UAE oil minister Mohamed bin Dhaen Al-Hamli. In 2009 April, 20
(DIETER NAGL/AFP/Getty Images)
Source Photo from http://www.arabianoilandgas.com
(DIETER NAGL/AFP/Getty Images)
Source Photo from http://www.arabianoilandgas.com
ဟော်မုတ်ရေလက်ကြားကို ကျော်လွှားပြီး UAE တို့ ရေနံပိုက်လိုင်း
တည်ဆောက်မည်
10 Jan, 2012
UAE နိုင်ငံမှာ ဟော်မုတ်ရေလက်ကြား ကို ကျော်လွှားပြီး ရေနံပိုင်လိုင်း တစ်ခုကို တည်ဆောက်တော့ မည် ဖြစ်ကာလာမည့် ခြောက်လအတွင်း တင်ပို့နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
ယခုလို ကြေငြာ ချက်မှာ အနောက်နိုင်ငံ များနှင့် အီရန်တို့အကြားတွင် နှုကလိယအရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ ဖြစ်နေစဉ် အချိန် တွင် ကြေငြာလိုက်ခြင်းဖြစ်ကာ အရှေ့အလယ်ပိုင်း ဒေသအတွင်း စစ်ရေး
အရ မတည်ငြိမ်ဖြစ် လာပြီး ရေနံစီးဆင်းမှုများ ရပ်တန့်စေနိုင်သည့် ဖြစ်ရပ်များအတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်
လာရချိန်တွင် ထွက်ပေါ်လာခြင်း လည်း ဖြစ် သည်။
UAE နိုင်ငံမှာ ဟော်မုတ်ရေလက်ကြား ပိတ်ဆို့ခံရမည့် အရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့်ယခုလို
အစီအစဉ်ကို လုပ်ေ ဆာင်ခြင်းဖြစ်ကာ အဆိုပါရေလက်ကြားမှာ ပါရှန်းပင်လယ်ကွေ့ အတွင်းတွင်ရှိပြီး ကမ္ဘာ့နိုင်ငံများဆီသို့ ရေနံတင်ပို့ မှုအတွက် အဓိက ထွက်ပေါက်တစ်ခုလည်း ဖြစ်သည်။
တနင်္လာနေ့က UAE ရေနံဝန်ကြီး ဖြစ်သူ Mohamed Bin Dhaen Al-Hamli မှဒေသခံသတင်း ဌနများ သို့ ပြောကြား သွားခဲ့ကာ ယင်းပိုက်လိုင်းမှာ ပြီးပြည့်စုံသည့် အနေအထားသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် လာမည့် မေလ
သို့မဟုတ် ဇွန်လများတွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။
source : NHK news
Credit http://www.mrtv4.net.mm





