• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 7, 2012

ယနေ့ရုပ်ရှင်နှင့် ရုပ်ရှင်ဒါရိုက်တာအမြင်

ထက်မိုးမြတ်ဦး(လှယဉ်ကျေးမယ်)
Source Photo from http://www.news-eleven.com

ယနေ့ရုပ်ရှင်နှင့် ရုပ်ရှင်ဒါရိုက်တာအမြင်

January 07, 2012 Tuesday

ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ဒီနေ့ညနေမှာကျင်းပ မယ်ဆိုတာသိရပါတယ်။ ဘယ်သူတွေရနိုင်တယ်ဆိုတာကို မသိနိုင်ကြရပေမယ့် အကယ်ဒမီဗန်းကိုင်ဆိုတာတွေကိုတော့ ရွေးခြယ်ပြီးသွားပါပြီ၊ အကယ်ဒမီဗန်းကိုင်ဆိုတာ ကျုပ်တော့ မကြားဘူးပါဘူး။
နားလည်သလောက်ပြောရမယ်ဆိုလျင် ကျုပ်တို့ ငယ်ငယ်တုန်းက ရှင်ပြုတဲ့အခါ မောင်ရင်လောင်း(ရှင်လောင်း)လှည့်တော့ ကွမ်းတောင်းကိုင် ပန်းတောင်းကိုင်ဆိုတာမျိုးလို့ထင်တာပါပဲ။
အကယ်ဒမီဆုကို တောင်းထဲထည့်လို့မှ မဖြစ်တာ၊ အဲဒီတော့ ဗန်းထဲထည့်ရတာဆိုတော့ ဗန်းပဲကိုင်ရမှာလေဗျာ ဒါကြောင့် အကယ်ဒမီဗန်းကိုင်လို့ ခေါ်တာဖြစ်မှာပါ။



အမည်ရင်း -ယုသန္တာတင်
Source Photo from http://www.news-eleven.com

ဘယ်လိုပဲဖြစ်ဖြစ် ဗမာစစ်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာန စွမ်းဆောင်မှုကြောင့် ဗမာ့ရုပ်ရှင်လောကမှာ ရင်ရှုပ် စရာတွေက အများသား။ အခုပဲကြည့်လေ ဗမာဗွီဒီအို ခေတ်ကုန်တော့မယ် ပျက်ဆီးနေပြီဆိုပါလား။ လမ်းဘေးကခိုးကူး ခွေတွေကို ပြည်သူ့ရဲက ဖမ်းဆီးမပေးနိုင်ဘူးတဲ့ ညစ်ညမ်းခွေနဲ့ ခိုးကူးခွေ ဒိုင်ကြီးတွေကိုပဲ ဖမ်းမယ်ပြောနေတယ်လို့ဆိုပါတယ်။

အမည်ရင်း- ခင်ရတနာစိုး
Source Photo from http://www.news-eleven.com

အကယ်ဒမီရဘို့ တစ်ပြေးနေတာက ပြေတီဦးဆိုပဲ။ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုတဲ့ရုပ်ရှင်ကားကိုရိုက်တဲ့ မင်း သားဖြစ်ပါလိမ့်မယ်၊ စစ်အစိုးရခေတ်ဆိုတော့ အနုပညာရှင်အတော်များများ ခမျာ မလုပ်ချင်မကိုင်ချင် သရုပ်မ ဆောင်ချင်ပဲ ရုပ်ရှင်ဇာတ်ကားတွေရိုက်ပေးရ၊ သီချင်းဆိုပေးရ၊ စာတွေရေးပေးရ၊ ကဗျာတွေရေးကြရနဲ့ ကြာလေ ကိုယ့်အရည်အချင်းတွေ လုံးပါးပါးကုန်ကြတာပါပဲလားလို့ တွေးမိသေး။

အမည်ရင်း - ၀င့်လဲ့နု
Source Photo from http://www.news-eleven.com

ကျုပ်ကော ဗမာစစ်အစိုးရအကြိုက် လုပ်ပေးခဲ့ရဘူးသလားလို့ မေးချင်လား။ လုပ်ဘူးတာပေါ့ဗျာ ဦးနေ၀င်းခေတ် မှာလေ ၁၉၄၇ ဥပဒေကို ၁၉၇၄ ဆိုတာနဲ့အစားထိုး ပြောင်းတဲ့အချိန်မှာ ကျိုက္ကဆံကွင်း(မြင်းပြိုင်ကွင်း)အခုတော့ ဘယ့်နှယ်ခေါ်တယ်မသိဘူး အဲဒီမှာကြိုဆိုထောက်ခံပါကြောင်း ဆိုပြီး ဘာတွေပြောလို့ပြောမှန်းမသိပဲ ကွင်းထဲ မှာ မနက် ၉း၀၀နာရီကျော်ကျော်လောက်ကနေ ညနေ ၂း၀၀ကျော်ကျော်အထိ ဘာမျှမစားမသောက်ရပဲ နေပေး ခဲ့ရဘူးတယ်။


အမည်ရင်း - ထိုက်ဆုဝင်း
Source Photo from http://www.news-eleven.com


အမည်ရင်း - အိနြေ္ဒဘုန်းမြင့်
Source Photo from http://www.news-eleven.com

အဲဒီတုန်းက ကျုပ်က မူလတန်းကျောင်းသားပေါ့ဗျာ။ မဲတောင်ပေးခွင့်မရှိသေးဘူး။ အဲဒီလိုအခြေအနေမျိုးကနေ လူလားမြောက်ခဲ့ကြရတဲ့ လူတွေရဲ့အခြေအနေကို စမ်းစစ်ကြည့်လိုက်မယ်ဆိုလျင် ဘယ်လောက်ပဲ ဒီမိုကရေစီ ကိုချစ်ပါတယ်ပြောပြော စစ်အစိုးရရဲ့ အတွေးအခေါ်တွေကိုတော့ လုံးလုံးလျားလျား ပယ်ဖျက်နိုင်ကြမယ် မထင် ဘူး။
ဒါက အအုပ်ချုပ်ခံ လူထုကိုပြောတာ၊ အုပ်ချုပ်တဲ့သူတွေနဲ့ လည်ပင်းဖက်လူလုပ်နေတဲ့လူတွေသာဆို ဘယ်ပြော ကောင်းမလဲဗျာ။ အဲဒီလိုစနစ်ကြီး ပျောက်ပျက်ဘို့မပြောနဲ့ နည်းနည်းလေးမျှ အခြေယိုင်သွားမှာကို လိုလားကြ တာမဟုတ်ဘူး။


အမည်ရင်း - သဲစုနိုင်
Source Photo from http://www.news-eleven.com

ဒီတော့ ဒီစနစ်ရေရှည်တည်တံ့အောင် နည်းလမ်းပေါင်းစုံနဲ့ မီးကုန်ယမ်းကုန်ကို ကြိုးစားနေတယ်ဆိုတာ ဒီကနေ့ သူတို့လုပ်ရပ်တွေက သက်သေပြနေတာပဲမဟုတ်လား။ ပြောင်းလဲနေတယ်လို့ ပြောတဲ့သူတွေကို ကြည့်လိုက် တော့ သူတို့ဘာတွေမြင်လို့ အခုလိုပြောနေတာလဲဆိုတာ ကျုပ်ဖြင့်တွေးတောင် မတွေးတတ်ဘူး။ အံ့ရော။
ရုပ်ရှင်လောက,က အနုပညာရှင်နှစ်ယောက်ရဲ့ အမြင်လေးကို ခံစားကြည့်ကြပါ။

အမည်ရင်း - သဲနော်ဇာ
Source Photo from http://www.news-eleven.com

ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)



အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမြင့် (ရင်တွင်းဖြစ်) နှင့် ဘီဘီစီ ဆက်သွယ်မေးမြန်းချက်
January 07, 2012 Tuesday Morning
Source Audio from http://www.bbcburmese.com

ဒါရိုက်တာ ကြည်စိုးထွန်း



ဒါရိုက်တာ ကြည်စိုးထွန်းနှင့် ဒီဗွီဘီ ဆက်သွယ်မေးမြန်းချက်
January 07, 2012 Tuesday Morning
Source Audio from http://burmese.dvb.no