ဗမာစစ်အစိုးရနှင့် ကရင့်တော်လှန်ရေးတပ်တို့ကြား
အပစ်ရပ်ကာလအတွင်း တိုက်ပွဲဖြစ်ပွား
အပစ်ရပ်ကာလအတွင်း တိုက်ပွဲဖြစ်ပွား
မြန်မာအစိုးရနဲ့ ကေအဲန်ယူတို့ နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေးအတွက် ပဏာမ လက်မှတ်ရေး ထိုးအပြီး ဇန်န၀ါရီလ ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ မြန်မာစစ်တပ်ဘက်က တပ်ရင်းမှူးတဦး ကျဆုံးသွားပါတယ်။။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာကတော့ ကရင်ပြည်နယ် သံတောင်မြို့နယ်က ဘောဂရိဒေသဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်၊ အဲဒီနေရာတွေဟာ ကေအဲန်အယ်လ်အေ တပ်မဟာ ၂ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတဲ့နေရာ ဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ ကေအဲန်ယူတို့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၁၂ရက်နေ့က ဘားအံမြို့မှာအပစ်အခတ် ရပ်ဆဲရေးအတွက် ပဏာမအဆင့် လက်မှတ်ရေးထိုးအပြီးမှာ တိုက်ပွဲတွေ လျော့နည်းလာပေမယ့် တချို့ဒေသတွေမှာ တိုက်ပွဲ ကြိုကြား ကြိုကြား ဖြစ်ပွားနေပြီး အခုတိုက်ပွဲကတော့ လက်မှတ်ရေးထိုးအပြီး မြန်မာစစ်တပ်အတွက် အကြီးမားဆုံး ထိခိုက်မှုလို့ ဆိုနိုင်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားတဲ့နေ့ဟာ ကရင့်တော်လှန်ရေးရဲ့ အနှစ် ၆၃နှစ် ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။
ပဏာမလက်မှတ်ရေးထိုးပြီး ဖြစ်ပေမယ့် မြန်မာစစ်တပ်ဘက်က ရိက္ခာနဲ့တပ်အင်အား ပိုမို တိုးချဲ့လာတာကြောင့် အခုလို တိုက်ပွဲတွေ ဖြစ်ပွားရတာ ဖြစ်တယ်လို့ လည်း စစ်ရေး လေ့လာသူများက သုံးသပ်ပြောဆိုကြပါတယ်။
ကိုးကား-ကေတီ
Copy from http://ehkhaungthaunt.blogspot.com
ပဒိုစောလှငွေရဲ့ ဒီဗွီဘီ ကိုပြောကြားချက်