Pablo Picasso in 1962
Born 25 October 1881
Málaga, Spain
Died 8 April 1973 (aged 91)
Mougins, France
Nationality Spanish
Field Painting, Drawing, Sculpture, Printmaking, Ceramics
Training José Ruiz y Blasco (father),
Real Academia de Bellas Artes de San Fernando
Movement Cubism
Works Les Demoiselles d'Avignon (1907)
Guernica (1937)
The Weeping Woman (1937)
More information http://en.wikipedia.org/wiki/Pablo_Picasso
Born 25 October 1881
Málaga, Spain
Died 8 April 1973 (aged 91)
Mougins, France
Nationality Spanish
Field Painting, Drawing, Sculpture, Printmaking, Ceramics
Training José Ruiz y Blasco (father),
Real Academia de Bellas Artes de San Fernando
Movement Cubism
Works Les Demoiselles d'Avignon (1907)
Guernica (1937)
The Weeping Woman (1937)
More information http://en.wikipedia.org/wiki/Pablo_Picasso

Pablo Picasso's "Woman's Head" (1939).
Source Photo from http://www.galleristny.com/
Picasso နှင့် Mondrian တို့၏ ပန်းချီကားများ ဂရိပြခန်းမှ အခိုးခံရ
10 Jan, 2012
ဂရိနိုင်ငံရှိ အမျိုးသား အနုပညာပြတိုက်တွင် ပြသထားသော ကမ္ဘာကျော် ပန်းချီပညာရှင်များ ဖြစ်သည့် Pablo Picasso နှင့် ဒတ်ခ်ျ ပန်းချီဆရာ Piet Mondrain တို့ ၏ပန်းချီကား အပါအဝင် ပန်းချီကား သုံးချပ်မှာ ခိုးယူခံခဲ့ ရကြောင်း သိရသည်။
အဆိုပါ ပန်းချီကားသုံးကားတွင် တစ်ကားမှာ Picasso မှ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ကျန်သည့် နှစ်ကားမှာ Mondrain နှင့် အခြားပန်းချီ ဆရာ၏ကားများ ဖြစ်ကြောင်းသိရသည်။အဆိုပါ ခိုးယူသူများမှာ ပြတိုက်၏ လသာဆောင်မှတစ်ဆင့် တနင်္လာနေ့ နံနက် အစောပိုင်း ဝင်ရောက်ပြီး ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အချက်ပေးခေါင်းလောင်းသံ မြည်လာချိန်တွင် ပန်းချီကားသုံးချပ် မှာ ပျောက်ဆုံးခဲ့ ရပြီ ဖြစ်ကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးကင်မရာမှ ပုံရိပ်များကို စစ်ဆေးနေကြကြောင်း သိရသည်။
ယခုလိုခိုးယူခံခဲ့ရသည့် ပန်းချီကားများထဲတွင် picasso ၏ပန်းချီကားမှာ ဆီဆေးပန်းချီကားဖြစ်ပြီး woman's head ဟု အမည်ပေး ထားကြောင်းနှင့် နာဇီကျူးကျော်သူများကို အောင်နိုင်သည့် အထိမ်းအမှတ်ဖြင့် ဂရိပြည်သူများဆီသို့ ၁၉၄၉ ခုနှစ်တွင် ပန်းချီဆရာမှ လှုဒါန်းခဲ့ခြင်း ဖြစ်သည်။ နောက်ထပ်ပန်းချီကာများမှာ Mondrain ၏ ၁၉၀၅ ခုနှစ်တွင် ရေးဆွဲခဲ့သည့် Mill ဟုအမည်ရသော ပန်းချီ ကားနှင့် ၁၆ ရာစု နှစ်အီတလီ ပန်းချီဆရာတစ်ဦးရေးဆွဲခဲ့သည့် ခဲခြစ်ကောက်ကြောင်း ပန်းချီကားတစ်ချပ်ဖြစ်ကြောင်း သိရသည်။ ဂရိ မီဒီယာသတင်းများတွင် ဖော်ပြရာ၌ အဆိုပါ ပန်းချီကားများ၏ တန်ဖိုးမှာ ယူရိုငွေ ၅.၅ သန်းခန့်ရှိကြောင်းလည်း သိရသည်။
source : NHKnews
Copy from http://www.mrtv4.net.mm
Source Audio from http://www.voaburmese.com





