Getty ImagesHacking group Anonymous has apparently claimed credit for knocking the Central Intelligence Agency’s website offline. An update at the Your Anon News Twitter account reads:
Read more:
http://techland.time.com/2012/02/10/anonymous-knocks-cia-site-offline/#ixzz1m7TuIrfA
စီအိုင်အေ ဝက်ဆိုက်အား Anonymous တို့ ပိတ်ပစ်နိုင်ခဲ့
11 Feb, 2012
အမေရိကန် နိုင်ငံ၏ အကြီးဆုံး ထောက် လှမ်းရေး အေဂျင်စီ ဖြစ်သည့် စီအိုင်အေ၏ ဝက်ဆိုက်မှာ ဟက်ကာ အုပ်စု တစ်ခု ဖြစ်သည့် Anonymous ၏ ထိုးဖောက်မှုကို ခံလိုက်ရကြောင်း သိရသည်။ ၎င်းတို့မှ ပြောရာ၌ စီအိုင်အေ ဝက်ဆိုက်ကို ဝင်ထွက်၍ မရနိုင်အောင် ပိတ်ပစ် နိုင်ခဲ့ပြီ ဖြစ်သည်ဟု သောကြာနေ့က ကြွေးကြော် လိုက်ခြင်း ဖြစ်သည်။
Anonymous အဖွဲ့ဝင် တစ်ဦးမှ ၎င်းတို့၏ Twitter စာမျက်နှာ ထက်တွင် Tango Down ဟု အမည်ရသည့် စာကို ရေးသားခဲ့ပြီး ယင်းအသုံးအနှုန်းမှာ အမေရိကန် အထူး တပ်ဖွဲ့များမှ ရန်သူများကို တိုက်ခိုက် နိုင်ချိန်တွင် အချင်းချင်း သတင်း ပို့သည့် စာတစ်မျိုး ဖြစ်ပြီး Anonymous အဖွဲ့မှာ ယင်းသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။
ယခုလို ဖြစ်ရပ်နှင့် ပတ်သက်ပြီး သောကြာ နေ့က အဆိုပါ ဝက်ဆိုက်မှာ အချိန်အတော် ကြာအောင်ပင် ဝင်၍ မရနိုင်ခဲ့ကြောင်း သိရသည်။ Anonymous အဖွဲ့ မှာ အမေရိကန် နိုင်ငံ၏ တရားရေး အဖွဲ့ ဝက်ဆိုက်နှင့် FBI ဝက်ဆိုက် တို့ကိုလည်း ဟက်လုပ်ခဲ့ ဖူးသည့် သာဓက ရှိခဲ့ဖူးကြောင်း သိရကာ အမေရိကန် အစိုးရမှ သတ်မှတ် ခဲ့သည့် SOPA, PIPA နှင့် အွန်လိုင်း မူပိုင်ခွင့် ဥပဒေများနှင့် ပတ်သက်ပြီး ဆန့်ကျင်ကြောင်းကို ပြသခဲ့ပြီး ဖြစ်သည်။ ယခုလို ဖြစ်ရပ်နှင့် ပတ်သက်ပြီး စီအိုင်အေမှ လတ်တလော ဝေဖန်ချက် ပေးရန် ငြင်းဆန် ထားကြောင်းလည်း သိရသည်။
source : Agency France - presse
Credit http://www.mrtv4.net.mm/




