• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 13, 2012

အမေ့ခံ အကျဉ်းစံ


ငြိမ်းချမ်းရေး အကြောင်းရပ်သတင်းတွေနဲ့အတူ ဒီမနက် ကျုပ်ရဲ့ အီးမေးလ် ကိုဖွင့်လိုက်တော့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့
ကဗျာလို့ပြောမလား ဒါမှမဟုတ် ငြိမ်း ပါတဲ့ ခေါင်းဆောင်ကို သတိတရရှိလို့ ရေးလိုက်တဲ့ကဗျာ လား နှစ်ခုစလုံးကို
ရည်ရွယ်ပြီးရေးတဲ့ကဗျာ လေလားတော့မဆိုနိုင်ဘူး၊ ဒီကဗျာကို ကျုပ်ကတော့ တော်လှန်ရေးကဗျာ(ပြုပြင်ပြောင်းလဲရေး ကဗျာ)လို့ သတ်မှတ်ပါတယ်။

ဒါကြောင့် ကျုပ်တို့ရဲ့ ကရင်အမျိုးသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုဥက္ကဌ
စောဒေးဗစ်သာကပေါ်ပြောတဲ့စကားလို ကျုပ်တို့ကရင်တွေ လုပ်စရာအများကြီး လိုသေးတယ် ဆိုတာ ဒီကဗျာက
သက်သေပြနေတယ်လို့ မှတ်ယူပါတယ်။

ကဗျာပို့ပေးတဲ့ လှိုင်းဒေါန ကို ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။

ဆုတောင်းတာလည်း ဆုတောင်းကြတာပေါ့ လုပ်စရာတွေများနေတဲ့ ကာလမျိုးမှာ လုပ်ဘို့ကိုင်ဘို့လည်း ပြင်ဆင်ကြ
တာပေါ့နော်။

အမေ့ခံ အကျဉ်းစံ
(လှိုင်းဒေါန)

စစ်မှန်သောနှလုံးသား
တရားမျှတာမှုရှိသောနှလုံးသား
အမှန်တရားကို မြတ်နိုးသောနှလုံးသား
ပိုင်ရှင် ဖူ့ငြိမ်းမောင်၊.....။

မိုင်နှစ်ရာကျော်ပင်လယ်ပြင်ကို
လူသားအတွက်ကူးဖြတ်နိုင်သောနှစ်လုံးသား
ပိုင်ရှင် ဖူ့ငြိမ်းမောင်၊.....။

ထိုထိုသော နှလုံးသားပိုင်ရှင်ကို
ငြိမ်းချမ်းရေးညမှာ
ယမကာညအဖြစ် နွဲကြတဲ့လူတစ်စုက
သစ္စာမဲ့စွာမေ့ပစ်လိုက်ကြပြီးလား။

သို့မဟုတ် ထိုအကျဉ်းစံနှစ်လုံးသားပိုင်ရှင်ကို
ဂုဏ်ပြုသောအားဖြင့်
သာယာကြည်နူးဖွယ်ကောင်းသောညချမ်းလေးမှာ
ငြိမ်းချမ်းရေးလုလင်များ
ယမကာညအဖြစ်ဆင်နွဲခဲ့ကြတာလား။......... ။


( လှိုင်းဒေါန )







Source Audio from http://www.burmese.dvb.no