(မင်းစိုးစံ)
January 08,2012 Wednesday
ကျုပ်တို့ရဲ့ခေါင်းဆောင် တပ်မဟာ၇ တပ်ရင်းမှူးဟောင်းဗိုလ်ချုပ်ထိန်မောင်ရဲ့ နှစ်သစ်ကူးသ၀ဏ်လွှာထဲက အ ချက်တချို့ကိုကောက်နှုတ်ရလျင် ကျုပ်တို့ဟာ ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတဲ့ အဖွဲ့ဖြစ်တာကြောင့် ဗ မာစစ်တပ်ကိုလည်း မတိုက်ဘူး၊ ဘယ်ကရင်စစ်တပ်ကိုမျှလည်း မတိုက်ခိုက်သလို ဘယ်တိုင်းရင်းသားလူမျိုး တွေရဲ့ စစ်တပ်ကိုမျှလည်း မတိုက်ခိုက်ဘူးဆိုတာပါတယ်ဗျ။
သ၀ဏ်လွှာဖတ်ကြားသွားသည်ကို အပြည့်အစုံနားဆင်ကြည့်ရှုနိုင်ပါသည်။
၂၇၅၀ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခန်းအနား
(ထို့ကိုကိုးကျေးရွာတွင် ပြုလုပ်ကျင်းပသည်)
၂၇၅၀ပြည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခန်းအနား
(ထို့ကိုကိုးကျေးရွာတွင် ပြုလုပ်ကျင်းပသည်)
ကျုပ်မသိလို့မေးပါရစေ၊ တကယ်မသိလို့ပါ။ လူကြီးမင်းတို့ KNU ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက် လိုက်တာက စစ်ကိုမျက်မုန်းကျိုးလို့ စစ်ရဲ့ဆိုးကျိုးတွေကို မမြင်ချင်လို့ စစ်မတိုက်ချင်လို့ခွဲထွက်တာပါလို့ ဆိုလိုချင်တာလား။
ကျုပ်တို့ ကရင်လူမျိုးတွေရဲ့ လူမဆန်အောင် ဖိနှိပ်ခံရမှုတွေ ဆင်းရဲဒုက္ခတွေ မျက်ရည်တွေ ပူပင်သောကတွေ သွေးတွေဟာ KNU/KNLA-pc ရဲ့ ဖိနှိပ်ခံရမှု ဆင်းရဲမှု မျက်ရည် သွေး သောက တွေဖြစ်တယ်ဆိုတာတွေပါပါနေလေတော့ ဘယ်သူ့ကို မျှမတိုက်ခိုက်ရုံနဲ့ ကျုပ်တို့ကရင်လူမျိုးတွေ လက်ရှိခံစားကြုံတွေ့နေရတဲ့ အဖြစ်ဆိုးက အ မှန်တကယ် လွတ်မြောက်တယ်
လို့ ယုံကြည်ထားလျင် KNU ကရင်အမျိုးသားအစည်းအရုံးကနေ အခုလိုခွဲထွက်သွားစရာ မလိုပါဘူးဗျာ။
လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကို ကျင့်သုံးနေတဲ့ KNU က ဘုရားကျောင်းတဆောင်လောက်တော့ဆောက်ပေးမှာပါ။
ကျုပ်တို့ တောခိုပြီးတော်လှန်ရေးလုပ်နေတာပါ၊ ဘိန်းချက်တာမဟုတ်ဘူး၊ ထာဝရဘုရားသခင်ရဲ့ နိုင်ငံတော်မှာ နားခိုဘို့လုပ်တာမဟုတ်ဘူး၊ နအဖပြောသလို စောက်လုပ်စောက်ကိုင်မရှိလို့ သေနတ်ကိုင်တာမဟုတ်ဘူး၊ ထ မင်းငတ်လို့ တော်လှန်ရေးလုပ်နေကြတာမဟုတ်ဘူး။
ပြည်သူလူထုအကျိုးယုတ်စေတဲ့အရာ ဆိုးကျိုးဖြစ်စေမယ့်လုပ်ရပ်တွေကိုလုပ်နေတဲ့ ဘယ်သူမဆို ဗမာပဲဖြစ်ဖြစ် ကရင်ပဲဖြစ်ဖြစ် မွန်ပဲဖြစ်ဖြစ် ရှမ်းပဲဖြစ်ဖြစ် ဘယ်လိုလူမျိုးဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ် ဖြစ် ဘယ်အချိန်ပဲဖြစ်ဖြစ် အချိန်မရွေး နေရာမရွေး လူမျိုးမရွေး အဖွဲ့အစည်းမရွေး တိုက်ရမှာပဲ၊ တိုက်တယ်ဆို တာ
ကောင်းသလား မကောင်းဘူးလား။
တိုက်တဲ့ရည်ရွယ်ချက်အပေါ်မူတည်ပါတယ်။
ကိုယ့်ဆန္ဒအတိုင်းမဖြစ်လို့ တိုက်တာလား၊ အားလုံးကောင်း ဘို့အတွက် တိုက်မှာလား၊ ကျုပ်က အတန်းပညာမတတ်တော့ ဟိုကျမ်း ဒီကျမ်းတွေနဲ့ရှင်းပြနိုင်စွမ်းမရှိပါဘူး။ ဒီအတွက်နားလည်ပေးပါ။
ကျုပ်ဖြတ်သန်းလာတဲ့ အခြေအနေပေါ်ကရလာတဲ့ အတွေ့အကြုံလေးနဲ့ရှင်းပြချင်ပါတယ်၊ ရိုးရိုးလေးဆိုတာ ထက် လူပြိန်းတွေနားလည်တဲ့ ပုံသဏ္ဍန်တွေနဲ့ ရှင်းပြပါရစေ။ (ကျုပ်ကလူပြိန်းမို့လို့ပါ)
အများတကာ အသွား အလာလုပ်နေတဲ့ လမ်းပေါ်မှာ ငုတ်တွေရှိတယ်ဆိုပါစို့ လူသွားလမ်းမှာ ငုတ်တွေနည်းသွား
အောင် ငုတ်တွေမရှိ အောင် လုံးဝပျောက်သွားအောင် လုပ်တဲ့နေရာမှာ နည်းမျိုးစုံသုံးရတဲ့အတွက် မြင်သမျှငုတ်တွေ
ကို ခြေထောက်နဲ့ လိုက်ပိတ်ကန်ပစ်နေလို့မရပါဘူး။
တူရွင်းလို၊ ပုဆိန်လို၊ ပေါက်တူးလို၊ ဓါးမကြီးလို ပေါက်ချွန်း ပေါက်ပြား ဂေါ် ပြား အဲဒီလိုအမာတွေနဲ့ သုံးသင့်လျင် သုံးရပါတယ်။
ခြေထောက်နဲ့ကန်တာ ခြေထောက်လည်းနာတယ် အင်မတန်ရိုင်းစိုင်းပြီး သူ့ဘက်ကိုယ့်ဘက် ဘာအကျိုးမျှမရှိ ဘူး၊ ဒီတော့မျက်ရည်ခံထိုးပြီး ငုတ်တွေအားလုံး ငါတို့လျှောက်နေတဲ့ ဒီလမ်းကဖယ်ပါ၊ ငါတို့ခြေဖ၀ါးတွေ ပွန်းပဲ့ စုတ်ပြတ်
နေပါပြီ သွေးစိမ်းရှင်ရှင်ထွက်ပြီး ဒုက္ခွရောက်နေတာ ကမ္ဘာကသိပါတယ် ဒီမှန်သောသစ္စာစကားကြောင့် ငုတ်အကြီး
ငုတ်အလတ် ငုတ်အငယ်အားလုံး ပယ်ရှင်းပါစေသားလို့ ဆုတောင်းလို့လည်း မရနိုင်ပါဘူး။
အဲဒီလိုပဲ စားပြီးသားအိုးခွက်ပန်းကန်တွေကို စင်ကြယ်အောင် လုပ်တဲ့အခါမျိုးမှာ တိုက်ချွတ်ဆေးကြောရပါတယ် သစ်ငုတ်တွေကို ရှင်းလင်းတဲ့ ပုဆိန်တွေ သံတူရွင်းတွေနဲ့လုပ်လို့မဖြစ်ပါဘူး ဖွဲပြာလို ဆပ်ပြာလို ရေလို အရာမျိုး နဲ့ တိုက်ချွတ်ပြီးဆေးကြောပစ်ရပါတယ်။
ကျုပ်တို့ကရင်ပြည်သူတွေအပါအ၀င် ပြည်ထောင်စုမြန်မာနိုင်ငံအနှံ့မှာရှိနေကြတဲ့ တိုင်းရင်းသားပြည်သူလူထုတ ရပ်လုံး ရဲ့ဘ၀ တိုးတက်သာယာချမ်းမြေ့မှုဆိုတဲ့လမ်းပေါ်မှာ ဗမာစစ်အစိုးရက သစ်ငုတ်တွေနဲ့တူတဲ့ မတရားတဲ့ နည်းနဲ့အုပ်ချုပ် ပိတ်ဆို့ထားသလို ပြည်သူတွေရဲ့အနာဂတ်ဘ၀ကို ညစ်ပတ်ပေရေနေတဲ့အိုးခွက်ပန်းကန်တွေနဲ့ တထပ်တည်းဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။
ကျုပ်အမြင်ကတော့ စစ်ရေးအရ ဖိနှိပ်လာလျင် ခုခံနိုင်ရပါမယ်၊တဘက်က ကာယဗလနဲ့အနိုင်ယူလာလျင် ကျုပ် တို့မှာ ကာယဗလ ပြည့်စုံဘို့လိုပါတယ်၊ နိုင်ငံရေးအရ ဖိနှိပ်လာလျင် ပြန်လည်တုန့်ပြန်နိုင်ရပါမယ်၊ ကျုပ်တို့ကို ဥာဏဗလနဲ့ စော်ကားမော်ကားလုပ်လာလျင် ကျုပ်တို့မှာ ဥာဏဗလ ပြည့်ဝရပါမယ်။
ကျုပ်တို့ဘာတွေလုပ်ထားပြီးပြီလဲ။ ကျုပ်ထင်တာကို မစဉ်းစားမဆင်ခြင်ပဲပြောလိုက်မယ်ဗျာ၊(အားမနာတမ်း)
စောစောတုန်းက ဗိုလ်ချုပ်ထင်မောင်ပြောသလို ဘယ်သူ့ကိုမျှ မတိုက်ဘူးဆိုတာ ဘာမျှမပြင်ထားဘူးဆိုတာကို ပြနေ
တာပေါ့ ဟုတ်လား။
ဘယ်ဘက်ပါးကိုရိုက်လို့ ညာဘက်ပါးထိုးပေးလိုက်မယ်ဆိုတဲ့ အတွေးမျိုးလေးနဲ့တော့ ခေါင်းဆောင်မလုပ်ပါနဲ့ဗျာ ရင်နာလွန်းလို့ပါ။
ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့အားလုံးဟာ ကရင်ပါ၊ အိမ်ရှေ့ပူလျင် အိမ်နောက်မချမ်းသာသလို လက်ဖျားဆိပ်လျင် လက်ထိပ်နာပြီးသားဆိုတာ သိအောင်လို့ ရည်ရွယ်ရေးသားတာပါ ကိုယ့်ခေါင်းဆောင်ကို စော်ကားလိုတဲ့စိတ် ပမာမခန့်တဲ့စိတ် အထင်သေးတဲ့စိတ်နဲ့ ရေးတာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကရင်ခေါင်းဆောင်တွေအားလုံးဟာ အတူတကွနေထိုင်ခဲ့ကြစဉ်ကာလတလျှောက်လုံး ကရင်ပြည်သူလူထုအတွက် အကောင်းဆုံး ကိုယ်ကျိုးစွန့်အနစ်နာခံစွန့်လွှတ်ပေးဆပ်ခဲ့ကြသူတွေဖြစ်ခဲ့ကြလို့ပါ။
အားလုံးကို လေးစားပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)







