုကရေစီဘယ်သင်းရွေး မလဲ ဟူ၍ မဲခေါ်ကာတက်လာခဲ့သောပထမအစိုးရသည် ၁၃နှစ်
ကျော်ကျော်၁၄နှစ်ခန့်မျှ ကရင်အမျိုးသားများအပေါ်စစ်ပြုနေသော မိမိတို့ ၏လုပ်ငန်းကို ပြန်လည်စဉ်းစားသင့်လှပြီ
ဟု တင်ပြလိုသည်။
မြန်မာနိုင်ငံတော်၏သမိုင်းတလျှောက်လုံး မည်သည့်တိုင်းရင်းသားလူမျိုးစုနှင့်မှ ပဋိပက္ခသော်လည်းကောင်း၊ စစ်မက်
သော်လည်းကောင်း ဖြစ်ပွါးခဲ့ခြင်းမရှိသောကရင်အမျိုးသားများ၏ပြဿနာကို စစ်ပြု၍ ဖြေရှင်းနေခြင်းသည် ပြည်ထောင် စုကြီးတရပ်လုံး၏အရေးအနေနှင့်သော်လည်းကောင်း၊ မှန်ကန်သည်သို့မဟုတ်မှားယွင်းသည်ဆိုသောအချက်ကို လေးလေး နက်နက်စစ်ဆေးတွက်ချက်ဘို့ လိုအပ်လှပြီ ဟုထင်ပေသည်။
သမိုင်းတလျှောက်လုံး မိမိတို့၌ရှိတတ်သမျှကလေးနှင့် အေးအေးချမ်းချမ်းနေထိုင်ခြင်း ပြုလာခဲ့သော ထိုတိုင်းရင်း သားလူမျိုးစုများ၏အရေးကို အဘယ့်အတွက် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်း၍ မရနိုင်နိုင်မည်နည်း။
ထို့ကြောင့်နိုင်ငံတော်အစိုးရသည် ကရင်အမျိုးသားများအပေါ်၌ ၁၃နှစ်ကျော်မျှကျင့်သုံး၍ အောင်မြင်ခြင်းလည်းမရ
သော လက်နက်အားကိုးဝါဒကိုအမြန်ဆုံးရပ်စဲကာ ကရင်အမျိုးသားများ၏ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းခြင်းပြုနိုင် ရန်အတွက် ကရင်အမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်ကာ ပွင့်ပွင့်လင်းလင်းနှင့်ရင်းရင်းနှီးနှီး
ဖြေရှင်းသင့်လှသည်ထင်ပေသတည်း။
ဗန်းမော်တင်အောင်
၁၉၆၂ခု ဖေဖေါ်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာနယ်
ရှာဖွေတင်ပြရေးသားသူ
(သင်သည်ငါ့အတွက်)
2003, April လထုတ် OKRSO ၁၀နှစ်မြောက်အထူးထုတ်မဂ္ဂဇင်းမှဖေါ်ပြထားချက်ကို ထပ်ဆင့် တိုက်ရိုက်ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
BBC Burmese Service က ၀ါရင့်ပုဂ္ဂိုလ်တဦးပြောသွားခဲ့တာလေးကျုပ်ရေးပြပါရစေ။ သမိုင်းကြောင်းတရပ်ကို လေ့လာဆွေးနွေးတဲ့အခါ ကိုယ်လိုတဲ့အပိုင်းတခုတည်းကိုပဲ ကွက်ပြီးဆွေးနွေး အဖြေ ရှာကြမယ်ဆိုရင် မှန်ကန်ပြည့်စုံနိုင်မှာမဟုတ်ပါဘူး တဲ့။
ဒါကြောင့်တွဲလေ့လာနိုင်အောင် လွန်ခဲ့တဲ့တခေတ်တခါတုန်းက အင်တန် ရေပန်းစားခဲ့တဲ့ တေးသီချင်းလးတပုဒ် ကို ဖေါ်ပြပေးလိုက်ပါတယ်။
ဒီတေးသီချင်းကို ဇာဂနာ Blog ကနေ ကူးယူတာဖြစ်ပါတယ်။
ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့၊ ဖတ်ကြည့်ပါခင်ဗျာ။
ပြည်ထောင်စုရယ် မောင်ရင်နုရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်း လှတယ်
တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ်
မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေးမှာ သီးခြားတည်တော့မယ်။ ခေါင်းဆောင်အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။
ကိုယ့်ဗမာကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း
ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်
လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သိန်းသန်း ကုဋေကျော်တယ်
ပုဒ်မ(၅)နဲ့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ပါတီ ရန်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ်
အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ် စောဘဦးမှ ရွေးလို့သတ်လိုက်တယ် သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင်မပေါ်မီဝယ်
အမိုက်မှောင် ဒုက္ခတွေ့တယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ်
တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ်
ဟေ့ အသက်နဲ့လဲမယ်
ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ်
တို့လူမျိုးတွေ ရှေးရိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
ဒီတေးသီချင်းကို ဇာတ်အဖွဲ့တိုင်း သူတို့က တဲ့နေရာတိုင်းမှာ ဇာတ်အဖွင့်တေးအနေနဲ့ သီဆိုကြရတယ်လို့ ကျုပ်အဖေကပြောပြပါတယ်။