• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 12, 2012

KNU ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မီတီ၏ သတင်းများ


KNU ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မီတီ၏ သတင်းများ

(မင်းစိုးစံ)

ကြားသိတော်မူကြတဲ့အတိုင်းပါပဲ။ ကေအင်န်ယူရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မီတီအဖွဲ့နဲ့ ပတ်သက်တဲ့သ တင်းတွေကတော့ ဟိုးလေးတကျော်ပေါ့ဗျာ။ ကျုပ်လည်း အဲဒီသတင်းတွေကို နေရာအချို့ကို လိုက်ဖတ် လိုက် နားထောင်နဲ့ အလုပ်ကိုတော်တော်ရှုတ်သွားသဗျ။

မိုးမခထဲကိုသွားကြည့်တော့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဖေါ်ပြထားတဲ့ဓါတ်ပုံတွေကိုမြင်ရသလို သဘော ထားအမြင်တွေအတော်များများတွေ့ရတယ်ဗျ။
အဲဒီအထဲက တချို့ကို ကူးယူဖေါ်ပြလိုက်ပါတယ်။

ကျုပ်လည်း သွားကလိလိုက်သေးတယ် ကျုပ်ကလိထားတာကို တော့ ကူးပြမနေတော့ပါဘူး။

snow Queen on January 12, 2012 at 12:53 pm
ဒီလိုအရေးကြီးတဲ့ သတင်းတွေကိုရေးတဲ့အခါမှာ စကားလုံးအသုံးအနှုံးတွေကို သေသေချာချာ စီစစ်
ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ ဥပမာ ကချေသည် ဆိုတဲ့ အသုံးအနှုံးကို ဖတ်ရတဲ့အခါမှာ ဒီလိုနေရာမှာ ဖျော်ဖြေသူများအတွက် မတင့်တယ်သော အသုံးအနှုံးလို့ ခံစားရပါတယ်။

ယမန်နေ့က ဆွေးနွေးပွဲ ကိုယ်စားလှယ်များအား ဧည့်ခံသည့် ဘားအံမြို့ ညစာစားပွဲတွင် တွေ့ရသည့်
ကချေသည်တဦး ဟုရေးမည့်အစား…
ယမန်နေ့က ဘားအံမြို့ ဆွေးနွေးပွဲ အပြီး ကိုယ်စားလှယ်များ အား ညစာစားပွဲနှင့် တည်ခင်းဧည့်ခံစဉ်
တိုင်းရင်းသူတဦး (သို့) များမှ ရိုးရာအကနှင့် တင်ဆက်ကပြစဉ် သို့မဟုတ်
ယမန်နေ့က ဆွေးနွေးပွဲ ကိုယ်စားလှယ်များအား ညစာစားပွဲနှင့် တည်ခင်းဧည့်ခံစဉ် ရိုးရာအကနှင့် ကပြ
ဖျော်ဖြေ ခဲ့သော တိုင်းရင်းသူတဦး စသည်ဖြင့် နားဝင်ကောင်းအောင် ရေးသားလျှင်
ပိုမိုတင့်တည်ဟု ထင်ပါသည်။

ဇတ်ဆ၇ာ on January 12, 2012 at 1:59 pm
မှန်ပါသည်။မိုးမခမှ ပြန်ပြင်သုံးနှုံး ပေးစေချင်ပါသည်။

ဖိုးဆိ on January 12, 2012 at 1:22 pm
အပေါ်ဆုံးပုံကို ကချေသည် လို့မသုံးသင့်ဘူး။ ပြီးတော့ ခေါင်းဆောင်တွေ သိပ်ပြီး သောက်စားမနေကြနဲ့။ ကိုယ့်ရဲ့သွားတဲ့ ဦးတည်ချက်ရည်ရွယ်ချက်တွေကိုလည်း သတိရအုန်း။

ဇတ်ဆ၇ာ on January 12, 2012 at 1:52 pm
မဟုတ်ပါဘူးဗျာ…..တစ်ယောက်နဲ့ တစ်ယောက်အထင်အမြင်တွေလွဲလို့ စစ်တိုက်နေကြရပေမဲ့ အခုလို
ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ တကယ့်ကို သမီးယောက်ဖအရင်းတွေလို ရင်းရင်းနှီးနှီး ဆိုတော့ နည်းနည်း ပါးပါး ပေါ့ဗျာ…..ကရင်လူမျိုးတွေ ဟာတကယ့်ကိုရိုးသားပါတယ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ပါစေ……ကချင်ပြည်နယ်လည်း အမြန်ငြိမ်းချမ်းပါစေ…..ပြည်ထောင်စု တိုင်း၇င်းသား သွေးချင်း ညီအကိုများ အမြန်ဆုံး သာတူညီမျှ အေးချမ်းသာယာပါစေ…

Snow Queen on January 12, 2012 at 2:39 pm
ဟုတ်တယ်နော်..ဒါပေမဲ့ ၀န်ကြီးဦးစိုးသိန်းရဲ့ ခွက်က အရက်အရောင်နဲ့တူပြီး..၀န်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်မူတူးဆေးဖောတို့ရဲ့ ခွက်က လိုင်ချီးစ် ဖျော်ရည်အရောင်နဲ့တူတယ်

မိုးမခပြီးတော့ ပြည်တွင်းက ဂျာနယ်တစောင်မှာက အခုလိုရေးသားဖေါ်ပြထားတာတွေ့ရပါတယ်။

ကေအင်န်ယူစစ်ဦးစီးချုပ်၊ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်ပြီး ဖဒို ဒေးဗစ်ချောနှင့် စောဂျော်နီတို့ ပါဝင်သော
အဖွဲ့သည် ၎င်းဆွေးနွေး ပွဲ၌ ပါဝင်မည်ဟု သိရသည်။
http://www.myanmar.mmtimes.com

ဇန်န၀ါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က KNU ဗဟိုဌာနချုပ်မှ ဥက္ကဋ္ဌစောတာမလာဖောဦးဆောင်သည့်အဖွဲ့ဝင် ၁၉ ဦးပါဝင်သောအဖွဲ့မှာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဟိုတယ်ဇွဲကပင်သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရောက်ရှိလာကြောင်း သိရသည်။
http://www.news-eleven.com

အပြည့်အစုံဖတ်ချင်လျင်တော့ အဲဒီလိပ်စာအတိုင်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။
အောက်က ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုဥက္ကဌ စောဒေးဗစ်သာကပေါ် ရဲ့ သုံးသပ် ချက်ကို နားဆင်ကြည့်ကြပါ။

ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)