• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, February 20, 2012

ရွာနာတယ်

Fighter cocks are not allowed to sleep at least 10 days before big fights.
PHOTO: EXPRESS
Source Photo from http://tribune.com.pk

ရွာနာတယ်

(မင်းစိုးစံ)

အရပ်ရပ်နေပြည်တော် ကြားလို့မျှမတော်ပါဘူးဗျာ။ ဘယ့်နှယ်ဗျာ သွေးရင်းသားရင်းကရင်အချင်းချင်းဖြစ်တဲ့ကိစ္စ ကို သွေးမတော်သားမစပ်တဲ့ ဗမာစစ်အစိုးရက ၀င်ပြီးဒိုင်လူကြီးလုပ်တာကို လက်ခံရတယ်လို့၊ အံ့ရော။

BGF ဆိုတာ ဘယ်ကနေဘယ်လိုဖြစ်လာတာလဲ၊ BGF ရဲ့အရင်းအမြစ်က ဘယ်ကလာတာလဲ၊ ပြောကြပါလိမ့် မယ် DKBA ကလာတာလို့လေ ဒါဆိုလျင် DKBA ဆိုတာကကော ဘယ်ကလာသလဲ ဒါဆိုလျင်ရှင်းနေတာပဲမ ဟုတ်လား။ နောက်တဖွဲ့ရှိသေးတယ် KNU/KNLA-pc ဆိုတာကကော ဒါလည်းရှင်းနေတာပဲ။

အခုတော့ဗျာ ကိုယ့်အချင်းချင်း သူ့လူ ကိုယ့်လူလုပ်နေသေးတယ်၊ ဒါလားစစ်မှန်တဲ့ငြိမ်းချမ်းရေး ဒါလားကရင်အ မျိုးသားလွတ်မြောက်ရေး စောဘဦးကြီးမူကို လေးစားလိုက်နာတယ်ပြောနေကြပြီး လုပ်တာကျတော့ စောက်တ
လွဲချည်းပဲ။

ကျုပ်တို့မညီညွတ်သမျှ ကျုပ်တို့လက်နက်ကျုပ်တို့လက်ထဲရှိဘို့ဆိုတာ ဖြစ်နိုင်ပါ့မလား၊ စဉ်းစားပါဦး၊ကျုပ်တို့ လက်ထဲမှာ ကျုပ်တို့လက်နက်မရှိတဲ့နောက် ကျုပ်တို့ကံ ကြမ္မာကို ကျုပ်တို့ဖန်တည်းဘို့ဆိုတာ ခေါ်လို့တောင် မကြားဘူး၊ ကရင်တွေ အားလုံး ရန်ကုန်ဆင်းပြီးလက်နက်ချစရာ မလိုဘူး ရှိတဲ့နေရာကနေ လက်နက်သိမ်းလိုက်လည်း အားလုံးပြီးတယ်။ ဒါလောက်ဆို ရှင်းရောပေါ့နော်။
ဘယ်လောက်ကောင်းတဲ့ ဗမာစစ်အစိုးရရဲ့ နည်းစနစ်လဲ။

ပြီးပြည့်စုံတဲ့ ကရင်ပြည်ဆိုတာကတော့ ပါးစပ်ရာဇ၀င်ဖြစ်ရုံမက မောင်လှရဲ့ ပြတိုက်အစီစဉ်အောင်မြင်သွားဘို့ပဲ ရှိတော့တာပေါ့။ ဒါကြောင့် ကျုပ်တို့ရဲ့ ကရင်လူကြီးတွေက မှာခဲ့တာ (ဟှိုင့်ဍေဏါၟ နဲါလာၟလိုင်ဃှေဝ် ဍးဍေမေံ နဲါလာၟဏင်ပေ၀့်) နားနဲ့ကြားရရုံနဲ့မယုံပါနဲ့ မျက်စေ့နဲ့တပ်အပ်မြင်လျင်တောင် နည်းနည်းပါးပါးပဲယုံပါ ဆိုပဲ။

အခုတော့ဗျာ ပစ်ပြီးယုံလိုက်ကြတာများ ပဏာမငြိမ်းချမ်းရေးဆိုတဲ့ ဘာဆိုဘာမျှ မသေခြာမရေရာတဲ့ ဆွေးနွေး ပွဲလေး
နဲ့ ရန်သူက စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းမီးကျောက်တွေ ပို့တာကို လက်ခံတဲ့လူကလက်ခံ ဗမာစစ် အစိုးရက ဟို ဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးပြောတာကို နာခံတဲ့အဖွဲကနာခံ ဗမာအစိုးရနဲ့ကျတော့ စကား များများမပြောချင်ပေ
မယ့် အချင်းချင်းကျတော့ တွေ့ရာသင်းချိုင်းဓါးမဆိုင်းဆိုပါလား။

ခပ်ရိုင်း ရိုင်းပြောရလျင် ဟိုဒင်းက ဘယ်မှာနေမှန်းမသိဘူး ဒီဟာကတောင်နေပြီ ဆိုသလိုပဲ ရန်သူကလုပ်စရာရှိ တာ ထောင့်စေ့အောင် လုပ်သွားပြီ မဟုတ်လား၊ ရိက္ခာလည်းစုံပြီ ကျည်အားလည်းဖြည့်ပြီးသွားပြီဆိုတော့ ဟိုဘက် လှည့်ချောက်လိုက် ဒီဘက်လှည့်လှန့်လိုက် ရီးတီးယားတားလုပ်လျင် အချင်းချင်းကိုက်ခိုင်းလိုက် ရှုတ်ရှုတ်ထွေးထွေး
လေးဖြစ်လာ လျင် ဆရာကြီးဝင်လုပ်လိုက် ဟန်ကိုကျလို့။

ကရင်လူထုခမျာတို့မှာတော့ ရှာဖွေစားသောက်ဘို့ ဟိုကိုမသွားနဲ့ ဒီဘက်မလာနဲ့ ဟိုမှာသွားနေ ဒီဘက်လာနေ ကားလမ်း မကြီးရဲ့ ဘယ်နှစ်မိုင်ထဲမ၀င်နဲ့ စခန်းနဲ့ဘယ်လောက်အကွာအဝေးမှာနေ ဆိုတဲ့အမိန့်အာဏာတွေရဲ့ နောက်ဆက်တွဲ လူ့အ ခွင့်အရေးချိုးဖေါက်မှု ဆိုတာတွေက အုံနဲ့ကျင်းနဲ့ကို ၀င်လာမှာ အသေအခြာပဲ။

စည်းလုံးချင်တယ် ညီညွတ်ချင်တယ်လို့ ပြောနေရုံနဲ့ စည်းလုံးညီညွတ်သွားမယ်ဆိုလျင် ကျုပ်တို့ဦးတည်ရည်မှန်း ချက်တွေပြည့်တာကြာလှပေါ့ဗျာ။

လက်သည်ချည်းအားမကိုးနဲ့ ကိုယ်ကိုယ်တိုင်ကလည်း အားစိုက်ပြီးညှစ်ထုတ်မှ ကလေးကထွက်လာမှာ လင်လို ချင်လို့ဆိုပြီး ပီယဆေးပဲအားမကိုးနဲ့လေ ကိုယ်ကိုယ်တိုင်ကလည်း နည်းနည်းပါးပါးကမြင်းကြောထမှ လင်ရမှာ အဲလိုပဲပြောလိုက်ချင်
တယ်။
စဉ်းစားကြဘို့ အချိန်တန်နေပါပြီ တယောက်ကို တယောက် ဒေါနတောင်ကြောတလျှောက် လိုက်ပစ်သတ်ကြရုံ နဲ့ မြ၀တီ နဲ့ ကော့ကရိတ်လမ်းမတလျှောက် လိုက်ပစ်သတ်ကြရုံနဲ့ ကိစ္စပြတ်မယ်ဆိုလျင် လုပ်ကြည့်လိုက်လေ။

ပုံပြင်တပုဒ်ပြောပြမယ် တိုတိုလေးပေမယ့် အင်မတန် သင်္ခန်းစာယူဘို့ကောင်းပါတယ်။

ကျုပ်တို့ ဘိုးဘေးတွေ ခေတ်တုန်းကပေါ့ ကိုယ့်ရွာကို ကိုယ့်ဘာသာအုပ်ချုပ်နေကြရာကနေ အချင်းချင်းနားလည်မှုတွေ
လွဲပြီး ရွာသူကြီး လုပ်ချင်တဲ့ ကရင်လူကြီးနှစ်ယောက်ဟာ ဗမာတယောက်ဆီမှာ သူတို့နှစ်ယောက်ထဲက တယောက်ကို
ရွာသူ ကြီးအဖြစ်အသိအမှတ်ပြုဘို့ သွားပြောကြသတဲ့။

နဂိုလ်ကတည်းကမျှ ကရင်တွေစည်းလုံးနေတာကို ခေါင်းကိုက်နေတဲ့ဗမာက
ကောင်းပြီလေ ခင်ဗျားတို့ နှစ်ယောက်ထဲက ဗမာစကားပီပီသသ ပြောနိုင်တဲ့လူကို ရွာသူကြီးအဖြစ်အသိအမှတ်ပြုမယ် ဘာကြောင့်လဲဆိုလျင် ကရင်နဲ့ဗမာ ရေရှည်ဆက်ဆံရာမှာ ကရင်တွေအားလုံးမဟုတ်တောင်မှ ကရင်အကြီးအကဲတွေက ဗမာလိုပီဘို့လိုတယ်၊ ဒါမှ ကရင်နဲ့ဗမာဆက်ဆံရေးအဆင်ပြေချောမွေ့ပြီး ငြိမ်းချမ်းသာယာမယ်လေဗျာ၊ ခင်ဗျားတို့ သဘောတူတယ်မဟုတ်လား
အဲဒီတော့ အင်မတန်ရွာသူကြီးလုပ်ချင်တဲ့ ကရင်နှစ်ယောက်ဟာ ဗမာပြောတာကို သဘောတူလိုက်ကြရောတဲ့။
ဗမာကလည်း သူ့အစီအစဉ်အတိုင်းစ တော့တာပေါ့။

ဒါဆိုလျင် ခင်ဗျားတို့နှစ်ယောက် ဗမာလို ပန်းပန်လျင် နန်းဆန်တယ် ဆိုတာကိုပြောကြည့်ဗျာ လို့ဆိုသတဲ့
တယောက်သောကရင်က ပေါင်းပေါင်ရင်နောင်းဆောင်တယ် လို့ပြောသတဲ့၊
ကျန်တဲ့ကရင်က မဟုတ်ဘူး မပီဘူးပေါ့ သူပြောလိုက်တာက ပါးပါရေနားဆာတယ် လို့ပြောပါသတဲ့။
အဲဒီလိုနဲ့ ကရင်နှစ်ယောက် အချင်းချင်းစကားများနေတာနဲ့ စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းသာယာရေးအတွက်ဆိုပြီး ကရင်ရွာကို ဗမာကအုပ်ချုပ်လိုက်သတဲ့။
ခေါင်းဆောင်လုပ်ချင်တဲ့ ကရင်နှစ်ယောက်ကတော့ ဗမာခိုင်းတဲ့အတိုင်းလိုက်လုပ်ကြပါရောတဲ့ဗျို့။

ရွာနာတယ် ဆိုတဲ့စကား အဲဒီကနေစ ဒီကနေ့အထိ တွင်တွင်ကျယ်ကျယ် သုံးနေကြပါသတဲ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်
အောက်ပါ သတင်းဌာနများမှ သတင်းများကို မှီငြမ်းရေးသားပါသည်။



February 20, 2012 Monday Evening
Source NEWS Audio from http://www.voanews.org/burmese


February 20, 2012 Monday Evening
Source NEWS Audio from http://www.voanews.org/burmese


February 20, 2012 Monday Evening
Source NEWS Audio from http://www.voanews.org/burmese


February 20, 2012 Monday Evening
Source NEWS Audio from http://www.bbcburmese.com


February 20, 2012 Monday Evening
Source NEWS Audio from http://www.burmese.dvb.no