
Source Audio from http://www.burmese.dvb.no
January 17 2012
Source Audio from http://www.burmese.dvb.no
January 17 2012
Source Audio from http://www.burmese.dvb.no
January 20 2012
Source Audio from http://www.rfanews.org/burmese
January 20 2012
ပဒိုမန်းငြိမ်းမောင် မကြာမီ ပြန်လွတ်မည်
http://kyokorea.blogspot.com/
အင်းစိန်ထောင်တွင်း အကျဉ်းကျနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင် တပတ်အတွင်း လွတ်လာနိုင်တယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့က အစိုးရနဲ့ သွားရောက်ဆွေးနွေးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကော်မတီက ပြောပါတယ်။
ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ပဒိုဒေးဗစ်ထောက
“သူတို့ ပဒိုမန်းငြိမ်းမောင်ကိုလည်း ကျနော်တို့နဲ့ တခါတည်း ပေးလိုက်ဖို့ပါပဲ။
ဒါပေမယ့် ဖြစ်ပုံက အချိန်က နည်းနည်းကပ်ပြီးတော့ ရုံးလုပ်ငန်းတွေနဲ့ စာရွက်စာတမ်းကိစ္စတွေ ရှိတဲ့အတွက်ကြောင့်
ကျနော်တို့အနေနဲ့ တပါတည်း ခေါ်ဆောင်လာနိုင်ခဲ့ခြင်း မရှိပါဘူး။
သူတို့ အဲဒီစာရွက်စာတမ်း ကိစ္စတွေ ပြီးရင် ကျနော်တို့ကို အကြောင်းကြားပြီးတော့ သူတို့ ပို့ပေးပါလိမ့်မယ်။
ကျနော်ထင်တယ်၊ ဒီတပတ်အတွင်းမှာ ဖြစ်နိုင်ပါတယ်။”
ပဒိုမန်း ငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကုန်ပိုင်းက ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားရောက်စဉ် ပျောက်ဆုံးခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံခဲ့ရကာ လဝကအမှုနဲ့ ထောင်ဒဏ် ၆ လချခဲ့ပါတယ်။
နောက်ပိုင်း ပုဒ်မ (၁၇/၁) မတရားအသင်း အက်ဥပဒေအပါအဝင် အခြားစွဲချက်တွေနဲ့ တရားစွဲဆိုခံခဲ့ရပြီး အင်းစိန်ထောင်
မှာ အကျဉ်းချခံနေရတာဖြစ်ပါတယ်။
ပဒိုမန်းငြိမ်းမောင်အမှုကို လိုက်ပေးဖို့ ပြီးခဲ့တဲ့အပတ်က ရှေ့နေပါဝါရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပေဒေပြု
အဖွဲ့က ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်သလို ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီရဲ့ အမှုဆောင်နဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု တွဲဖက်အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ မဆလခေတ် ၁၉၆၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရ
ပြီး ကိုကိုးကျွန်းမှာ အကျဉ်းကျဖူးပါတယ်။
အကျဉ်း ကျ ဖော်နှစ်ဦးနဲ့အတူ လှေနဲ့ ပင်လယ်ဖြတ်ပြီး ကိုကိုးကျွန်းနဲ့ မိုင် ၂၅၀ အကွာ မွန်ပြည်နယ် ကမ်းခြေကို လွတ်မြောက်သွားပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်က ဖမ်းဆီးလို့ အင်းစိန်ထောင်မှာ ၃ နှစ် အကျဉ်းကျ တိုက်ပိတ်ခံခဲ့ရပြီး
၁၉၇၃ ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။
ပြီး ခဲ့တဲ့ စနေနေ့ကပြုလုပ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုရဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်းငြိမ်းမောင်ကို တရား ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါသေးတယ်။