• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 19, 2012

Google ၏ ဝင်ငွေများ ခန့်မှန်းထားသည်ထက် များစွာကျဆင်းခဲ့


Google ၏ ဝင်ငွေများ ခန့်မှန်းထား သည်ထက် များစွာ

ကျဆင်းခဲ့

20 Jan, 2012

အင်တာနက် ကုမ္ပဏီကြီး Google မှာ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၏ နောက်ဆုံး သုံးလတာ ကာလအတွင်း ဝင်ရရှိခဲ့သည့် ၎င်းတို့ ၏ဝင်ငွေ စာရင်းနှင့် ပတ်သက်ပြီး အစီရင်ခံစာ ဖော်ပြလိုက်ပြီ ဖြစ်သည်။ ယင်းအစီရင်ခံ စာအရ ၂၇ ရာနှုန်း တိုးတက်ခဲ့ သော်လည်း Wall Street မှ ကျွမ်းကျင် သူများ၏ ခန့်မှန်း ချက်နှင့် မကိုက်ညီ ခဲ့ကြောင်း နှင့်တိုးတက်မှု ကျဆင်း ခဲ့ရကြောင်း သိရသည်။ ယခုလို သတင်းနှင့် အတူ Google ၏ ရှယ်ယာများမှာ ၁၀ ရာနှုန်း ကျဆင်းခဲ့ကာ ဒေါ်လာ ၅၇၅ သို့ရောက်ရှိ ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြရာ၌ သုံးလတာ ကာလအတွင်း ဝင်ငွေအဖြစ် ဒေါ်လာ ၁၀.၆ ဘီလီယံ ဝင်ရောက်ခဲ့ပြီး အသားတင် အမြတ်ငွေမှာ ဒေါ်လာ ၂.၇ ဘီလီယံ သို့မဟုတ် ၆.၄ ရာနှုန်း တိုးတက် ခဲ့ကြောင်း သိရသည်။ Google ကုမ္ပဏီမှာ ယမန်နှစ်က အပိတ်ကာလ အဖြစ် နောက်ဆုံး သုံးလအတွင်း ကောင်းမွန်သည့် ရလာဒ်ကို ရရှိခဲ့ကြောင်း အမှုဆောင်ချုပ်
Larry Page မှပြောကြား ခဲ့သည်။

ယခုလို ဖြစ်ရပ်များနှင့် အတူ မိမိအနေဖြင့် Android, Gmail နှင့် Google+ တို့ကို သုံးစွဲသူ ပေါင်းမှာ တိုးတက် လာမှု
အတွက် မိမိအနေဖြင့် အလွန်ပင် စိတ်လှုပ်ရှား နေကြောင်း ၎င်းမှ ပြောကြားခဲ့ကာ ယခင်လက ကြေငြာခဲ့ချိန် ကထက်
နှစ်ဆ တိုးလာခြင်းလည်း ဖြစ်ကြောင်း ပြောခဲ့သည်။

သို့ရာတွင် ဈေးကွက် ဆန်းစစ်သူများမှာ ယခုရလာဒ် အတွက် မကျေနပ် ခဲ့ကြောင်းလည်း သိရသည်။ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး Global Equities Research မှ Trip Chowdhry မှပြောရာ၌ ခန့်မှန်းသူ များမှာ အလွန် မြင့်မားသည့် ကိန်းဂဏန်း တစ်ခုကို မှန်းထားခြင်း ဖြစ်သဖြင့် ယင်းသို့ မှန်းချက်နှင့် မကိုက်ညီ ခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

သို့ရာတွင် Microsoft နှင့် Intel တို့ကဲ့သို့ မဟုတ်ဘဲ Google အပေါ် ခန့်မှန်းမှု များမှာ လအနည်းငယ် မြင့်မားနေခြင်း
ကြောင့် ဖြစ်ကြောင်းလည်း အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြား သွားခဲ့သည်။


source: BBC news

Copy http://www.mrtv4.net.mm