• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, February 19, 2012

BGF နှင့် DKBA( Green Golden Dram ) တိုက်ပွဲသတင်း

ဗမာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် စာချုပ် ချုပ်ဆိုနေသော ကရင်ငြိမ်းချမ်းရေးကောင်စီ မှ
ခေါင်းဆောင်ကြီးများ

BGF နှင့် DKBA( Green Golden Dram ) တိုက်ပွဲသတင်း

အချင်းချင်းဘက်သေနတ်ပြောင်းတွေလှည့်ကြဟေ့ အဲဒါမှ ကျုပ်တို့ကရင်တွေ ငြိမ်းချမ်းလိမ့်မယ် မဟုတ်လျင် ဗမာစစ်အစိုးရက ကျုပ်တို့အတွက်ခေါင်းအရမ်းကိုက်နေတာ။

KNUလား DKBAလား KNU/KNLA-pc လား BGF လား နောက်ထပ်ကရင်နဲ့ပတ်သက်တဲ့ဘာ Kတွေရှိသေး လဲ ဆော်သာဆော်ကြဗျို့။

နှစ်ပေါင်းခြောက်ဆယ်ကျော်သူ့အသက်ကိုယ်သတ်၊ ကိုယ့်အသက်ကိုသူသတ်၊ ကိုယ့်ကရင်သမီးပျိုတွေကို ထင်သလို သားမယားပြုကျင့် အပြစ်မဲ့ကရင်တွေကို ထင်သလိုသတ် အဲဒီလို လူမဆန်တဲ့ဗမာစစ်အစိုးရနဲ့ကျတော့ ဆွေးနွေးနိုင် ပြီး တော်လှန်ရေးကာလတလျှောက်ထမင်းတအိုးထဲနှိုက်စားလာတဲ့ အချင်းချင်းကျတော့ ဘာဖြစ်လို့ မဆွေးနွေးနိုင်ကြ ရတာလဲ။
ကရင့်သွေးနော်ကရင့်သွေး။ ကရင့်သွေးပါလားဆိုတာ သတိလေးလည်း ရကြပါဦး။

ကျုပ်တို့ရန်သူက ရိက္ခာ လက်နက်ခဲယမ်းမီးကျောက် အားလုံးအသင့်ဖြစ်နေပြီ ကျုပ်တို့အချင်းချင်းမှာတော့ တယောက် ရဲ့လက်နက်ကိုတယောက်က သိမ်းကောင်းနေတုန်း၊ တယောက်အသက်ကိုတယောက်က သတ်လို့ ကောင်းနေတုန်း။

ကဲ အခု ဘာတွေဖြစ်နေပြီလဲ။

ဒီကနေ့မွန်းလွဲပိုင်းက မြိုင်ကြီးငူမှာအခြေစိုက်တဲ့ ဗိုလ်မှူးစောဘိခိုးဦးဆောင်တဲ့ DKBAကလိုထူးလားအဖွဲ့ကို ဗိုလ်ချုပ် ဖါးနွီးလက်အောက်ခံ BGF နယ်ခြားစောင့်တပ်ဖွဲ့က သွားရောက်ပြီးလက်နက်ဖြုတ်ဘို့ကြိုးစားရာမှာ နှစ်ဘက်တပ်ဖွဲ့တွေ
ကြား ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲတွေဟာ အခုညနေအထိဆက်လက်ဖြစ်ပွါးနေစဲဖြစ်ပြီး DKBAဘက်ကပစ်လိုက်တဲ့ RPG ကြောင့် BGF ရဲ့ စစ်ကားတစ်စီးကိုထိမှန်ခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့်အသေအပျောက်ရှိ မရှိကိုတော့ အခုထက်ထိစုံစမ်းလို့မရသေးပါဘူး။


February 19, 2012 Sunday Evening
Source NEWS Audio from http://www.bbcburmese.com

ဒီသတင်းက BBC မြန်မာပိုင်းဌာနက February 19, 2012 Sunday ညနေပိုင်းမှာ လွှင့်သွားတာဖြစ်ပါတယ်။
February 20, 2012 Monday မနက်ဘက် သတင်းလေးကိုနားသောတ ဆင်တော်မူကြည့်ကြပါစို့လား။



February 20, 2012 Monday Morning
Source NEWS Audio from http://www.bbcburmese.com