
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား
စည်းလုံးညီညွတ်ရေး တည်ဆောက်
February 6, 2012
by နန်းမြနဒီ
ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးပွဲတခု ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစိုးရနဲ့ အပစ်ခတ်ရပ်ပြီးရင် ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေကြား အချင်းချင်း ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတာနဲ့ ပတ်သက်ပြီးတွေ့ကြတာလို့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြည်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။
“ကျနော်တို့အနာဂတ်မှာဆိုရင် ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း ကရင်အဖွဲ့အစည်း အသီးသီးအားလုံး
က တဖွဲ့တည်းဖြစ်ဖို့ လိုအပ်တယ်။
အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဘယ်လိုသွားကြမလဲ၊ နိုင်ငံရေးပြဿနာတွေ ဘယ်လိုဖြေရှင်းကြမလဲ၊ အဲဒီလက်နက်
ကိုင် အဖွဲ့အစည်း ကြားထဲမှာကို နားလည်မှုရှိအောင် နားလည်မှုရှိရှိနဲ့ ဘယ်လိုရှေ့ဆက်ပြီးတော့မှ အဲဒီဒေသဖွံ့ဖြိုးရေး
နဲ့ တည်ငြိမ်အေးချမ်းရေး၊ နောက်လိုချင်တဲ့ပန်းတိုင်တွေ နိုင်ငံရေးပန်းတိုင်တွေ ရောက်အောင် လုပ်ဆောင်ဖို့
ရည်ရွယ်ချက်ရှိတာပေါ့လေ။”
ဒါ့အပြင် ဒေသဖွံ့ဖြိုးရေး၊ အစိုးရနဲ့ ဆွေးနွေးရင် ပါဝင် ဆွေးနွေးသင့်တဲ့ အကြောင်းအရာနဲ့ စီးပွားရေးနယ်မြေတွေ အကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဆွေးနွေးပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ရွာမှာ မနက် ၁၀ နာရီကနေ အချိန် ၂ နာရီလောက် တွေ့ဆုံခဲ့ကြတာပါ။
တိုးတက်သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ကေပီအက်ဖ်) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ) စတဲ့အဖွဲ့က ကိုယ်စားလှယ်တွေ စုစုပေါင်း ၃၀ လောက် တက်ရောက်ခဲ့တယ်လို့ ဗိုလ်မှူး စောလုံ့လုံက ဆက်ပြောပါတယ်။
အခု ဆွေးနွေးပွဲဟာ အလွတ်သဘောဖြစ်ပြီး နားလည်မှုနဲ့စည်းလုံးညီညွတ်မှုတွေ ရပြီးရင်၊ အခြေအနေတွေ ပြည့်စုံလာတဲ့ တနေ့ တရားဝင် ဆွေးနွေးပွဲ ကျင်းပဖို့လည်း အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်လက်နက်ကိုင်အဖွဲ့တွေသာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ ကရင်လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး၊ နိုင်
ငံရေး အဖွဲ့အစည်းတွေပါ အားလုံးပါဝင်နိုင်တဲ့ ကရင်အမျိုးသား ညီလာခံကြီး ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။
အခုတွေ့ဆုံခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အစိုးရနဲ့ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုး
ခဲ့တဲ့ ဒီကေဘီအေ (ကလိုထူးဘော)၊ ၂၀၁၂ ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပဏာမတွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်ရေး သဘောတူခဲ့တဲ့ ကေအန်ယူအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတို့ ဖြစ်ပါတယ်။
DKBA မှ ဗိုလ်မှူး စောလုံ့လုံ နှင့် DVBမြန်မာပိုင်းဌာန တို့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ
January 06, 2012 Sunday evening
Copy from http://burmese.dvb.no